ရောက်နိုင်သလောက်သွားပါ

in #steemmonsters6 years ago (edited)

Screenshot_2018-11-22-21-43-15.png
မနေ့က Questကနေရတာလေးတွေပါ အင်အားဖြည့်စရာတွေဘဲ ရနေပါတယ် တန်ဖိုးကြီးတဲ့ အကောင်လေးတွေ မရတာကြာပါပြီ
နေ့စဉ်တော့ မရနိုင်ဘူးဆိုတာ နားလည်ပါတယ် ဒါပေမယ့် တိုက်ပွဲမှာ လိုအပ်သော ဟီးရိုးတွေကိုတော့ မျှော်မိပါတယ်
လိုတဲ့ ဟီးရိုးကို ၀ယ်လို့ရသည်ဆိုသော်လည်း တကယ်တမ်းဝယ်သုံးဖို့တော့ မ၀ံ့မရဲဖြစ်မိပါတယ်
နေ့စဉ်ရတာလေးတွေဘဲ စုပြီး အင်အားတောင့်တင်းလာအောင် လုပ်သွားမယ် စိတ်ကူးပါတယ်
အခုနောက်ပိုင်းတော့ ဟီးရိုး အလန်းစားတွေ ရခဲ့ရင်တောင် ရောင်းစားမပြစ်ဖို့ တွေးထားပါတယ်
အဲ့သလိုသာ ရောင်းနေရင် Levelအမြင့်ပိုင်းတွေကို သွားဖို့ ခက်ခဲလိမ့်မယ်ထင်လို့ပါဘဲ
အရင်ကတော့ရောင်းပါတယ် ဘာလို့ရောင်းလဲဆိုရင်တော့ တကယ်ကော အရောင်းအ၀ယ်ရှိရဲ့လား
တကယ်ကော ဒေါ်လာရတာလား ဆိုတာကို လက်တွေ့ကျကျသိရအောင်လို့ပါဘဲ

Screenshot_2018-11-22-21-42-29.png
အခုဆိုရင် Steemmonstersဂိမ်းကစားပြီးနောက်ပိုင်း ဖေ့ဘုတ်လည်း မပွတ်ဖြစ်တော့ပါဘူး အချိန်အားဆိုတာလည်း မရှိတော့သလောက်ပါဘဲ
အချို့ကတော့ တစ်ရက်ဆယ်ပွဲကစားပြီးရင် ရပ်လိုက်ကြတယ်လို့ သိရတယ် အဲ့ဒီနည်းစနစ်က မှန်တော့မှန်ပါတယ်
နောက်ရက်တွေမှာ တိုက်ပွဲကို အလွယ်တကူတိုက်လို့ရစေပါတယ် ဒါပေမယ့် Levelအမြင့်ပိုင်းသွားဖို့တော့ အခွင့်အရေးနည်းစေနိုင်ပါတယ်
တစ်ရက်နဲ့ တစ်ရက် အတွဲတွေ မတူတာက ကိုယ့်မှာ ရှိပြီးသားဟီးရိုးကို ဆွံ့အစေနိုင်ပါတယ်
တစ်လက်ကောင်း အတွဲရှိတာနဲ့တော့ အမြဲ အောင်ပွဲမရနိုင်ဘူးဆိုတာ သွားတွေ့ရပါတယ်

Screenshot_2018-11-22-21-42-19.png

ကိုယ်တွေးမိတာတော့ ဒီနေ့ အတွဲအစပ်နဲ့ Levelအမြင့်ပိုင်းကို သွားလို့ အဆင်ပြေနေရင် ရောက်နိုင်သလောက် ဆက်ပြီးသွားသင့်ပါတယ်
ကိုယ်ဘယ်လောက်အမြင့်ဆုံးကို ရောက်နိုင်မလဲ တက်ကြည့်သင့်ပါတယ် နောက်ရက်မှ တက်မယ်ဆိုရင် ဒီနေ့ အဆင်ပြေတဲ့
ဟီးရိုးက နောက်ရက်မှာ အံမ၀င်တော့တာတွေ ဖြစ်လာနိုင်လို့ပါ။ အခုလက်ရှိအချိန်အထိတော့ ဒိုင်းမွန်း သရီးထိတော့ရောက်ပါတယ်
လိုအပ်တဲ့ ဟီးရိုး အဆင်သင့်ဖြစ်တယ် အတွဲမိတယ်ဆိုတာနဲ့ ဆက်တက်ကြည့်မှာပါဘဲ ဘာဘဲပြောပြောSteemmonstersဂိမ်းကတော့
တစ်နေ့တစ်ခြားလူစိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ် အခုလို အချိန် ဈေးကျနေတာတောင် Steemmonstersဂိမ်းကစားသူတွေဟာ
တိုးလို့သာ လာပါတယ် အလျှော့မရှိပါဘူး နောက်ဆိုပိုလို့ အဆင်ပြေလာမယ်ထင်ပါတယ်
Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64210.52
ETH 2627.33
USDT 1.00
SBD 2.76