Housefly - ယင်ကောင်တို့ရဲ့ထူးခြားစွမ်းရည်

in #myanmar7 years ago

ဘသဘသ.jpg

ယင်ကောင်တွေအတွက်လိုအပ်သောအဟာရမှာ ပရိုတိန်းဓာတ်နှင့် သကြားဓာတ်တို့ဖြစ်ပါသည်။ သို့သော်ယင်ကောင်တို့သည်
သကြားဓာတ်ကိုပိုမိုနှစ်သက်ကြပါသည်။ယင်အမများသည်သူ့အသက်ခြောက်ရက်မှခုနှစ်ရက်ခန့်အထိတော့ပရိုတိန်းဓာတ်
ပါသောအစားအစာများကိုရွေးချယ်စားသောက်ကြပါသည်။ သူ့ရဲ့ဥများအတွက်ပရိုတိန်းဓာတ်သည်အလွန်လိုအပ်သောအရာဖြစ်
ပါသည်။သူတို့အတွက်အခြေခံလိုအပ်ချက်ကတော့အရည်ဒါမှမဟုတ် အရည်ပျော်နိုင်သောအစားအစာဖြစ်ရန်သာဖြစ်လေသည်။သကြားခဲ
များ သကြားပွင့်များ သကြားရည်များ ကြေညက်နေသောအာလူး အမဲဆီ စသဖြင့် သူတို့အတွက်မာကျောသည့်မျက်နှာပြင်
များကိုရှာဖွေတွေ့ရှိသောအခါတို့တွင်ယင်ကောင်တို့သည် ထိုအစားအသောက်ပေါ်တွင် သူ့ရဲ့တံတွေးဖြင့်အရင်ဦးစွာထွေး
ပါလေတော့၏။သူ့တံတွေးနှင့်ထိသောအစားအစာသည်ချက်ချင်းပင်အရည်ပျော်သွားစေပါသည်။ထို့နောက်တွင် သူ့ရဲ့
လေစုတ်ကိရိယာနှင့်တူသော ကတော့ပါသည့် နှာမောင်းကြီးဖြင့်အရည်ပျော်သွားသော အရာများကို ဖြည်းညင်းစွာပင်
အရသာခံပြီး စတင်စားသောက်ပါသည်။စုပ်ယူစားသောက်ပါသည်။
housefly-9.jpg
ယင်ကောင်တို့စားသောက်ခဲ့ရာနေရာတိုင်းတွင် သူတို့ရဲ့အန်ဖတ်အစ အနများစွာသည်ကျန်ရစ်လို့နေခဲ့ပါသည်။သာမာန်
မျက်စိနှင့်တော့အလွယ်တကူမြင်တွေ့ဖို့ခက်ပါသည်။သုတေသနပြုသူများရဲ့ အဆိုအရ လူတွေနေတဲ့အိမ်မှ မှန်ပြတင်းပေါက်
နှင့်နရံတို့တွင် ယင်ကောင်ရဲ့အန်ဖတ်များကို မရေမတွက်နိုင်အောင်များစွာတွေ့မြင်ရသည်ဟုဆိုပါသည်။ခြောက်စတုရန်း
လက်မရှိသောမှန်တစ်ချပ်တည်းမှာပင်လျှင် ယင်ကောင်တို့ရဲ့အန်ဖတ်အစက်အပြောက်အစအနပေါင်း1100ကျော်ထိရှိနေ
သည်ကိုတွေ့မြင်ရသည်ဟုဆိုပါသည်။သူတို့ရပ်တန့်နားခိုရာနေရာတိုင်းတွင် အန်သည့်သဘောရှိသည်ဟုထင်ပါသည်။
ယင်နားစာများကိုမစားကြစေရန် သတိပေးပြောကြားနေကြသည်မှာ ပိုလွန်းသည်ဟုယခင်ကထင်မြင်ခဲ့ဖူးပါသည်။
ယခုမှပင် ယင်နားစာတို့ရဲ့ ဆိုးကျိုးဘယ်လောက်များနိုင်သည်ကို တွေးကြည့်ကာမျှဖြင့်ပင် ကြက်သီးထချင်စရာကောင်း
လွန်းနေပြီဖြစ်ပါသည်။
bobo (2).jpg
ယင်ကောင်တို့တွင် ထူးခြားသောစွမ်းရည်တစ်ခုလည်းရှိသည်ကိုတွေ့နိုင်ပါသည်။ယင်တစ်ကောင်သည် အရှိန်ယူစရာမလို
အပ်ပါဘဲနှင့်ချက်ချင်းထလို့ ပျံနိုင်ပါသည်။ထိုသို့ပင် သူရပ်နားချင်သည့်နေရာ သူရပ်နားချင်သည့်အချိန်တို့တွင် ချက်ချင်းရပ်
တန့်နိုင်ခြင်းတို့ဖြစ်ကြပါသည်။အတော်ထူးခြားသောစွမ်းရည်ဖြစ်ပါသည်။အတောင်နှစ်ခုကို ဖြန့်လိုက်သည်နှင့် လေထဲသို့ချက်
ချင်းရောက်ရှိသွားပါသည်။ယင်ကောင်တို့သည် တစ်နာရီလျှင် လေးမိုင်ကျော်ငါးမိုင်ခန့်အထိပျံသန်းနိုင်ကြပါသည်။နောက်ထပ်
ထူးခြားသောအချက်မှာသူရဲ့အတောင်ပံစွမ်းရည်ဖြစ်ပါသည်။ တစ်စကန့်အတွင်းမှာပင် အကြိမ်ရေ200မှ350ထိအတောင်ပံခက်နိုင်
ခြင်းဖြစ်ပါသည်။ဘယ်လိုမှထင်မှတ်မထားတဲ့အခြေအနေဖြစ်ပါသည်။ဟုတ်ပါ့မလားဟုပင်သံသယဖြစ်မိလေသည်။သုတေသန
ပညာရှင်တို့ရဲ့ လက်တွေ့စမ်းသပ်မှုမှတ်တမ်းများအရအခိုင်အမာဆိုထားလို့သာ မချင့်မရဲလက်ခံရလေသည်။
A_housefly_in_Chennai_(frontal_view).JPG
ယင်ကောင်တို့သည်အမှန်တကယ်ပင် သူတို့တစ်ကိုယ်လုံးသည်ရွံရှာဖွယ်ရာကောင်းလှပါသည်။သို့သော် သူတို့တွင်လူတွေ
ထင်မှတ်မထားတဲ့ လှပသောအတောင်ပံလေးတွေရှိသည်ဆိုသည့်အချက်ဖြစ်ပါသည်။သုတေသန ပညာရှင်တို့ကပင်လျှင်
ထိုအတောင်ပံတို့ရဲ့လှပမှုကို အံ့သြခဲ့ရသည်ဟုဆိုပါသည်။ ပျံသန်းနေသောယင်ကောင်ကို ဓာတ်မီးဖြင့်ထိုးကြည့်မည်ဆိုပါက
ပန်းရောင် အစိမ်းရောင် အပြာနုရောင်များဖြင့် တောက်ပစွာ ရောင်စဉ်ဖြာထွက်နေသော အလှတို့ကို တွေ့မြင်ကြရပါသည်။
ထိုသို့အေ၇ာင်များ ထွက်ပေါ်နေရခြင်းမှာ သူတို့ရဲ့အတောင်ပံပေါ်တွင်ရှိသော သေးငယ်လှသည့်အတွန့်အတက် အကောက်
အကွေ့များစွာတို့သည် အလင်းကိုယိုင်စောင်းသွားသောကြောင့်ဖြစ်ပါသည်။ အတောင်တစ်ဖက်တစ်ချက်စီတွင် အမည်းရောင်
သွေးများသည်လှည့်ပတ်စီးဆင်းလျှက်ရှိပါသည်။ထိုတောင်ပံတို့ကို သွေးများလှည့်ပတ်စီးဆင်းစေရန်အတွက်အဓိကထောက်
ပံ့ပေးထားသော အရန်နှလုံးလေးခုတောင်ရှိပါသည်။ထို့ကြောင့်သာ ယင်ကောင်တို့သည် တစ်စကန့်တွင် အကြိမ်ရေနှစ်ရာ
မှသုံးရာ့ငါးဆယ်ခန့်အထိအတောင်ပံခက်နိုင်ကြခြင်းဖြစ်ပါသည်။သူ့ရဲ့အရန်နှလုံးများအထောက်အပံ့ကြောင့်အကြိမ်ပေါင်း
များစွာအတောင်ပံခက်သော်လည်း သွေးလှည့်ပတ်စီးဆင်းခြင်းကိုထိခိုက်မှုမရှိခြင်းပင်ဖြစ်ပါသည်။

