အမဲလိုက်အက အပိုင်း(3)

in #myanmar8 years ago

9ri65f9117.jpg

စတီးမစ် ဒေါ်လာလမ်းမကြီးထက်က ရွှေမြန်မာအားလုံး မင်္ဂလာပါဗျ

ဒီနေ့တော့ ကျွန်တော့်ရဲ့ အမဲလိုက်အက ပို့စ်လေးအား လက်စသိမ်းပါမည်။

မောင်ဇော် အတွေးများ ပျံ့လွင့်လျှက်ရှိသည်ကို အဆုံးသက်လိုက်ရပါသည်။ချိန်းဆိုထားသော မိတ်ဆွေများရောက်လာသော
ကြောင့်ဖြစ်လေသည်။ သူတို့နှင့် အလုပ်အကြောင်းများ ရောက်တက်ရာရာများပြောဆိုရင်း မနက်ဆယ်နာရီပင် ထိုးလေတော့
သည်။ပြောလက်စ စကားများဖြတ်ကာ လဘက်ရည်ဆိုင်မှ ထွက်လာခဲ့လိုက်တော့သည်။ဒီအချိန်က အချိန်ကောင်းဖြစ်သည်။
အချို့လူများအယူအဆအရ ဆယ်နာရီဝန်းကျင်အချိန်သည် အောင်ခြင်းအတိတ်နိမိတ်များ အဆင်ပြေချောမွေ့ခြင်းများကိန်း
အောင်းရာ ဖြစ်ပေါ်စေရာ အချိန်ဟုဆိုကြလေသည်။ မောင်ဇော်ကတော့ လူငယ်ပီပီ ဒါတွေသိပ်အယုံအကြည်မရှိပါလေ။ သို့
သော် ၀ယ်လက်များရဲ့ သဘောအတိုင်း ဆယ်နာရီ ကျော်တာနှင့်အရောင်းအ၀ယ်စလုပ်မည်ဟု ဆိုသောကြောင့် သုံးဘီးရှိရာ
ရှမ်းကြီးအိမ်သို့ အချိန်မှီရောက်အောင် သွားစောင့်နေလိုက်သည်။ရှမ်းကြီးကတော့ မရှိပါလေ။ရှမ်းကြီးရဲ့ အမျိုးသမီးက သုံးဘီး
သော့နှင့် လိုအပ်သော စာရွက်စာတမ်းများထုတ်ပေးလေသည်။
bobo (1).png
ခဏအကြာမှာတော့ ၀ယ်လက်များရောက်လို့လာပါလေပြီ။သုံးဘီးအား ကျီးကန်းတောင်းမှောက် လှည့်ပါတ်ကြည့်ကြလေတော့
သည်။စက်နှိုးကြည့်သည်။ လီဘာတဗျင်းဗျင်း လုပ်ကြည့်သည်။ သုံးဘီးဘော်ဒီနှင့်ကြမ်းခင်းများအား တောင်ခေါက်မြောက်ခေါက်
တဂွက်ဂွက် ၀ိုင်းခေါက်ကြလေသည်။ဒါတွေကတော့ သူတို့ လုပ်နေကျအလုပ်တွေတည်း။အပြစ်အနာအဆာရှာကြလေသည်။
အားနည်းချက် အားသာချက်များ စာဖတ်ကြလေတော့သည်။ဈေးစကားစပြောရလေပြီ။ ငါးဆယ့်ခွန်နှင့် ဖွင့်ပေးလိုက်သည်။
များတယ် ဒီလောက်ဈေးမပေါက်ဘူးတွေ ဖြစ်ကုန်သည်။ တကယ်ယူဖြစ်ရင် အနည်းငယ်လျှော့ပါမယ် ဟု မျှားထားလိုက်သည်။
ဘီးအကြီးတောင် ငါးဆယ့်ရှစ်ဘဲပေါက်တယ်။မနေ့က မန့်ဝိန်းဂိတ်ရှေ့က ကွမ်းယာဆိုင်မှာ သွားကြည့်ထားသည်။အခု ဘီးက
ဘီးအသေး ငါးဆယ့်ခွန်က အလွန်များသည်။ ငါးဆယ့်သုံးပေးမယ်ဟု ဆိုလေသည်။ဒါတွေကတော့ သူတို့အလိုစကားများသာ
ဖြစ်ပါလေသည်။စ၀င်လာကတည်းက သုံးဘီးကို မျက်စိမခွါတမ်းကြည့်နေသည့် ၀ယ်လက်ကို အကဲခတ်ပြီးသား ။ဒီလူ ဘီးကိုတော့
ကြိုက်နေပြီ။ကြိုက်ရမယ်လေ။ဒီလို အကြောတင်းသေးသည့်ဘီး ရှားပါသည်။ ဘော်ဒီပိုင်းပြောစရာမရှိ။ တာယာသုံးလုံး အသစ်နီး
ပါးကောင်းသေးသည်။အင်ဂျင်သံကလဲ တင်းတင်းရင်းရင်းရှိသည်။ အားနည်းချက်က မိုးကာဘဲပြောစရာရှိလေသည်။
bobo (2).jpg
မန့်ဝိန်းဂိတ် ကွမ်းယာဆိုင်ကဘီးကအကြီးဖြစ်လေသည်။အကြီးက လူဆယ်ယောက်ဆံ့သည်။အသေးကလူရှစ်ယောက်ဆံ့သည်။
အမြဲလူအပြည့်မရနိုင်သည်ကိုရှင်းပြပေးလိုက်သည်။ပြင်ဆင်စားရိတ်တွင် အသေးက အမြဲသက်သာသည်ဆိုတာကိုထည့်ပြော
ပြပေးသည်။ဒီဘီးအတိုင်းသာဆို တစ်နှစ်မပြည့်ခင် ရှစ်လလောက်နှင့်အရင်းကြေသွားနိုင်သည်ကို တွက်ပြပေးလိုက်သည်။သူတို့
