အဆက်ဟောင်းကြီးနဲ့မိတ်ဆက်ပေးခြင်း
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်တဲ့ ဘယ်လိုလူက ဘယ်လိုစိတ်ကူးနဲ့ ဘယ်လိုအကြံအစည်
နဲ့များ ဒီစကားပုံတီထွင်ခဲ့လေသည်မသိပါလေ။ အ၀တ်အစားအသစ်လေးတွေ သူသူငါငါ မပြိုင်တောင် အလှဆုံးလေးရွေး
ဝတ်ကြသည်လေ။အဟောင်းအနွမ်းအပေါက်အပြဲ ဒိတ်အောက် ဒါတွေတော့ သင့်ရာတင့်ရာ လက်လှမ်းမှီရာလေးတွေ
ပေးတန်ပေးလိုက်သည်မဟုတ်ပါလော။အစားအစာ ရောဂါအခံမရှိတည့်သည်ဆိုလို့ကတော့ ဘယ်သူမှမတားနဲ့ စားမယ်
ဆွဲမယ် ပေါ့ အရသာရှိတာလေး ကိုယ့်စိတ်ကကောင်းတယ်လို့ ထင်တာလေး ကိုယ်ကြိုက်တာလေး ရွေးလို့ရနေရင်တော့
အကောင်းဆုံးကိုရွေးစားကြမည်မဟုတ်ပါလော။ဒါကတော့ ဒီလိုရှိတယ်ကွယ် အဟောင်းဆိုတာကလဲလေ အရင်ကတော့
အသစ်ကလေးမဟုတ်ပါလော။ အဲ..... ဒီလိုလဲဟုတ်ပေသားဘဲ။ကိုယ်လိုရာဆွဲ တွေးပြီးဘောင်ဝင်အောင်ရိုက်သွင်းရင်တော့
ပုံစံခွက်ထဲကနေ ပုံစံတူ ဘလောက်တုံးလေးတွေ အတိအကျထွက်လာပေမည်ပေါ့။ လေမခိုရင်ပေါ့လေ။ချွင်းချက်ကတော့
ထားမှရမည်ကိုး။ရှိစေတော့လေ....... ဒီနေ့ရေးမှာက အဆက်ဟောင်းကြီးအကြောင်းပါ။ ဒါလေးမရေးခင်
တည်ဘောလေး အရင်ကန်သွင်းထားတယ်တော့ မဟုတ်ပါလေ။ ဒီလိုလေးအစပြုထားမှ ယခုရေးသားမည့်အကြောင်း
အဆုံးသက်ကအဆင်ချောပေမည့်အတွက်ကြောင့်ရယ်မို့ အစအပျိုးလေးကို ဒီလိုဖွင့်လိုက်ရပေ၏။
သည်းခံလို့ဖတ်ပေဦးတော့ အို....အဆွေတို့ရေ......
ကျွန်တော်ဒီစတီးမစ်ဆိုတာကြီးကိုမတွေ့ခင် မကြင်နာခင် မချစ်မစွဲလမ်းခင် အချိန်ရှေ့အခါကပေါ့......အချိန်အားဖြင့်လွန်ခဲ့
သောခြောက်လကပေါ့ ဂိမ်းတစ်ခုကိုစွဲလမ်းနှစ်ခြိုက်စွာ ကစားနေခဲ့ပါတယ်။ဘယ်လောက်စွဲလမ်းခဲ့သလဲ ၇ူးသွပ်ခဲ့သလဲ
ဆိုသည်ကိုအောက်စာပိုဒ်တွင်တွေ့ရပါလိမ့်မယ်ဟုတ်ပါတယ်။ အများနည်းတူပါဘဲ စီအိုစီ ကိုရူးသွပ်ခဲ့တယ်လေ။
စတင်ကစားတုန်းကတော့ အပျော်ပေါ့ ဒီဂိမ်းကလဲအသက်အရွယ်အစုံကို ကစားခဲ့ကြတာကိုး ကိုယ်တွေလဲ ဘယ်လွတ်ပါ့မလဲ
ဲ စစခြင်းတော့ သိတဲ့အတိုင်းဘဲ တလွဲတွေအကုန်လုပ်ပါတယ်။ ကိုယ်မှမသိနားမလည်သေးတာလေ။ မေးရမှာလဲ
ရှက်သေးသကိုး။ဒီလိုနဲ့ ကလန်ပေါင်းများစွာ ၀င်လိုက်ထွက်လိုက်လူလေးတောင်းလိုက်ပေါ့။ အမှန်က ၀င်တာကမှန်ပါတယ်
