ဂိမ်းကစားရင်စတင်းရမယ်
![Screenshot_2020-02-14-17-49-55.png]
https://play.google.com/store/apps/details?id=com.ziplab.rorgame
အခုစတီးမစ်မှာ စတင်းရဖို့ အခွင့်အလမ်းတွေများစွာ ပေါ်ထွက်လာနေပါတယ် အချို့လည်း ခပ်လွယ်လွယ်ဘဲ ပေးတက်ပါတယ် အချို့ကတော့ အနည်းငယ် ကြိုးစားမှ ပေးပါတယ် ကိုယ်လုပ်နိုင်တာဆိုရင်တော့ လက်မနှေးတမ်းလုပ်ဖြစ်ပါတယ် စတင်းရဖို့အတွက်ဆို အားစိုက်ပြီး လုပ်ရပါမယ် စတင်းက မကြာခင် ဈေးကောင်းတော့မယ်ဆိုတော့ များများ စုထားနိုင်လေ ကောင်းလေမဟုတ်လား ဒိတော့ စတင်းရမယ့် ဂိမ်းတွေဘက် ခြေဦးလှည့်ရပါတယ် ဂိမ်းတွေကလည်း စတင်းအတွက်အသေအချာကို ထွက်ပေါ်လာတာပါ စတင်းရင်းသူတွေလည်း များစွာ ရင်းထားကြပါတယ် ဖရီးကစ်တွေလည်း များမှများပါဘဲ
ကိုယ်တွေကတော့ ဖရီးကစ်ကို ပိုမို စိတ်ဝင်စားပါတယ် ဟုတ်တယ်လေ မရှိလို့ရှာပါတယ်ဆို ဖရီးနဲ့ကစ်ရမှာပါ ဒါပေမယ့် ဖရီးကစ်တွေက စတင်းသိပ်မထွက်ပါဘူး ရင်းထားသူတွေလောက် အကျိုးအမြတ် ပြန်မရတက်ပါဘူး ဒါတော့ သဘာဝကျပါတယ် များများလိုချင် များများရင်းပြီး ကစားရမှာပေါ့ မသေချာဘဲတော့ မရင်းချင်ပြန်ပါဘူး စတင်းတွေက အရည်ပျော်သွားတက်ပါတယ် သေချာ မသိဘဲ ရင်းတော့ ကုန်တာပါဘဲ ရတဲ့အခါလည်း ရသလို ကုန်တဲ့အခါလည်းကုန်တယ် ဖရီးကတော့ မရတော့လည်း မရလို့ပေါ့ ရရင်လည်း အကုန်အမြတ်ဆိုတာ့ ဖရီးဘက်ပိုအားထည့်ပါတယ်
ဖရီးဆိုတော့ အားများများ စိုက်ပြီး ကစားရတာတော့ သေချာ အချိန်ပြည့် ဂိမ်းတွေထဲ လှည့်ပါတ်နေတာ စာရေးချိန်လေးတောင် မကျန်တော့ဘူး အခုဆိုဂိမ်တွေက များတော့ ဘယ်ဂိမ်းကစားရမယ်တောင် ရွေးနေရပါပြီ ဟိုတုန်းက စတင်းရဖို့ စာရေးတန်းစီ အပ်ဘုတ်မျှော်တာလောက် လုပ်နိုင်ခဲ့တာပါ အခုတော့ ဂိမ်းတွေကြောင့် စတင်းရစရာလမ်းကြောင်းတွေ ပိုများလို့လာပါတယ်
ဂိမ်းတွေကလည်း အပြိုင်အဆိုင်ဆိုတော့ အကျိုးအမြတ် သေချာတဲ့ ဂိမ်းတွေမှာ စတင်းရင်းမှဖြစ်မှာပါ ဒါတော့ ရွေးရတာပေါ့ လက်ရှိမှာ စတင်းမွန်းစတား လောက် ခိုင်မာတဲ့ ဂိမ်းအုပ်စု မတွေ့သေးပါဘူး အခြားဂိမ်းတွေက သူ့နည်းသူ့ဟန်ကောင်းပေမယ့် အားနည်းချက်တွေရှိနေတုန်းပါ ငွေကြေးအင်အားတောင့်တင်းတဲ့ ဂိမ်းတွေကိုတော့ စတင်းရင်းပြီး ၀င်ဆွဲသင့်ပါတယ် အခြားဂိမ်းတွေတော့ စောင့်ကြည့် အခြေအနေကြည့်ကစားရတာပေါ့
အခုလည်း အာအိုအာဂိမ်းကို ဖရီးကစားကြည့်နေတယ် သူ့ဂိမ်းတွေက များလွန်းတော့ေ၇ွးချယ်စရာတွေလည်းများပါတယ်
@bobokyaw