အတွေးလှိုင်းခက်သံ

in #busy6 years ago

@bobokyaw.jpg

ဒီည အိပ်မပျော်ဘူး အရင်ညတွေကကော ဒီအချိန် အိပ်ပြီလား မေးပေလိမ့်မည်
မအိပ်ပါ ဒီညအိပ်မပျော်ရခြင်းက ခပ်စောစောအိပ်ရာဝင်ဖြစ်ခဲ့သော်လည်း အိပ်မပျော်
နိုင်ခဲ့ အတွေးများက တရစပ်တွေးနေလေတော့ အိပ်ချင်စိတ်တို့ ဖြစ်ပေါ်မလာနိုင်ခဲ့ပါ
ဒါကြောင့် အိပ်မပျော်မယ့်အတူတူတော့ စာထရေးတာကောင်းမည်ဟု အတွေးရကာ
အိပ်ရာထက်မှ တစ်ဖန် စာရေးစားပွဲဆီ နေရာရွှေ့ရလေတော့သည်
စာရေးစားပွဲပေါ်ရောက်တော့ ဘာရေးရရင်ကောင်းမလဲ ထုံးစံအတိုင်း ဦးတည်ချက်ရှာ
ရတော့သည် အထူးအထွေမရှိ ထုံးစံအတိုင်း ဖြစ်နေကျအတိုင်းသာတည်း
ဟုတ်ပြီလေ စောနတုန်း အတွေးတွေကို ချရေးလိုက်တာပေါ့ ဘာခက်တာမှတ်လို့
ဘာတွေ တွေးမိနေသလဲ ဘာအတွေးတွေက အိပ်မပျော်စေနိုင်သေးတာလဲ
အတွေးဆိုတာက ထူးဆန်းသော အရာဟု ယုံကြည်သူလည်း ရှိမည် ဖြစ်လေ့ဖြစ်ထ
ရှိသော အခြေအနေဟုလည်း သုံးသပ်သူရှိသည်။ အဘယ်သို့ဖြစ်ပါစေ အတွေးတို့သည်
အမှန်တကယ် ရှိသော အရာသာဖြစ်ပေသည်။
သင်္ဘောကြီး တစ်စင်း အကြီးကြီးမှ တကယ့် ဟဲဗီးကြီး လူတွေလည်းအများကြီး
သဘောင်္တစ်စင်းလုံး ငရဲပွက်နေသလို ဆူညံနေတယ် ပြေးလွှားတိုးဝှေ့နေကြတယ်
မျက်စိထဲ ပြေးမြင်မှာက တိုက်တန်းနစ်သင်္ဘောကြီးပေါ့ ဟုတ်ပါတယ် အဲ့ဒီဇာတ်ဝင်ခန်းကို အတွေးရောက်နေခဲ့တာဘဲ
သင်္ဘောကြီးက နစ်နေပြီ လွတ်မြောက်ရာလမ်းရှာသူတွေ အသက်ဥာဏ်စောင့် အားကိုးရာရှာကြပြီ
မလွတ်မြောက်နိုင်တာ သိသွားတဲ့ လူတစ်ချို့ နောက်ဆုံး အချိန်ကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နေတာ မြင်ရလိမ့်မယ်။ အချို့က ဂီတနဲ့အတူ အရာအားလုံးကို မေ့လိုက်ကြတယ်။ အချို့က ချစ်ခင်နှစ်သက်ရသူနှင့်အတူ ရောက်လာတော့မယ် တစ်စုံတစ်ရာကို စိတ်ချလက်ချစောင့်နေကြပြီ
အချို့က လွတ်မြောက်ရာအတွက် အခွင့်အရေးကို လှည့်ပါတ်ယူငင်ကြပြီ
မြင်မြင်သမျှ မြင်ကွင်းတွေက အသက်ဝင်လှပါတယ် စိတ်ဝယ် စွဲမြဲစေခဲ့ပါတယ်
ပြန်တွေးကြည့်တာတောင် ကိုယ့်မျက်စေ့ရှေ့မှာ တကယ်ဖြစ်နေသလို အဲ့ဒီအရေးထဲ
ကိုယ်တိုင်ပါဝင်နေရသလိုဘဲ။ တကယ်ပါဝင်ခဲ့ရင်ကော ဘယ်နေရာက လူဖြစ်မလဲ မင်းသားမင်းသမီးနေရာတော့ ဖယ်ထားလိုက်ပါ။ အခြားနေရာတစ်ခုခုပေါ့
ကိုယ့်အကြိုက်ဆုံး ဟီးရိုးနေရာတစ်ခုကတော့ သင်္ဘောမောင်းနှင်သူ ကပ်ပတိန်ရဲ့ နောက်ဆုံး လုပ်ရပ်ကို အကြိုက်ဆုံးဘဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63098.06
ETH 2563.30
USDT 1.00
SBD 2.83