ထွက်တာတော့မဟုတ်ရပါဘူး ကစ်ခံရလို့ထွက်လိုက်ရတာကများပါတယ် ကစ်ဆိုလဲ ကစ်ချင်စရာဘဲလေ ကိုယ့်တောင်းဟော
လေဘယ်က ခပ်သေးသေး ဟီးရိုးက ဟိုမရောက်ဒီမရောက်ရှိရမဲ့ အတွင်းပစ်စည်းတွေက မစုံမလင်။သဘောကောင်းတဲ့
ကလန်လီဒါတွေက အားနာပြီး ၀ါးထဲထည့်ပေးထား ကိုယ်ကစီနီယာအောက်ဆုံးမှာ ။ဝါးစပြီဟေ့ဆိုတာနဲ့ တက်ကြွတဲ့ကိုယ်လေ
စတိုက်တာပေါ့။ အပေါ်ဆုံးက တောင်းဟောတစ်ဆယ်နံပါတ်တစ် အိမ်နီနီကြီးကို။ ခြံစည်းရိုးတောင် မကျော်လိုက်ရပါဘူး
ဘလက်သရီးစတားရလိုက်တယ်။အိမ်လဲပြန်ဝင်ရောကလန်ကလဲ ဟောင်းလောင်းဖြစ်နေပြီ။ကစားဖော်တွေ ၀ိုင်းပြီးပရိတ်ရွတ်
တာတောင် မမြင်လိုက်ရပါဘူး။ဒီလိုနဲ့ နောက်ကလန်ထပ်လို့ရှာရတာပေါ့။ နာမည်ရှိတဲ့ကလန် လူပေးကောင်းတဲ့
ကလန်ဆိုဝင်မရတာ လက်မခံတာကများပါတယ်။
ဒီလိုနဲ့ဘဲ ကစားလာတာ လပိုင်းလောက်ရှိတယ် အ၀င်အထွက် အတက်အဆင်း သဘောလေးတွေနားလည်စပြုလာပြီလေ
ဟိုကကစ်လို့ ထွက်လိုက်ရ ဒီကကစ်လို့ ပြေးလာလိုက်ရနဲ့ ကြာတော့ နဲနဲတင်းလာတယ် ရှက်လာတယ် မခံချင်စိတ်လေး
နိုးကြားလာတယ်ပေါ့။ အဲ့ဒီနေ့ကစပြီး ကိုယ်ပိုင်ကလန်လေဘယ် တစ်ဆယ်ဖြစ်အောင်တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်
ထိုအခါက လေဘယ်တစ်ဆယ်ကအမြင့်ဆုံးပါ။ ချက်ချင်းကလန်ထောင်ပါတယ် ကိုယ်နဲ့ကိုယ်ဘဲတစ်ယောက်ထဲသုံးရက်
လောက်ပေါ့။တစ်ပါတ်လောက်နေတယ် ၀ါးစခေါ်လို့ရပြီ ဆယ်ယောက်ပြည့်ပြီလေ။နိုင်ပါတယ် ဆက်တိုက်လေးငါးပွဲ။
အရှုံးလဲရှိပါတယ် အနီနဲ့အစိမ်း အစိမ်းကများတယ်ပေါ့။ တစ်ခါက ဆယ့်ရှစ်ပွဲဆက်တိုက်နိုင်တယ်။ အားလုံးပျော်ကြတယ်
စည်းလုံးကြတယ်လေ။ အမှားလုပ်တဲ့သူကိုအပြစ်မပြောဘူး။ဒဏ်မပေးဘူး။နောက်တစ်ပွဲမှာအကောင်းဆုံးကြိုးစားပေးပါ
ဒါဘဲပြောတယ်။သူတို့ပျော်ကြတယ်။ဆယ်ယောက်ဝါး။နှစ်ဆယ်ယောက်ဝါး။လေးဆယ့်ငါးယောက်ဝါးကတော့ အကြိုက်ဆုံး
ဆင်ကွက်ပါဘဲ။လူများလေ စည်းလုံးမှုအားနည်းလေဆိုတဲ့ ဟာကွက်ဖော်မြူလာအတိုင်း နောက်ပိုင်းဆက်တိုက် လေးဆယ့်
ငါးယောက်ဝါးဘဲ ခေါ်တယ်။ကိုယ့်ဘက်က နှစ်ဆယ့်ငါးယောက်ကိုအမာခံ အသေခံပေါ့နော်။ အမှားမရှိအောင်ကြပ်မက်
စေတယ်။ အောက်အိမ်လေးတွေကို အရင်ဆုံးစစ်မျက်နှာဖွင့်စေတယ် သူတို့စိတ်ကြိုက်တိုက်ပြီးမှာ ကျန်တဲ့နှစ်ဆယ့်ငါး
