ပြန်လည်အသက်ဝင်လာ
အာကာသဂိမ်းရဲ့ ဂြိုလ်အသစ်ရှာဖွေမှုတွေဟာဆိုရင်ဖြင့် ဒီနေ့မှာ ပြန်လည် အသက်ဝင်လာပြီလို့ ပြောနိုင်ပါတယ် ဘာလို့လဲဆိုရင်တော့ ဒီနေ့မှာ ဂြိုလ်ရှာဖွေတွေ့ရှိမှုက ခပ်စိပ်စိပ်လေးဖြစ်လာတာတွေ့ရလို့ပါဘဲ အရင်ရက်တွေက ဂြိုလ်အသစ်တွေ့ရှိမှု အတော်ကို နည်းသွားပါတယ် အရင်ကလို များများ မတွေ့နိုင်ကြလို့ဘဲလား မရှိတဲ့နေရာကို ရှာနေတာချင်း တူနေလို့ဘဲလားဆိုတာတော့ မပြောတက်ပါဘူး ကိုယ့်အထင်ဆိုရင်တော့ ကစားသူ နည်းသွားတယ် စိတ်ဝင်စားသူနည်းသွားတယ် စိတ်မရှည်သူတွေ များလာတယ် အဲ့သလိုဘဲ သုံးသပ်မိပါတယ်
ဒီဂိမ်းက အချိန်တွေ ဆွဲနေတာကိုတော့ သတိထားမိနေတာကြာပါပြီ အကောင်းမြင် ဒေါင့်ကနေကြည့်ခဲ့ဖူးပါတယ် အဆိုးမြင်ဒေါင့်ကနေလည်း မကြာခဏဆိုသလို ကြည့်ဖြစ်ပါတယ် စိတ်ထဲ ခံစားရတာတော့ အဆိုးမြင်အတွေးက ပိုများနေပါတယ် လူတွေက စိတ်မရှည်ကြပါဘူး ဒါကတော့ လူအတော်များများဆိုတာထက် အားလုံးလိုလိုပါဘဲ ကြာရင် သွေးအေးသွားတက်ကြပါတယ် စိတ်လျှော့သွားတက်ပါတယ် အချိန်ကာလတစ်ခု ဖြတ်ကျော်ပြီးရင် အရာ၇ာကို ဆုံးရှုံးခံလာနိုင်ပါတယ် အဲ့ဒိသော့ချက်တွေကို အသုံးချပြီး ဂိမ်းကို ဆွဲခေါ်သွားနေတယ်လို့ဘဲမြင်ပါတယ်
မကြာခင်မှာတော့ အကျိုးအမြတ်တွေ ပေးတော့မယ် ပြောထားပါတယ် ဒါကလည်း သူ့အပြောပါ ကိုယ်တွေလည်း မျှော်တာတော့ မျော်တာပါဘဲ ဒါပေမယ့် သံသယတော့ ကင်းမသွားပါဘူး တကယ့်တကယ်ရလာမှဘဲ အော်ရတယ်ဟ လို့ယုံရပါတော့မယ် အခုလက်ရှီ တင်ကြို ခန့်မှန်းရသလောက်တော့ ဒီကောင် သိပ်မယုံရပါဘူး လှည့်စားမှုတွေ များပါတယ် မရိုးသားဘူးလို့ ဆိုရမှာပေါ့ အားလုံးကတော့ ရိုးသားသူတွေချည့်မဟုတ်သလို သူတို့ကိုယ်တိုင်ကလည်း စကတည်းက ရိုးသားမှုမရှိပါဘူး ဒါကို ခံစားမိနေတာကြာပါပြီ
အဲ့ဒီအဖြေကတော့ မကြာခင်သိရပါတော့မယ် ရှေ့မှာ ဒီလို သင်ခန်းစာတွေ ရခဲ့ဖူးတော့ တစ်ခုခုဆို အဲ့သလိုဘဲ အဆိုးဆုံးကို တင်ကြိုမြင်နေမိတာတော့ မလွန်ဘူးထင်ပါတယ် စတီးမစ်မှာလည်း ဒီလို ဂျပိုးတွေ မွေးထားနေတုန်းပါဘဲ အစကတည်းက လက်ခံပေးဖို့မသင့်ဘူးထင်ပါတယ် အကာအကွယ်ပေးရမယ်ထင်ပါတယ် ဒီထက်အေ၇းကြိးတာတွေ လုပ်နေတယ်လို့တော့ ပြောတာဘဲ
သတင်းတစ်ခု ကြားရင် တစ်ခါ အားစိုက်ပြီး ကစားပါတယ် သိပ်မကြာခင်သုံးလေးရက်ဆို သွေးက အေးပြီး သိပ်မကစားဖြစ်တော့ပြန်ဘူး ဒီလိုနဲ့ ခြောက်လ၀န်းကျင်ကို ရောက်လာပါတော့မယ်
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/10/%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%81%80%e1%80%84%e1%80%b9%e1%80%9c%e1%80%ac/