အောင်မြင်မှုပန်းတိုင်သို့

in #myanmar7 years ago (edited)

bobokyaw.JPG

ဘ၀ဆိုသည်မှာ တိုက်ပွဲဟု လူတွေတင်စားပြောဆိုကြပါသည်။ဘ၀သည် လွယ်ကူသောအရာမဟုတ်သည်ကိုဆိုလိုတာပဲဖြစ်ပါသည်။ ဘ၀သည် ခက်ခဲပါသည်။ အသက်ရှင်သန်နေထိုင်ဖို့ရန်အတွက်ခက်ခဲပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကိုခဏလောက်လေ့လာကြည့်မည်ဆိုလျှင်ပဲသိနိုင်ပါသည်။တိုက်ပွဲတွေ။စစ်မြေပြင်တွေ။အငတ်ဘေးတွေ။ထူးထွေဆန်းပြားတဲ့ရောဂါဘေးတွေ။သဘာဝဘေးအန္တရာယ်တွေနှင့် အသက်ဆက်ဖို့ရန်အတွက်ပင် ကြိုးစားရုန်းကန်နေကြရပါသည်။
ဒီလိုခက်ခဲတဲ့ ရှင်သန်နေထိုင်မှုအောက်မှာပင် ဘ၀တစ်ခုအောင်မြင်အောင်တည်ဆောက်ဖို့ဆိုသည်မှာ ပိုလို့ပင်ခက်လေသည်။အားလုံးသည် ဘ၀တစ်ခုရလာသည်နှင့် အောင်မြင်ကြီးပွား တိုးတက်လိုကြသည့်သူများပင်ဖြစ်သည်။
အောင်မြင်မှုရရန် စိတ်တိုင်းကျတဲ့ဘ၀တစ်ခုတည်ဆောက်နိုင်ရန်အတွက် နေ့မနား ညမအား ကြိုးစားကြရသည်။ကြိုးစားတိုင်း မိမိထင်သလိုဖြစ်သလားဟုမေးလျှင် အလုံးစုံမဖြစ်ပါဟုပင်အဖြေရပါသည်။ မကြိုးစားပဲ နေလျှင်တော့ဘာမှဖြစ်မလာနိုင်ပါ။ ကြိုးစားသူအတွက် ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည့် ဆုလာဘ်ကတော့ ရရှိနိုင်ပါသည်။

DSC00033.JPG

လူ့ဘ၀သည် တိုက်ပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်နေရသည်နှင့် တူညီပါသည်။ တိုက်ပွဲတစ်ခုသည် အနိုင်နှင့်အရှုံး ဒွန်တွဲနေသည်။အနိုင်ရှိသလိုအရှုံးရှိမည်။အမြဲတမ်းနိုင်သောတိုက်ပွဲမရှိနိုင်သလို အမြဲတမ်းရှုံးနိမ့်မှုသည်လည်းရှိမည်မဟုတ်ပါ။ ရှုံးတစ်ခါနိုင်တစ်လှည့်ဖြင့် မနားတမ်းတိုက်နေရမည်သာဖြစ်သည်။အရှုံးကိုရင်မဆိုင်လိုလျှင် နိုင်အောင်တိုက်ရလိမ့်မည်။ကျရှုံးမှုအတွက် လက်မှိုင်ချတွေဝေနေလျှင် အောင်မြင်မှုသည် အလိုလိုရောက်လာမည်မဟုတ်ပါ။အောင်မြင်သူအတွက်လည်း ယခုအောင်မြင်မှုကို မည်ကဲ့သို့ ဆက်လက်ထိန်းသိမ်းရမည်ကို ဆုံးဖြတ်နိုင်စွမ်းရှိရမည်။ရှုံးနိမ့်ရန်လွယ်ကူသလောက် အောင်မြင်မှုကို အမြဲထိန်းသိမ်းထားနိုင်ရန်မှာ ခက်ခဲပါသည်။ဖြစ်နိုင်လျှင် အောင်မြင်မှုကို ရပ်တံ့မနေဘဲ ပိုမိုတိုးတက်အောင် အစွမ်းကုန်ကြိုးစားနေရမည်။ လက်မြှောက်အရှုံးပေးကာဆုံးရှုံးမှုများနှင့်ထိုင်နေမည့်အစား အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် အမြဲကြိုးစားရုန်ကန်နေရမည်။

8TzKy6oac.jpg

တရွှေ့ရွှေ့သွားသော လိပ်ကလေးလို ခရုငယ်လေးလို ဖြေးဖြေးချင်းသွားနေရလို့ စိတ်မရှည် အားမလိုအားမရမဖြစ်ပါနှင့် ရပ်တန့်မနေရန်နှင့် နောက်ဆုပ်လျှော့ကျမသွားရန်အတွက်သာ ဂရုစိုက်လိုက်ပါ။ ဘယ်လောက်လေးပဲရှေ့သို့ရောက်သည်ဖြစ်စေ ဘာမျှမလုပ်ပဲထိုင်နေသူထက် အရှုံးပေးရပ်တန့်နေသူထက်တော့ သာပါသည်။အောင်မြင်မူသရဖူဆောင်းလိုသူသည် ဘ၀လှေကားကို တစ်ထစ်ချင်းတက်ရပေမည်။ လှေကားထစ်ကိုကျော်တက်ချင်လို့တော့မသင့်ပါ။အခြေမခိုင်ပဲ ဟန်ချက်ပျက်လို့ လိမ့်ကျနိုင်ပါသည်။ အောင်မြင်မှုသရဖူဆောင်းလိုသူတိုင်း
အရာရာတွင် ဇွဲ လုံ့လ ၀ီရိယကို ဆွဲကိုင်လျှက် တစ်ဆင့်ခြင်းတစ်ဆင့်စိတ်ရှည်စွာဖြင့်ကြိုးစားကြရမည်။

