တပ်လှန့်သံတော့ ပေးလေပြီ

in #steempress6 years ago


https://nextcolony.io

အာကာသဂိမ်းမှာ အလိမ်အညာတွေ ရှိနေနိုင်တာတော့ အားလုံးအသိဘဲဖြစ်ပါတယ် မသိချင်ယောင် ဆောင်ပြီး နေရတာကလွဲလို့ပေါ့ ဒါကလည်း သူတို့အခွင့်အရေးဖြစ်ပါတယ် သူတို့စည်းကမ်းတွေကို သဘောတူညီချက် ပေးထားရပြီးဖြစ်လို့ စောဒကတက်စရာတော့ မရှိပါဘူး သိထားရမှာတော့ဖြစ်ပါတယ် လုပ်ချင်သလိုလုပ်နေတာမဟုတ်ပေမယ့် သူတို့လုပ်နေတာတွေကတော့ သူတို့သဘောအတိုင်း အပြည့်အ၀ လုပ်ဆောင်နိုင်အောင် အစကတည်းက ဖန်တီးရေးဆွဲပြီးသားဖြစ်လို့နေတာတွေ့ရပါတယ် သရေကွင်းလိုပါဘဲ သူတို့သဘောရှိ ပြုပြင်ဖန်တီးနိုင်တယ်ပေါ့ များမကြာခင်မှာ အပြောင်းအလဲတွေ စတင်လာဖွယ်ရှိနေတာကြောင့် ဘယ်လိုများလဲဆိုတာတော့ စောင့်ကြည့်နေရတုန်းပါဘဲ

အရင်တစ်ခါ တွေးဖူးထားသလိုပါဘဲ နောက်ထပ် စာမျက်နှာတစ်ခု လှန်ရနိုင်တယ်ဆိုတာ အခုတော့ အဲ့ဒါက တကယ်ဖြစ်လာနေပါပြီ လက်ရှီရှာဖွေနေတဲ့ ဧရိယာအ၀န်းအ၀ိုင်းထဲမှာ လီဂမ်းဂြိုလ် မရှိဘူးလို့ မှန်းဆနိုင်ပါတယ် ဒါဆိုနောက်စာမျက်နှာအသစ်မှာ ထည့်သွင်းလာဖွယ်ရှိပါတယ် လက်ရှီဧရိယာအတွင်းမှာလည်း အစကတည်းက ထည့်မထားတာလည်းဖြစ်နိုင်သလို အစီအစဉ်ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ် ရှာဖွေစရာနယ်မြေတွေကလည်း တဖြည်းဖညြ်းကျဥ်းမြောင်းလာခဲ့ပြီဖြစ်ပါတယ် တကယ်လို့သာ လက်ရှီမြင်တွေ့ရတဲ့ ဂလက်စီထဲမှာ လီဂမ်းရှိနေတယ်ဆိုရင်လည်း ဒါဟာ တရားမျှတမှု အားနည်းတယ်လို့ဘဲ ဆိုရမယ်မဟုတ်လား ဘာလို့လဲ ကိုယ့်ရဲ့ မူလဧရိယာအနီးအနားမှာ ရှာဖွေစရာနယ်မြေကုန်ဆုံးခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ အခုရှာနေတာ သူများနယ်မြေတွေလေ

နောက်ထပ် စာမျက်နှာတစ်ခု ဂလက်စီတစ်ခု ရောက်လာခဲ့ရင် ဘယ်အရာတွေက အထောက်အကူဖြစ်စေမှာလဲ ဒါကတော့ တင်ကြိုပြင်ဆင်ထားလို့ရနိုင်တာတွေအတွက် တွေးတာပေါ့ အဘက်ဘက်ကတော့ အားသာချက်တွေ ရှာကြည့်နေတာပါဘဲ အားနည်းချက်တွေကတော့ ကိုယ်က ပြုပြင်ဖာထေးလို့ရတာရှိသလို မရတာတွေလည်းရှိတယ်လေ ဒီတော့ အားသာချက်တွေကို ဦးစွာ အာရုံစိုက်ရပါတယ် လီဂမ်းဂြိုလ်ရရင် အကျိုးအမြတ်ရမယ် ဒါကတော့ လူတိုင်းနားလည်ပါတယ် အဲ့ဒီဂြိုလ်က အနည်းငယ်သာဖြစ်လို့ လူတိုင်းစေ့မရနိုင်တာတော့ သေချာပါတယ် သဘောက အခုမှ တာလွှတ်မယ့် အခြေအနေဖြစ်ပါတယ် ကစားသူတိုင်း အခွင့်အရေး တန်းတူ ရှိသေးတယ.်ပေါ့ ဒါက အကြမ်းအားဖြင့် ဒီလိုဘဲ တွေးရမှာပါ

လီဂမ်းဂြိုလ်ကျလာမယ့်အချိန်က ခန့်မှန်းရသလောက်တော့ အကျိုးအမြတ် စတင်တဲ့အချိန်ဖြစ်မလားဘဲ နောက်ထပ်စာမျက်နှာ လှန်မှ ဆိုရင်တော့ အချိန် အနည်းငယ် ထပ်စော်င့်ရဖွယ်ရှိတယ် လက်ရှိစာမျက်နှာမှာတော့ မရှိဘူးလို့ ခန့်မှန်းထားပေမယ့် သူတို့ ပေးချင်ရင်လည်း ပေးနိုင်တာဘဲလေ ဂလက်စီရဲ့ အလယ်ဝန်းကျင်မှာ ရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့တော့ ထိပ်ပိုင်း ဆရာတွေ ရှာနေတာ နှစ်လ၀န်းကျင်လောက်ရှိနေပါပြီ ခုထိမရကြသေးဘူး အလယ်အူကြောင်းလည်း စကာပေါက် ဖြစ်နေပါပြီ နယ်မြေများစွာတော့ ကျန်သေးတယ် အဲ့ဒီအ၀န်းအ၀ိုင်းထဲမှာ ကုန်အောင် ရှာကြဦးမှာပါ ကိုယ်လည်း နေရာတစ်ခုတော့ ရထားတယ် ကံတရားပေါ့ ဒါလည်း ထီထိုးသလိုပါဘဲ ရှာနေသူအတွက် မျှော်လင့်ခွင့် အပြည့်ရှိတယ်လေ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/13/%e1%80%90%e1%80%95%e1%80%b9%e1%80%9c%e1%80%bd%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%b6%e1%80%b1%e1%80%90%e1%80%ac%e1%82%94-%e1%80%b1%e1%80%95%e1%80%b8%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%ae/
Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.035
BTC 111003.43
ETH 4315.85
SBD 0.84