မျှော်နေတာရောက်လာတယ်
ကဲ.......... ဒီနေ့တော့ အဆင်ပြေသွားပါပြီ ဒီရာသီလိဒ်တစ်လျှောက်လုံးမှာ တန်ဖိုးနည်းကဒ်တွေသာ ရခဲ့တာဖြစ်လို့ အကျိုးအမြတ် ရရှိမှုက မဆိုစလောက်လေးဖြစ်နေခဲ့ပါတယ် ဒီအီးစီ လေးနဲ့သာ ကျေနပ်ခဲ့ရပါတယ် ကဒ်တွေကနေတစ်ဆင့် ရရှိမှုက အလွန်နည်းခဲ့ပါတယ် လီဂမ်းကဒ်တွေ ရွှေကဒ်တွေက နစ်မြုပ်နေခဲ့တာ ပျောက်နေခဲ့တာ ရာသီလိဒ်စကတည်းကပါဘဲ အဲ့သလို အဆင်မပြေခြင်းတွေ ခက်ခဲခြင်းတွေက ယနေ့တော့ အဆုံးသက်ပါပြီ ဘာလို့လဲဆိုရင်တော့ ယနေ့မှာ ရွှေကဒ်လေး တစ်ခု ရရှိလိုက်လို့ပါဘဲ ရွှေကဒ်လေးက အခုမှ စတင်ပေးတဲ့ ကဒ်အသစ်လေးဖြစ်နေခဲ့တော့ အလွန်ကို အဆင်ပြေသွားစေပါတယ် လက်ရှိ ကာလပေါက်ဈေးကလည်း အတော်လေး များပါတယ်
လက်ရှိအချိန်ထိတော့ ဒီကဒ်လေးက ဈေးကွက်ထဲမှာ ရှစ်ခုတည်းသာရှိပါသေးတယ် ကိုယ်က ရှစ်ယောက်မြောက် ပိုင်ဆိုင်သူ ရောင်းသူဖြစ်လာခဲ့ပါတယ် အောက်ဆုံးက ပိုင်ရှင်ကတော့ ဒီကဒ်လေးကို ဒေါ်လာ30 ကျော်နဲ့ ဈေးကွက်တင်ထားပါတယ် သူ့နောက်မှာတော့ သူနဲ့ မတိမ်းမယိမ်း ဈေးကွက် တင်ပြီးေ လျှာ့ရောင်းလာကြပါတယ် ကိုယ့်အောက်က ခုနှစ်ယောက်မြောက်ကတော့ ဒီကဒ်လေးကို 9 ဒေါ်လာနဲ့ ရောင်းနေပါတယ် ဒီတော့ ကိုယ်ကလည်း ဈေးအနည်းငယ်လျှော့ပြီး 8 ဒေါ်လာကျော်နဲ့ ဈေးကွက်တင်လိုက်ပါတယ် သိပ်မကြာခင်မှာဘဲ ဈေးကွက်ထဲကို ဈေးလျှော့ပြီးေ၇ာင်းသူအသစ်တစ်ယောက် ရှိလာပြန်ပါတယ် ကိုယ့်ထက် ဈေးအနည်းငယ်လျှော့ပြီး ရောင်းနေပါတယ် ဒါကြောင့် သူ့ထက် ဈေးပိုလျှော့ပြီး အေ၇ာင်းတင်ထားလိုက်ပါတော့တယ်
ရွေကဒ်လေးရတာနဲ့အတူပါဘဲ ကိုယ့်ရဲ့ ရည်မှန်းချက် ဖြစ်သော ဒိုင်းမွန်းရောက်ရှိရေးကလည်း ပြည့်စုံအောင်မြင်သွားပါတယ် ဟုတ်ပါတယ် ဒိုင်းမွန်းကို ရောက်သွားပါပြီ ဖလား 2800 ပြည့်မှီသွားခဲ့ပါပြီ ဒါကြောင့် ဒိုင်းမွန်းသရီးကို ရောက်နိုင်ခဲ့ပါပြီ ရာသီလိဒ်ကလည်း ပြီးဆုံးရန် နာရီပိုင်းသာလိုတော့တာပါ ရာသီသိမ်းချိန်မှာတော့ ကဒ်ပေါင်း လေးဆယ် ရတော့မှာဖြစ်ပါတယ် အဲ့ဒီ ကဒ်လေးဆယ်ထဲမှာတော့ ဘယ်လိုများ ကံကောင်းတာတွေ ပါလာလေမည်လဲဆိုတာကို ကြိုတင်မျှော်လင့်ရင်း စောင့်မျှော်နေပါပြီ နောက်ထပ် ကောင်းမွန်တဲ့ ဈေးတန်သော ကဒ်လေးတွေ ရနိုင်ပါစေလို့ ဆုတောင်းရင်း ကဒ်ဖွင့်ခွင့်ရမည့်အချိန်ကို စောင့်မျှော်လျှက်ပါ
This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)