ခေါ်လာသည့် ပွဲစားနှင့်ခေါင်းချင်းရိုက်ကာ တီးတိုးတိုင်ပင်ကြလေသည်။မန့်ဝိန်းဂိတ်ကွမ်းယာဆိုင်က ဘီးနှင့်ယခုဘီးကို ချိန်ထိုး
နေခြင်းဖြစ်လေသည်။ ထိုစဉ်ခြံအတွင်းသို့ ဆိုင်ကယ်တစ်စီးဝင်လာသည်။ "ကိုမောင်ဇော် ရောင်းဘီး ရှိသေးလားဗျ" ဒီတစ်စီးဘဲ
ရှိတာပါ ဘာလို့လဲ" "ကျွန်တော့် သူဌေးက နှစ်စီးဝယ်ခိုင်းတာ အခုတစ်စီးတော့ရပြီ အသေးတစ်စီးလိုချင်သေးလို့ ကိုမောင်ဇော့်
ဆီမှာ အသေးရှိတယ်ဆိုလို့လာကြည့်တာ အကြီးကတော့ မန့်ဝိန်းဂိတ်ကွမ်းယာဆိုင်က ဘီးဆွဲလိုက်ပြီ ငါးဆယ့်ရှစ်နဲ့ရတယ်လေ
အခုဘဲစာချုပ်သွားဝယ်လာတာ" "အေးဗျာ ဒီမှာလဲ အရောင်းအ၀ယ်ကမပြတ်သေးဘူး ဒီလိုလုပ်ပါလား ညနေကျွန်တော်အကြောင်း
ပြန်ပါ့မယ်" ထိုမိတ်ဆွေလည်း သုံးဘီးအား လှည့်ပါတ်ကြည့်ပြီး ဈေးဘယ်လောက်ခေါ်သလဲမေးကာ ပြန်သွားလေတော့သည်။
bobo (4).png
တီးတိုးစကားဆိုနေကြသော ၀ယ်လက်များလည်း အသံတွေတိတ်သွားသည်။ ၀ယ်လက်ဖက်မှပွဲစားက မောင်ဇော့်အားအတက်
နိုင်ဆုံးနောက်ဆုံးဈေးလျှော့ပေးရန် ဆိုလေတော့သည်။ ငါးသောင်းလျှော့ပေးလိုက်သည်။ သူတို့ နောက်တစ်ခါထပ်မံပြီး ခေါင်းချင်း
ဆိုင်ကြပြန်သည်။ နောက်ဆုံးတော့ ငါးဆယ့်ခြောက်ရလျှင်ယူမည်ဟု ဆိုလေတော့သည်။ ထိုအခါမောင်ဇော်လည်း ထိုသူအား
လက်ဆွဲနှုတ်ဆက်လိုက်လေတော့သည်။သဘောတူညီမှုရကာ ဈေးစကားပြတ်သည်နှင့် အဆင်သင့်ပြင်ထားသော လိုင်စင်စာ
အုပ်များ စာချုပ်များအပိုင်းကို ခပ်မြန်မြန်ပင် ဆောင်ရွက်လိုက်ပါတော့သည်။သူတို့က လိုင်စင်နှင့်စက်ကိုက်ညီမှုရှိမရှိစစ်ဆေး
ကြသည်။မောင်ဇော်က ငွေထုပ်ကို ပြည့်မပြည့်စစ်ပါလေသည်။အားလုံးပြီးပြည့်စုံသွားသည်နှင့် ဒုတိယအကြိမ် လက်ဆွဲနှုတ်ဆက်
လိုက်ကြပြန်သည်။သူတို့ကသုံးဘီးအား စက်နှိုးပြီး ၀မ်းသာပျော်ရွှင်စွာနဲ့ ခြံအတွင်းမှထွက်ခွါသွားကြသည်။မောင်ဇော်ကတော့
ပိုင်ရှင် ရှမ်းကြီး၏ဇနီးထံငွေများအပ်နှံရန် အိမ်ထဲသို့ ၀င်သွားပါတော့သည်။
bobo (9).jpg
ညနေပိုင်း မှောင်ရီပျိုးစအချိန်လေးဖြစ်သည်။ ငါးသုံးလုံးဘီယာဆိုင်ရဲ့ဒေါင့်ကျကျနေရာတွင် မောင်ဇော်ရှိနေပါသည်။ ချိန်းဆိုထား
သောမိတ်ဆွေများအားစောင့်နေခြင်းဖြစ်သည်။စီးကရက်တစ်လိပ်အား ဟန်ပါပါခဲရင်း ဂိုက်ပေးကြမ်းလို့နေပါသည်။စားပွဲပေါ်တွင်
တစ်သောင်းတန် ငွေစက္ကူ ဆယ်ရွက်ကို ခေါက်လျှက်ချထားပါလေသည်။ခဏအကြာရောက်လာမည့် မိတ်ဆွေတို့အား ပေးရန်
ဖြစ်လေသည်။ ထိုစဉ် ဖုန်းဝင်လာလေသည်။ မန့်ဝိန်းကွမ်းယာဆိုင်မှ သုံးဘီးပိုင်ရှင်ဖြစ်သည်။ဒီနေ့ ဦးရှမ်းကြီးရဲ့ဘီးကိုရောင်းပေး
လိုက်သည်ကို သိရကြောင်း။သူ့သုံးဘီးမှာ အခြားပွဲစားထံအပ်ထားသည်မှာ တစ်ပါတ်ကျော်နေသော်လည်း ခုထိမထွက်သေးကြောင်း
သူ့မှာ အရေးပေါ်ငွေလိုနေတာဖြစ်သည့်အတွက် အမြန်ဆုံးရောင်းပေးပါရန် အပ်နှံလေသည်။ဈေးကလည်း ရှမ်းကြီးကဲ့သို့ပင်
ငါးဆယ်လောက်ရရင် အဆင်ပြေကြောင်းပြောပါလေသည်။မောင်ဇော် အားပါးတရပြုံးလိုက်မိပါလေသည်။