bobo.jpg
@bobokyaw
MSC-060
photo : google image

Sort:  

ဒီကောင်တွေ ဘယ်ဂြိုလ်ကများလွှတ်လိုက်သလဲမသိဘူး ကောင်းကျိုးပေးတာမရှိလောက်ဖူးထင်တယ် တစ်ခါမှ ကောင်းကျိုးလေးတွေကို မဖတ်ဖူးသေးဘူး

ဆိုးကျိုးသိရင် ကောင်းကျိုးသိပြီလေကိုးစိုးရေ
ကျေးဇူးပါကိုစိုး

ယင်ကောင်အကြောင်းတော်တော်သိတဲ့လူပဲ

ရေးစရာကဒါလေးဓါတ်ကျနေလို့ပါ
ကျေးဇူးပါ

စိတ်ညစ်စရာအကောင်းဆုံးအကောင်တွေ

မနိုင်ဘူးတကယ်

ငှယ် steemit မှာ ယဉ်ကောင် ချစ်တတ်တဲ့သူ မတွေ့သေးပါလား
ယဉ်ကောင်တွေဟာ တစ်ချို့လူတွေ အတွက် ငယ်ဘဝ က ကစားဖော်တွေဆိုရင်လဲဟုတ်လိမ့်မယ်ထင်တယ် နိမ်နင်းရေးတန်းဆော့တယ်ဆိုပြီး သားရေကွင်းလေးနဲ့ လိုက်ပစ်တဲ့ကလေးတွေ မြင်ဖူးတယ်

ငယ်ငယ်က ဖန်ခွက်ထဲလက်လေးနဲ့အုပ်ဖမ်းမိလို့ ခေါင်းခေါက်ခံထိတာ မှတ်မိသေး
ကျေးဇူးပါ

good writing...

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65133.17
ETH 3480.37
USDT 1.00
SBD 2.52