ယောက်က အပေါက်လိုက်ဖာတယ်။ သူတင်ကိုယ်တင် ပွဲတွေကို အတိအကျတိုက်တယ်။အဆိုးဆုံး ပြိုင်ဘက်ကတော့
အင်ဒိုပေါ့။သူတို့နဲ့တွေ့ရင် အမှားတစ်ခုလုပ်တာနဲ့ ရှုံ့းတော့တာဘဲ။အင်ဒိုတွေရဲ့စည်းလုံးမှုနဲ့ ၀ါးစကေးကတော့လေးစားစရာပါ။
ဝါးတိုက်တဲ့နေရာမှာတစ်ချို့ကလန်တွေက စပိုင်လွှတ်တယ်။အတွင်းကလီစာတွေလာကြည့်တာလေ။အစပထမတော့ စပိုင်ကို
ကြောက်တာပေါ့။နောက်ပိုင်းမှာကိုယ့်ကလန်ရဲ့စည်းလုံးမှုအားနဲ့ဝါးစကေး ကိုယုံတယ်လေ။ပိတ်မထားတော့ဘူး။ဖွင့်လိုက်
တယ် စစ်ကိုဖွင့်ပြီးတိုက်တယ်။တစ်ချို့လာပြောကြတယ်။မင်းတို့ကလန် လူညီတယ်တဲ့။ မြန်မာချင်းဒဲ့တွေ့တဲ့နေဆို မညှာပါဘူး။
အသေအကြေတိုက်ကြပါတယ်။တကယ်ပျော်စရာအချိန်တွေရခဲ့တယ်လေ။ကလန်မှာစည်းကမ်းနှစ်ချက်ဘဲထားတယ်
ဝါးတိုက်ပါ။စစ်ကူပေးပါ။ ဒီနှစ်ခုဘဲ ကျန်တာဘာမှမတောင်းဆိုဘူး။ကစားဖူးတဲ့သူတိုင်းပျော်တယ် မထွက်ဘူး ။ကိုယ်တွေ
ကလဲ အကြောင်းမဲ့မကစ်ဘူး။အဲ့ဒီနှစ်ချက်နဲ့ညီရင် သူပျော်သလောက်နေဘဲ။ အဲ့ဒီကနေစလိုက်တာ တစ်နှစ်ခွဲ
လောက်ဘဲကြာပါတယ်။သီချင်းထဲကလိုပေါ့.....လူလဲအရိုးဘဲရှိတော့တယ်။ ညတွေနက်တယ် မိုးလင်းသွားတဲ့နေ့တွေ
များစွာရှိတယ်။အလုပ်အပျက်ခံပြီးကစားတယ်။ဝါးကောင်းတဲ့နေ့ အလုပ်ဘယ်လောက်အရေးကြီးပါစေ။ဝါးကိုအနိုင်တိုက်
ပါတယ်။အလုပ်ကိုနောက်ရက်ချိန်းယူပါတယ်။အစွန်းရောက်တက်တဲ့ စိတ်ကမကောင်းတာတော့မဟုတ်ဘူး
သေချာကြိုးကိုင်နိုင်ရင် အကျိုးများစွာဖြစ်စေနိုင်ပါတယ်။အဲ့ဒီလိုရူးသွပ်လိုက်တာကနေပေါ့.......အချိန်တွေကုန်ခဲ့တယ်
ကလန်လေဘယ်ဆယ့်တစ်ရောက်ပါတယ်။တောင်းဟောဆယ့်တစ်မက်ဖြစ်ဖို့ဝေါနဲ့ကင်းကွင်း
ဘဲကျန်ပါတယ်။ဟိုတစ်ချိန်စပြီးဆော့ကာစက ကစ်လွှတ်လိုက်တဲ့ကလန်တွေအားလုံးကိုကျော်တက်ခဲ့ပါတယ်။
မြန်မာအဆင့်တစ်ဆယ်ထဲထိအောင်ရောက်ခဲ့ပါတယ်။အမြင့်ဆုံး နံပါတ်လေးအထိရောက်ခဲ့ဖူးပါတယ်။ရန်ကုန်ရူနိုက်တက်
ကိုတော့ မမှီခဲ့ပါဘူး။အချိန်အားဖြင့် တစ်နှစ်ခွဲအတွင်းကို အဲ့ဒါတွေဖြစ်အောင်လုပ်ခဲ့တယ်။စီအိုစီသမားတိုင်း ဒီအချိန်ဒီလောက်
ဖြစ်လာဖို့ဆိုတာ အလွယ်တကူဟုတ်မဟုတ်နဲ့ ဘယ်လိုကစားမှရမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်
ဒါတွေ ပြောနေတာဘာအတွက်လဲ ဘာတွေအကျိုးရှိလဲ ဘာတွေအဖတ်တင်လဲ အခုဘာလုပ်လို့ရလဲ...........
