လေလှိုင်းထဲက မိချယ်ရီ

in #busy8 years ago

african-2722733_960_720.jpg

ဂျိုလ်တုစလောင်းတွေ အင်တာနက်တွေ ဖုန်းတွေနဲ့ နည်းပညာခေတ်ကြီး အိုင်တီ ခေတ်ကြီး
ထဲမှာ ယနေ့တိုင်ရိုးမသွားတဲ့ အရာတစ်ခုရှိပါတယ် အဲ့ဒီအရာကတော့ လေလှိုင်းထဲက
လွင့်ပျံ့လာတဲ့ ရေဒိယို အစီအစဉ်လေးဖြစ်ပါတယ် အခုတော့ ရေဒီယိုလို့ မခေါ်ကြတော့ဘူး
အက်ဖ်အမ် လို့ခေါ်ကြတယ်။ ကြိုက်သလိုသာ ခေါ်ပါ ရေဒီယို လို့ခေါ်ခေါ် အက်ဖ်အမ်လို့ဘဲ
ခေါ်ခေါ် သဘောသဘာဝကတော့ အတူတူပါဘဲ ။ ရေဒီယိုခေတ်တုန်းကတော့ လေသံတရှဲရှဲ
ကြားကနေ နားထောင်ခဲ့ရတာပေါ့ အခုအက်ဖ်အမ် ခေတ်မှာတော့ အသံကြည်လင်ပြတ်သား
မှုက ဘေးနားကနေ ပြောနေ ဆိုနေသလားတောင် ထင်မှတ်မှားရပါတယ်။

အက်ဖ်အမ် အစီအစဉ်တွေကို ကြိုက်နှစ်သက်မိတယ်။ အစီအစဉ် တင်ဆက်မှုတွေက ခေတ်နဲ့
အညီ ပြုပြင်ပြောင်းလဲထားတော့ ရေဒီယိုခေတ်တုန်းကလိုဘဲ ပရိတ်သက်တွေ စွဲလမ်းစေတုန်းပါဘဲ ။ အစီအစဉ်တင်ဆက်တဲ့ အနှောင်ဇာလေးတွေရဲ့ အသံတွေကလည်း ပျားသကာ
အိုးထဲ မှောက်ထိုးလဲကျသွားသလားထင်ရလောက်အောင်ကို ချိုကြည်လွန်းလှပါတယ်
ကြားရသူအဖို့ အင်မတန် ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလို့နေပါတယ်။
ဟိုတုန်းကတော့ မြန်မာ့အသံရေဒီယို တစ်လိုင်းသာ နားထောင်ခဲ့ရတယ်ပေါ့ အခြားလိုင်း
တွေလည်း ရှိပါတယ် ဒါပေမယ့် သတင်းဦးစားပေးနဲ့ နိုင်ငံရေး အစီအစဉ်တွေသာဖြစ်တယ်
လေ။ အစီအစဉ်တွေကလည်း လူကြီးကြိုက် တွေသာ ခပ်များများ ဖြစ်နေတက်ပြန်ကော
လူငယ်ကြိုက်က သိပ်မကြားရတက်ပါ။ ဒါကလည်း ဟိုတုန်းက ခေတ်ကာလ အနေအထားပေါ့
fm-2829784_960_720.jpg

အခုတော့ အက်ဖ်အမ်တွေက မှိုလိုပေါက်လာလိုက်တာ ရွေးချယ်စရာတွေက အများသား
ကိုယ်တွေကတော့ တောင်ပေါ်သား ရှမ်းပြည်သား ဖြစ်လေတော့ ဒေသအစွဲလေးနဲ့
ချယ်ရီ အက်ဖ်အမ်ရဲ့ ပရိတ်သက် ဖြစ်လို့နေသည်လေ အခြား အက်ဖ်အမ်တွေလည်း အရင်ကနားထောင်ဖြစ်ပါတယ် ဒါပေမယ့် အခုချယ်ရီလောက် မကြိုက်လှဘူး
ချယ်ရီကတော့ အက်ဖ်အမ်တွေထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်။ ကိုယ်က ကြိုက်နေတာကိုး ကောင်းရမည်ပေါ့ ။ တကယ်လည်း ကောင်းပါတယ် အစီအစဉ်တွေက
ခေတ်နဲ့အညီတင်ဆက်လေတော့ လူကြီး လူငယ် လူလတ် အရွယ်သုံးပါးမရွေး သဘောကျ
ကြတယ်လေ။ အစီအစဉ် တင်ဆက်သူ အနှောင်ဇာလေးတွေကလည်း တော်ကြပါတယ်။