h v.k.jpg

ဂေါတမမြတ်စွာဘုရားသည် လေးအသေင်္ချနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှသာ သဗ္ဗညုတရွှေဥာဏ်တော်ကိုရလျှက် ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။ဂေါတမဘုရားရှင်သည် ဗျာဒိတ်ခံယူသည့် သုမေဓာရှင်ရသေ့ဘ၀မှာပင် သူ့ကိုယ်ကျိုး အတွက် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော်လည်း ဝေနေယျ သတ္တ၀ါ တို့၏အကျိုးအတွက် ဘုရားဆုပန်ခဲ့ခြင်းဖြစ်သည်။
သဗ္ဗညုတဥာဏ်တော်ရရှိသည့် ဘုရားအဖြစ် ရောက်တော်မူသည့်အခါတွင်လည်း လူသားအကျိုးအတွက်မနားမနေဇွဲလုံ့လ၀ီရိယတို့ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည်။ ဂေါတမဘုရားရှင်သည် သက်တော် ရှစ်ဆယ် ၀ါတော်လေးဆယ့်ငါးဝါအတွင်း ဝေနေယျ သတ္တ၀ါအပေါင်း နှစ်ဆယ့်လေး အသေင်္ချ ကုဋေ ခြောက်ဆယ်နှင့် ဗိုလ်ခြေတစ်သိန်းတို့ကို ချေချွတ်တော်မူနိုင်ခဲ့သည်။

rich_poor_rect.jpg

လိမ့်လွန်းတဲ့ကျောက်တုံး ရေညှိမကပ် ဟုဆိုသကဲ့သို့ပင် အလုပ်တစ်ခုကိုရေရှည်စွဲမြဲမလုပ်ပဲနှင့်တော့ အလွယ်တကူအောင်မြင်နိုင်လိမ့်မည်မဟုတ်ပါ။အလုပ်တစ်ခုကို စွဲမြဲစွာမလုပ်ဘဲ မကြာခဏပြောင်းလဲလုပ်ကိုင်နေခြင်းသည်လည်း ကျရှုံးမှုကိုဖြစ်စေနိုင်သည်။အလုပ်တစ်ခုကို ရက်ပိုင်းလပိုင်းလောက်လေး အပေါ်ယံလောက်လုပ်ကြည့်ပြီး အကျိုးတစ်စုံတစ်ရာမမြင်ရလေသည်နှင့် စိတ်ပျက်အားလျှော့ကာ နောက်အလုပ်တစ်ခုသို့ပြောင်းလေလျှင် မိမိအတွက်များစွာနစ်နာဆုံးရှုံးစေပါသည်။အစတည်းကမလုပ်ပဲနေသည်က သာလို့ပင်ကောင်းသေးတော့သည်။အခက်အခဲ အတားအဆီးနှင့် မလွယ်ကူမှုဆိုသည်မှာ နေရာတိုင်းမှာရှိမည်သာဖြစ်သည်။လွယ်လွ ယ်နှင့်တော့ ဘာမျှမရနိုင်ပါ။မည်သည့်အလုပ်ကိုဖြစ်စေ ဇွဲလုံ့လ၀ီရိယစိုက်ထူကြိုးစားလျှင် အောင်မြင်မှုကိုဖြစ်စေနိုင်သည်။

tips-work-life-balance.jpg

"အတ္ထာဟိ အတ္ထနောနာထော" မိမိကိုယ်သာကိုးကွယ်ရာဖြစ်သည်။သူတစ်ပါးကို အားကိုးနေလို့မရပါ။မိမိဘ၀ကောင်းကျိုးကို မိမိဘာသာပင် ဖန်တီးရပေမည်။ မိမိကိုယ်သာမိမိအားကိုးရမည်ဖြစ်သည်။သူတစ်ပါးအပေါ် မှီခိုအားထားနေသူသည် တိုးတက်မှု ရလိမ့်မည်မဟုတ်ပါ။မိမိလုပ်ကိုင်နေရသော အလုပ်အပေါ်ဇွဲလုံ့လ၀ီရိယတို့ဖြင့် လုပ်ကိုင်သူသာလျှင်အောင်မြင်မှုသရဖူဆောင်းနိုင်ပေလိမ့်မည်။
@bobokyaw
photo : google image

Sort:  

This post recieved an upvote from omarfarukjafree. If you would like to recieve upvotes from omarfarukjafree on all your posts, simply FOLLOW @omarfarukjafree

ကျေးဇူးပါဗျ

ဟုတ်ကဲ့ကျွန်နော်လည်း
ကြိုးစားနေပါတယ်

This post has received a 2.54 % upvote from @booster thanks to: @bobokyaw.

a good post!
thanks for sharing,brother!

ဂွတ် တယ်အကို။

ကျေးဇူးပါဗျာ

Interesting!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67328.17
ETH 2602.99
USDT 1.00
SBD 2.67