ခရီးများ အဆုံးထိလျှောက်

in #busy8 years ago (edited)

@bobokyaw.jpg

ခရီးများ အဆုံးထိလျှောက်
နာရီကို ကြည့်မိတော့ အချိန်တောင် အတော်လင့်နေပါပြီကော.........
ညတစ်နာရီဆိုတာ တကယ်တော့ အတော်နောက်ကျနေပြီ ဒီအချိန်ရောက်မှဘဲ စတီးမစ်ပေါ်တက်လာနိုင်ပါတော့တယ်
ဒီနေ့အတွက် စာကောရေးနိုင်ပါဦးမလာ စိတ်ပူမိတယ်။ အိပ်ချင်စိတ်ကလည်း တားမနိုင်ဆီးမရ ဖြစ်လို့နေလေပြီ
ဒီနေ့တစ်ရက်တည်းနဲ့တော့ ဘာမှမထူးပါဘူး နောက်ရက်မှ ရေးလဲရတာဘဲ ဒါမှမဟုတ်လည်း မနက်ဖန် နှစ်ပုဒ်ပေါင်း
ရေးဖြစ်နေတာဘဲကို အဲ့သလို တွေးမိပါတယ်။ မရပါဘူး လုံးဝမရပါဘူး ခွင့်ပြုပေးလို့ မဖြစ်ပါဘူး ဒီနေ့လုပ်ရမည့်အလုပ်ကို
ဒီနေ့ ပြတ်အောင်ဖြတ်ရပါမယ်။

စတီးမစ်ကို ကိုယ်က စောင့်နေပေမယ့် စတီးမစ်ကြီးက ကိုယ့်ကို မစောင့်ပါဘူး
နောက်ကျလို့မဖြစ် တစ်ရက်ဆိုလည်း တစ်ရက် တစ်ပုဒ်ဆိုလည်း တစ်ပုဒ် သိသာပါတယ် နောင် တစ်ချိန်မှာ အခက်အခဲ
မဖြစ်စေချင်ပါဘူး။ အိပ်ချင်စိတ်တို့အား အနိုင်ယူလျှက် မဖြစ်ဖြစ်အောင် ရေးမည်ဟေ့ ဟု ဆိုကာ တက်လာခဲ့ခြင်းဖြစ်
ပါလေသည်။

ဒီနေ့အတွက်ကတော့ ဆေးလိပ်အကြောင်းဘဲ ရေးပါဦးမည်။ ဒီနေ့နဲ့ဆိုလျှင် ငါးရက်မြောက်သောနေ့ဖြစ်သည်။
ထူးခြားဖြစ်စဉ် အခြေအနေတော့ မရှိပါဘူး။ နေသာ ထိုင်သာလည်း ရှိပါတယ်။ အခြေအနေက တဖြည်းဖြည်း တိုးတက်
နေပါတယ် ဆေးလိပ်ကို မကြာခင် မေ့လို့ရတော့မည်ဖြစ်တယ်ဆိုတာ အလိုလို သိနေပါပြီ
ဆေးလိပ်ဖြတ်ပြီးကာမှ ဆေးလိပ်အကြောင်းအရာတော်တော်များများ လိုက်ဖတ်ဖြစ်ပါတယ်။ အတော်များပါတယ်
ဆေးလိပ်အကြောင်းတွေ နေ့တိုင်း ရေးရင်တောင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ဆေးလိပ်နဲ့ ပါတ်သက်ပြီး ရေးစရာတွေ
တစ်ပုံတစ်ပင် သွားတွေ့ရပါတယ်။ မဆိုးဘူး နောက်ရက်တွေလည်း ဆေးလိပ်အကြောင်းဘဲ လှည့်ပါတ်ရေးပါဦးမယ်

ဆေးလိပ်ဖြတ်တယ် ဆေးလိပ်ဖြတ်တယ်ဆိုတာ အပြောလွယ်ပါတယ် လုပ်ကြည့်ရင်တော့ အတော်ကိုခက်ခဲတဲ့
အလုပ်တစ်ခုဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့ နည်းလမ်းတွေလည်း များစွာရှိပါတယ်။ လေ့လာကြည့်မိသလောက်
လုပ်ကြည့်ဖူးသလောက် ကိုယ်တွေ့စာတွေ့ တွေအရဆိုရင် ဆေးလိပ်ဖြတ်တာမှာ ပုံသေနည်း မရှိပါဘူး ရှိလည်းမရှိနိုင်ပါဘူး
ဘာလို့လဲ ဆိုတော့ကား ဆေးလိပ် စွဲလမ်းခြင်းဟာ တစ်ဦးနဲ့တစ်ဦး တူညီသော အခြေအနေ ရှိနေသော်လည်း စိတ်ခံစား
ချက်တွေက တူညီမနေနိုင်တာက အခြေခံအချက်ပါဘဲ။ ဆေးလိပ်ဖြတ်တဲ့အခါ စိတ်နဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်သက်ဆိုင်လို့
နေပါတယ်။

