ရွှေရောင်လေးမြင်ရပြန်ပြီ

in INVEN Gaming4 years ago

3.6.jpg
https://steemmonsters.com/

စတင်းမွန်းစတားမှာ ကံကောင်းတာလေးတွေ တစ်ခါတရံ ရောက်လာတက်တယ် ရွှေရောင်မြင်ရတဲ့နေ့ဆိုရင်တော့ ကစားရတာ ထိုက်တန်လွန်းပါတယ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ရွှေရောင်မြင်တဲ့နေ့ဟာ အားတက်ဖွယ်နေ့တစ်ရက်ပါဘဲ
အမြဲတမ်းတော့ ရွှေရောင်တွေ ၀င်းနေတာမဟုတ်ပေမယ့် အခုလို တစ်ခါတရံမြင်ရတာက ဆက်လက် ကြိုးစားချင်စိတ်တွေဖြစ်စေတယ်
တန်ဖိုးများကဒ်တွေ ရလာပြန်တော့လည်း အကျိုးအမြတ်တွေက ပိုလို့ရလာတော့တာပါဘဲ
အများနည်းတူ ကစားနိုင်ဖို့ဆိုရင်တော့ စစ်အင်အား တိုးချဲ့ရပါမယ် စစ်အသုံးစရိတ်က ကြီးမြင့်တာဖြစ်တဲ့အတွက် အလျှင် စလိုတော့ စစ်အင်အားကို ချက်ချင်း ဖြည့်တင်းဖို့ ခက်နေပါသေးတယ်
အကျိုးအမြတ်ရတာမှန်သမျှကို ပြန်သုံးလိုက်ရင်လည်း နည်းလမ်း တစ်ခုအနေနဲ့ အဆင်ပြေသည်မှန်သော်လည်း လက်ဗလာနဲ့ ကစားနေရတာမျိုး မလိုချင်ပြန်ဘူး
ဒီတော့ စစ်အင်အားကို တရွေ့ရွေ့ဖြည့်သွားမယ် နေ့စဉ်အကျိုးအမြတ်ကိုလည်း ပုံမှန်လေး ရှာဖွေသွားမယ် ဒီလိုစဉ်းစားမိတယ်
စတင်းမှာ ဂိမ်းတွေ ဆက်လက်ထွက်ပေါ်လာဖို့ မလွယ်သေးတာမြင်ရတယ် ရှေ့ကထွက်သမျှဂိမ်း အကုန်နီးပါးကောင်းတယ်
အချို့ဂိမ်းတွေဆို တကယ်အကျိုးအမြတ် ကြီးကြီးမားမားရတယ် နောက်ထပ်ဖြစ်နိုင်တာကလည်း ဂိမ်းလောက တစ်ခေတ်ဆန်းလာနိုင်တယ်လို့ မြင်သူတွေရှိနေတယ်
ပြောင်းလဲခြင်းကတော့ ရောက်လာပါဦးမယ် အဆင်သင့်တော့ ပြင်ထားတယ် ဆက်လက်စီးမျှောနိုင်ဖို့ အားထုတ်ရမယ်
ဒီအချိန်က အကောင်းဆုံးအချိန်လို့ ခံယူလိုက်ရင် ဝေဒနာနဲ့ နာကျင်မှုတွေက မြူမှုန်တွေလိုပါဘဲ တစ်ချိန်မှာ လွင့်ပျောက်ပြယ်သွားမှာပါ
@bobokyaw

Sort:  

This post has been rewarded by [
@roadofrich] with support from the Steem Community Curation Project

The INVEN Gaming community is run by the STEEM blockchain Witness @roadofrich team.

Vote for Road of Rich witness

If you want to convert STEEM to USDT, BTC, TRX, try use RFDAX.
https://steemscan.com/convert

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25