ချယ်ရီ အက်ဖ်အမ်ကိုတော့ တစ်ရက်မှာ ခုနှစ်နာရီလောက် နားထောင်ဖြစ်တယ်
ညနေပိုင်းလေးနာရီကနေ အစီအစဉ်ပြီးတဲ့ အချိန် ည ဆယ့်တစ်နာရီအထိပေါ့
အဲ့သလို ချယ်ရီကို အားပေးတာ ။ ချယ်ရီကို နှစ်သက် သဘောကျမိတာက သီချင်းတွေကို
အချိန် အတော်များများ လွှင့်ပေးတယ်။ သီချင်းကလည်း လိုင်းစုံဆိုတော့ ကောင်းသလား
မမေးပါနဲ့ အလွန်ကောင်းတာပါ။ အသစ်တွေလည်း ကြားရတာဘဲ။ တစ်ခါတလေ ဖြန့်ချီရေး
တောင် မလုပ်ရသေးဘူး အဆိုတော်တွေက အမြည်းပေးတဲ့ အခါတွေတောင် ရှိသေး
ဦးဦးဖျားဖျား ကြားရတက်တယ်။ သီချင်းအဟောင်းတွေလည်း လက်မလွှတ်ရပါဘူး လွန်ခဲ့
သော နှစ်သုံးဆယ်လောက်က သီချင်းကောင်းတွေလည်း ပြန်လွှင့်ပေးတက်ပြန်ကော
အိတ်တီးလောက်က သီးချင်းတွေကို တစ်ပါတ်မှာ တစ်ရက် သီးသန့် ပြန်လွှင့်ပေးတဲ့
အစီအစဉ်လည်း ကောင်းတယ်။ ကြွေလွင့်သွားတဲ့ တေးသံရှင်တွေရဲ့ အစီအစဉ်ကလည်း
လွမ်းမောဖွယ်ကောင်းနေပြန်ရော ဦးငှက်ကြီးတို့ ဒိုးလုံးတို့ စသဖြင့်ပေါ့ အခြားအစိအစဉ်ကောင်းတွေလည်း များစွာ ရှိပါသေးတယ်
radio-2974649_960_720.jpg

နောက်ရက်မှ အလျှဉ်းသင့်သလို ရောက်တက်ရာရာ ရေးပါဦးမယ် ဒီနေ့တော့ .......... အမှန်တကယ်က
ဒီညတော့ဖြစ်ရမှာပါ။ ညတောင် အတော်နက်နေပြီ ......... စတီးမစ်နဲ့တွေ့မှ နေ့မှန်းမသိ
ညမှန်းမသိကိုဖြစ်ရော........ အိပ်ပျက်ညတွေလည်း များလွန်းနေပါပြီ........ လူလည်း အရိုး
ဘဲရှိတော့တယ်..... နောက်ထပ်နှစ်ဝက်လောက် ကြိုးစားလိုက်ပါဦးမယ်လေ
စတီးမစ်က ချိုသလား ခါးသလား ဖြူသလား မဲသလား ကွဲကွဲပြားပြား သိရတဲ့ အချိန်ထိပေါ့
ခုချိန်မှတော့ ပေါက်တဲ့နဖူး မထူးပါဘူးလေ ဆက်လက်ရူးသွပ်ပါရစေတော့
စတီးမစ်သည်သာ ဘ၀ စတီးမစ်သည်သာမျှော်လင့်ချက် စတီးမစ်သည်သာအားကိုးရာ
စတီးမစ်သည်သာ ယုံကြည်ရာ စတီးမစ်သည်သာ မနက်ဖန်များ................

Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

လေဒီယိုတစ်လုံးနဲ့ လုပ်စားနေပြီ

အိမ်ကညီမလဲ ဖွင့်လိုက်တာ
ညဆို၁၁ မှ ရေဒီယိုပိတ်တယ်။ သီချင်းဖွင့်တဲ့လိုင်း ရွေးနားထောင်တာ ကိုယ်တွေကတော သူဖွင့်သမျှ နားပဲထောင်ရတယ်။

အက်ဖ်အမ်တွေက အစီအစဉ်တွေကောင်းတယ်အစ်မရေ
မန်းလေး ရွှေအက်အမ်လည်း အရင်က နားထောင်ဖြစ်တယ်
ကောင်းပါတယ်

ရေးတတ်ပါပေသည်တော်ပါပေသည်ရှမ်းမင်းသားရေ

ရေးတော့ ရေးနေတာပါဘဲ အစ်မရေ
ခုချိန်ကတော့ မြေစမ်း ခရမ်းပျိုးကာလတွေပါ

very good bro. promoted.

Thanks you brother.

You got a 9.90% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

You got a 6.74% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63856.15
ETH 1797.31
USDT 1.00
SBD 0.38