အဲ့ဒီစီအိုစီကို မဆော့ခဲ့ရင် စတီးမစ်ထဲကိုခုချိန်မရောက်လောက်သေးပါဘူး မသိလောက်သေးပါဘူး။စီအိုစီ ၀ါးဘေ့လေးတွေ
ဖေ့ဘွတ်ပေါ်တက်ရှာရင်းက အမှတ်မထင် ဆရာ့ရဲ့ပို့စ်တစ်ပုဒ်ဖတ်မိတာကနေ အစပြုပြီးစတီးမစ်ထဲကိုခြေချလာခဲ့တယ်
စီအိုစီဆိုတဲ့ဂိမ်းနွံထဲကနေရုန်းထွက်နိုင်ခဲ့တယ်။ဖြတ်နိုင်ခဲ့တယ်။မဖြတ်လို့လဲမရဘူးလေ ။နှစ်ခုပေါင်းလုပ်လို့မှမရတာကိုး
တစ်ခုလိုချင်တစ်ခုစွန့်လွှတ်ရမှာပေါ့။ကိုယ့်စိတ်နေသဘောကလဲ ကိုယ်ဘဲအသိဆုံးကိုး ဒါဆိုဒါဘဲ ဖြူဆိုဖြူဘဲလေ။
အစွဲအလမ်းကြီးတဲ့ကိုယ့်အတွက်တော့ ပထမတစ်ပါတ်လောက်က အလူးအလဲပါဘဲ
စိတ်ကိုအတော်ချုပ်ထိန်းခဲ့ရတယ်။အရက်နာကျသလိုဘဲလား။ဘိန်းရင့်ထသလိုဘဲလား။ဂိမ်းနာကျတယ်ရင့်ထတယ်ဆိုပါစို့
ဒီလိုနဲ့ စတီးမစ်ကိုစာမျက်နှာအသစ်ဖွင့်နိုင်ခဲ့တယ်။စီအိုစီ မှာလုပ်ဆောင်ခဲ့တဲ့အတိုင်း စွဲလမ်းမှုတွေ ရူးသွပ်မှုတွေ
စူးစိုက်မှုတွေ အားတွေ မာန်တွေ ယုံကြည်မှုတွေ စွဲမြဲမှုတွေ အားလုံးကို စတီးမစ်အပေါ်မှာရာနှုန်းပြည့်ထိုးသိပ်
ထည့်ခဲ့တယ်။တစ်ခါတစ်ရံတော့သတိရတယ်။ ဖြတ်လို့ရတယ် မေ့လို့မှမရတာကိုး..................
စတီးမစ်မှာ ဆရာပြီးရင်ကျေးဇူးတင်ရမဲ့သူက စီအိုစီပါဘဲ......စတီးမစ်က စီအိုစီကစားရတာနဲ့ အတော်ကိုတူပါတယ်။

Author : @bobokyaw
Photos credit; Google Image
MSC-060
အရေးအသားတွေ .ဘယ်ကနေရောက်လာတာလဲငင်
စတီးမစ်ထဲကပါဘဲညီရေ
Wow..! ရေးသားပုံ မိုက်တယ်ဗျာ
အားကျ အတုယူပြီဗျာ
ကျေးဇူးပါညီရေ
ဖြိုးကြီးပါခွာ
ဗျာဗျာကိုအာကာ
အ်ဆက်ဟောင်ကြီးဆိုလို စိတ်ဝင်စားတာ
ဘယ်နဲ့ coc တဲ့ ကောင်လေးနောက်ာထာ :-)
ရေးမလို့ဘဲ မနည်းဘရိတ်နင်းထားရတယ် အစ်ကိုရေ
CoC က သွယ်ဝိုက်တဲ့ နည်းနဲ့ အကျိုးပြုနေတာပေါ့
အမှန်ပါဘဲ ကိုရွှေရောင်ရေ
18+ တွေဘာတွေများပါလေမလားလို့  .. :D
လုပ်နဲ့ ဒီထဲမရေးရဲဘူး
coc ကတော့ တော်တော်များများရဲ့
အဆက်ဟောင်းဖြစ်မယ်ထင်ပါတယ်။
သူလဲ စတီးမစ်လို ထရိတ်လို့ရရင် ပြန်သွားမယ်
coc crazy ဖြစ်ခဲ့တာ ဘဲ
ဟုတ်ပါတယ်ညီမရေ
Good post bro
ကျေးဇူးပါ ကိုသူ
coc တောင်လွမ်းသွားတယ်။မဆော့တာကြာပီဗျာ။
ဖြတ်လိုက်တာလဲ ကောင်းပါတယ်