အချို့ မိတ်ဆွေတွေ တွေ့ဖူးတယ် သူတို့ ဆေးလိပ်ကို အလွယ်တကူဖြတ်နိုင်ကြတယ်။ နောက်မိတ်ဆွေတစ်ယောက် သူကတော့
သေသာသွားတယ် ဆေးလိပ်ပြတ်မသွားပါဘူး။ သူဖြတ်နေတာ ခဏခဏပါဘဲ။ သူပြောပြတာတော့ ငါဆေးလိပ်ဖြတ်တာ
အကြီမ် တစ်ရာကျော်နေပြီတဲ့ ဆေးလိပ်ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေတာတဲ့ ဘယ်တော့မှ ပြီးပြတ်တယ်
မရှိခဲ့ဘူးတဲ့ ဒါကြောင့် ဆေးလိပ်ဖြတ်ချင်လို့ ကြိုးစားတဲ့အခါတွေဆို၇င် ငါဆေးလိပ်ဖြတ်နေတယ် ဖြတ်လိုက်ပြီ မပြောရဲဘူးတဲ့
ဘာလို့လဲဆိုတော့ ရှက်လို့ပါကွာတဲ့ ငါဆေးလိပ်ဖြတ်တယ်ပြောရင်လည်း ဘယ်သူမှ မယုံဘူးတဲ့။ ပြန်ပြန်သောက်တာကို သူတို့
သိနေတော့ နောက်လည်း သောက်မှာပါဘဲလို့ အမြဲပြောတယ်တဲ့။ ဒါကြောင့် ငါဆေးလိပ်ဖြတ်ဖို့ကြိုးစားရင် ဆေးလိပ်ဖြတ်
နေတယ် မပြောတော့ဘူးတဲ့ ဆေးလိပ်သောက်တာ နားထားတယ်လို့ ပြင်ပြောတယ်ဆိုဘဲ။

ဆေးလိပ်ဖြတ်တယ်ဆိုတာ ခရီးတစ်ခု သွားရတာနဲ့ တူသလိုရှိပါတယ်။ အချို့က အလွယ်တကူရောက်တယ် အချို့က
ခက်ခက်ခဲခဲသွားရတယ်။ အချို့က ပင်ပန်းဆင်းရဲစွာ သွားရတယ် ။ အချို့က ခဏလေးနဲ့ရောက်တယ်။ အချို့ အချိန်
အတော်ကြာမှရောက်တယ် အများစုကတော့ အဲ့ဒီခရီးကို စဘဲစတယ် အဆုံးထိမရောက်ကြဘူး။
ကိုယ့်အတွက်တော့ နောက်ဆုံးအချက်ကို ကျော်လွှားဖို့လိုတယ်။ ခရီးများ အဆုံးထိလျှောက်ရပါလိမ့်မယ်။
အကြောင်းပြချက်ကောင်းလည်း ကိုယ့်မှာရှိတယ်။ မင်းဘာလို့ ဆေးလိပ်ဖြတ်တာလဲ မေးခဲ့မယ်ဆိုရင်တော့ အဖြေက
အသင့်ပါဘဲ။ ကျွန်တော် စတီးမစ်ကြီးနဲ့ အချိန်များစွာ အတူရှိနေချင်မိတယ်.........................
@bobokyaw

Sort:  

ဆေးလိပ်ဖြတ်ရင်း ကွမ်းစွဲသူများတွေ့ဘူးတယ်
အိုကေ ဗိုလ်ဗိုလ်ရေ ကျော်ဖြတ်နိုင်ပါစေ...
ခရီးအဆုံးထိလျှောက်နိုင်ပါစေ...

ဟုတ်တယ် အစ်ကိုကြီး
ကျွန်တော်လည်း အဲ့ဒီလိုဖြစ်သွားတာ
အခုဆေးလိပ်ကို အပြီးတိုင်ဖြတ်နေပါပြီ
ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရေ

ဆေးလိပ်ဖြတ်နိုင်တာကိုဂုဏ်ယူပါသည်

ဟုတ်ကဲ့ ကြိုးစားနေပါတယ် အစ်မရေ
ကျေးဇူးတင်ပါတယ် ခင်ဗျ

You got a 7.30% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

You have recieved a free upvote from minnowpond, Send 0.1 -> 10 SBD with your post url as the memo to recieve an upvote from up to 100 accounts!

Promoted bro. Thanks. စက်တင်ဘာလဆန်းမှာ ဘာတွေဖြစ်လာမလဲဆိုတာပဲ သိချင်မိတယ်။

You got a 9.96% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

bro ရဲ့ ကြိုးစားအားထုတ်‌မှု ကို ‌လေးစားတယ်‌ဗျာ။အစ်‌ကိုက တစ်‌‌နေ့ တစ်‌ပုဒ်‌ တင်‌နိုင်‌တာ ချီးကျူးပါတယ်‌။‌အောင်‌ မြင်‌ပါ‌စေ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.080
BTC 61943.49
ETH 1656.22
USDT 1.00
SBD 0.47