ဒိုင်းမွန်းမျှော်လို့ရပြီ
Steemmonsters Game မှာတော့ လက်ရှိအချိန် Gold League ကို ရောက်ရှိသွားပြီဖြစ်ပါတယ် အတိအကျ ဆိုရရင်တော့ Gold 1 မှာ အမြင့်ဆုံးထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ် ရွှေရောင်လိဒ်ရဲ့အမြင့်ဆုံး နေရာဖြစ်ပါတယ် သူ့ရှေ့မှာတော့ သိပ်ကို ရောက်ချင်နေတဲ့ ဒိုင်းမွန်းလိဒ်က စောင့်လို့ ကြိုနှင့်နေခဲ့ပြီဖြစ်ပါတယ် ဒိုင်းမွန်းကို ရောက်နိုင်ရေးဟာ ဒီရာသီလိဒ်ရဲ့ အမြင့်ဆုံးရည်မှန်းချက်ဖြစ်ပါတယ် ဒိုင်းမွန်းလိဒ်ကိုရောက်မယ်ဆိုရင် ရရှိမယ့် အကျိုးအမြတ်က ပိုမိုသာလွန်မှာဖြစ်ပါတယ် အခွင့်အရေးပိုမိုရနိုင်တာဖြစ်လို့ အရောက်သွားရပါလိမ့်မယ်ေ၇ာက်နိုင်ဖို့ကလည်း လက်တစ်ကမ်းအလိုမှာဖြစ်လို့ လွဲနိုင်စရာတော့မရှိပါဘူး မနက်ဖန်မှာ ရောက်နိုင်မယ်လို့တော့ ရည်မှန်းပါတယ်
ရာသီိလိဒ်ကလည်း ပြီးဆုံးခါနီးဖြစ်နေပါပြီ နောက်ထပ် နာရီသုံးဆယ်လောက်သာ လိုပါတော့တယ် အခုလိုအချိန်မှာ အခွင့်အရေးကောင်းတွေ ကံကောင်းခြင်းတွေ ထွက်ပေါ်လာတက်ပါတယ် ဒါကြောင့် အခုလို ရာသီသိမ်းခါနီး အချိန်တွေမှာ လွတ်မသွားရလေအောင် သေချာလေး ဂရုတစိုက် ကစားပေးနေရပါတယ် ဒေါ်လာများစွာ တန်တဲ့ အဖိုးတန်ကဒ်ကောင်းတွေက ဒီလို ရာသီလိဒ် သိမ်းခါနီးအချိန်မှာ ရတက်လေ့ရှိလို့ဖြစ်ပါတယ် တစ်ဖက်ကလည်း ဒိုင်းမွန်းလိဒ်ကို ရောက်နိုင်ဖို့ ကြိုးစားနေရသလို တစ်ဖက်မှာလည်း ကံကောင်းခြင်း ကဒ်ကောင်းလေးတွေ တန်ဖိုးများတဲ့ ကဒ်တွေ ရနိုင်ဖို့ ကိုယ်စွမ်းသမျှ အားထုတ်ကြိုးပမ်းနေရပါတယ် ဒီနေ့မှာတော့ ဂိုး ၀မ်းကို ရောက်နိုင်ခဲ့ပြီဖြစ်လို့ မနက်ဖန်လောက်မှာ ဒိုင်းမွန်းလိဒ်ရဲ့ အ၀င်တံခါးကို ခေါက်နိုင်မည်လား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်
ဒီနေ့အတွက် ကဒ်ကောင်းကောင်းတော့ မရလိုက်ပါဘူး မနက်ဖန်မှာတော့ ရဖို့ မျှော်လင့်ပါဦးမယ် ကံကောင်းခြင်းတွေက တိတ်ဆိတ်စွာ ပုန်းကွယ်နေတက်တာဖြစ်လို့ စိတ်ရှည်ရပါလိမ့်မယ် တစ်ကြိမ်တော့ တွေ့နိုင်မှာပါဘဲ ရာသီလိဒ်တစ်ခုမှာ အခွင့်အရေးကောင်းတစ်ခုတော့ ရလိမ့်မယ်လို့ ယုံကြည်ပါတယ် စတင်းမွန်း စတားဂိမ်းဟာ စတီးမစ်သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်တယ်ဆိုတာကိုတော့ အခုထိ လက်ခံပေးနေရတုန်းပါ အခြားဂိမ်းတွေ ဒေါင်းသွားပေမယ့် ဒီဂိမ်းကတော့ ဆက်လက် ဖွံ့ဖြိုးတိုးတက်လျှက်ရှိပါတယ် ကစားသူတိုင်း အခွင့်အရေးကိုယ်စီ အကျိုးအမြတ် ကိုယ်စီ ထုတ်ယူနိုင်တဲ့ နေရာတစ်ခုဖြစ်နေတုန်းပါဘဲ
This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)