ဘီယာဆိုင်အတွင်းသို့ လူနှစ်ယောက်ဝင်လာလေသည်။မောင်ဇော်လက်လှမ်းပြလိုက်သည်။သူတို့နှစ်ယောက်မောင်ဇော့်ထံ
လျှောက်လာနေကြသည်။ ထိုလူနှစ်ယောက်သည် မနက်က လဘက်ရည်ဆိုင်တွင်တကြိမ်တွေ့ဆုံခဲ့သေးသည်။ သုံးဘီးရောင်း
နေသည့်အချိန်တွင်လည်း ထိုနှစ်ယောက်ရှိပါလေသည်။ ၀ယ်လက်ဘက်မှလိုက်ပါလာသော ပွဲစားဆိုသူတစ်ယောက်နှင့် အရောင်း
အ၀ယ်ဈေးစကားဆိုနေတုန်း ခြံအတွင်းသို့ဆိုင်ကယ်ဖြင့်ဝင်လာသော စာချုပ်လာဝယ်တာပါဆိုသည့်လူတို့ဖြစ်ကြလေတော့သည်။
ဘီယာဆိုင်ရဲ့ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် ရော့စ်ကာကြီးလေးဖြူရဲ့ သီချင်းတစ်ပုဒ် ပြသလျှက်ရှိနေသည်

