ကဗျာမမှီ စာမပီ
ပျိုရွယ်စဉ် အချိန်အခါ
ထားရှိတဲ့မာန နှလုံးသားမှာပေါ့
အဲ့ဒီအချိန်လေးတွေက တိုတိုလေးရယ်
ဘာဆိုဘာမှ အဖတ်တင်အောင်
မလုပ်လိုက်ရဘဲ ကုန်လွန်ခဲ့ရတယ်လေ
မှတ်သား သင်ယူ နားလည်ခဲ့တဲ့
ဦးနှောက်ထဲက အသိဥာဏ်တွေ
တွေးတောကြံဆခဲ့တဲ့ နားလည်မှုတွေ
အချိန်တွေပြောင်းလာတော့
ရင့်ကျက်ခြင်းလား ကျွမ်းကျင်ခြင်းလား
ဘယ်လို အမည်တပ်ရမယ်မသိ
ကံတရားတွေက လှပဆန်းကြယ်တယ်
အဆင်ပြေသူတွေအတွက် လှပနေမယ်
အဆင်မသင့်သူတွေအတွက်တော့
တကယ်ကို ဆန်းကြယ်လွန်းပါတယ်
လိုက်လို့ မမှီနိုင်တဲ့ ထွက်သွားသော
ရထားတစ်စင်းနောက်က
မျှော်ငေးမိတဲ့ နောင်တတွေလား
ဖြစ်သလိုနေခဲ့တာလား
နေသလိုဖြစ်ခဲ့တာများလား
ဘာဖြစ်ဖြစ်ပေါ့ ငါ့အသက်တော့
တဖြည်းဖြည်းကြီးလာပြီ
ဦးနှောက်နဲ့ နှလုံးသားဖွံ့ဖြိုးမှုတော့
တကယ် မဆန်းစစ်ရဲသေးဘူး
အပျော်အပါးမက်တဲ့သူ
ဆေးစစ်ချက် စာရွက်လေး
ဖတ်မကြည့်ရဲတဲ့ခံစားချက်လိုပါဘဲ
တစ်ချိန်မှာတော့ ပြီးသွားမှာပါ
တင်းနေတာတွေ
အလိုမကျတာတွေ
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း
တကယ်ကိုပြီးဆုံးသွားရမှာ
ဘယ်အချိန်ပြီးဆုံးသွားတယ်တောင်
ကိုယ်ကိုတိုင် မသိလိုက်ရဘဲ
တစ်ခန်းရပ်သွားမှာပါဘဲ
သိတော့သိတယ် ဒါပေမယ့်လေ..........

Author : @bobokyaw
Photos credit; Google Image
ရင့်တယ်ပဲပြောပြော ကျက်တယ်ပဲဆိုဆို
ရင်ကျက်ခြင်းလို့ပဲအမည်တတ်တက်
ဆန်းကျယ်လွန်းလှတဲ့ ကံတရား
လိုက်လို့မမှီနိုင်တဲ့ ရထားတစ်စင်း
ငေးမောနောင်တရနေလို့ အကြောင်းမထူး
အချိန်တွေက စကားပြောသွားပါလိမ့်မယ်ဗျာ
စကားတက်နောက်ကျတယ်ဆို ခက်ဦးမယ်
You got a 3.47% upvote from @postpromoter courtesy of @mm7!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks you.
အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်ဗျာ