ဆင်လိုလို.......သမင်လိုလို.......လူတွေကြားထဲ........ ကျားရဲဖြစ်မှ....ယှဉ်နိုင်တယ်
ငါကိုယ်တိုင် မသေချာတယ် ဘယ်လိုများလဲ........မုဆိုးဖြစ်လိုက်.......သားကောင်ဖြစ်လိုက်......
အမဲလိုက်အက.......ခွန်အားရှိမှ..........ဆုတံဆိပ်တွေ........ရလိမ့်မယ်.........................

စာဖတ်သူမိတ်ဆွေများ တကယ်လို့ မူဆယ်မှာ သုံးဘီး ကား ဆိုင်ကယ် တစ်ခုခုများ ရောင်းရန် ၀ယ်ရန် လိုအပ်ခဲ့ပါလျှင်
ကျွန်တော့် ဇာတ်လိုက်ကျော်ကြီး မောင်ဇော်နှင့်သာဆက်သွယ်လိုက်ပါဟု စကားလက်ဆောင်ပါးလိုက်ပါသည်။

ပြီးပါပြီ။

စတီးမစ် ဒေါ်လာလမ်းမကြီးထက်က ရွှေမြန်မာများ ချမ်းသာကြွယ်ဝကြပါစေဗျာ။
image
Author : @bobokyaw
Photos credit; Google Image

Sort:  

စိတ်​ချပါအစ်​ကို .. မူဆယ်​​ရောက်​လို့ သုံးဘီးဝယ်​စရာရှိရင်​ ​မောင်​​ဇော်​ကို ဆက်​သွယ်​လိုက်​ပါ့မယ်​ဗျ ... ဒါနဲ့ ဘယ်​မှာ လိုက်​ရှာရပါ့ ..😂😂

စတီးမစ်ထဲမှာဘဲရှာပါလေ

အကို့လို​ရေးနိုင်​ဖို့ကြိုးစားရအုံးမယ်

စိတ်ကူးပေါ်ရာချရေးတာပါဘဲညီရာ

Wow! nice post bobokyaw

Thanks for giving the news.

 I like your post very much. Keep it up. Stay blessed be happy.

You can check my article about Chill Vegan Lunch Ideas | for School or Work and give me your feedback!

You can find the article here Chill Vegan Lunch Ideas | for School or Work


Coin Marketplace

STEEM 0.04
TRX 0.32
JST 0.103
BTC 63426.97
ETH 1875.54
USDT 1.00
SBD 0.37