နှေးကွေးလှသောဂိမ်း

in #steempress5 years ago


https://nextcolony.io

အာကာသဂိမ်းကြီးက တော်တော်လေးကို အလုပ်ပေးလွန်းလှပါတယ် မနက်ကတည်းက ကစားနေတာ ခုညရောက်တာတောင် အလုပ်တစ်ဝက်မကျိုးနိုင်သေးပါဘူး အပ်ဒိတ်တစ်ခု တင်ဖို့အရေး လေဗယ်တစ်ခုမြှင့်ဖို့အရေးကို အ၀ိုင်းလည်တာ ထိုင်စောင့်နေရပါတယ် ဒီအတိုင်းသာဆိုရင်တော့ ကြာရင် အတော်ကိုမလွယ်လောက်ပါဘူး ကိုယ်က ဘယ်လောက်မြန်အောင် ကြိုးစားသော်လည်း သူ့အ၀ိုင်းလည်တာ ထိုင်စောင့်နေရတာနဲ့တင် အလုပ်က မဖြစ်တော့ဘူး ရှေ့ကို မရောက်နိုင်တော့ပါဘူး ဂိမ်းက အလွန်နှေးကွေးလှပါတယ် ဒီထက် မြန်အောင် လုပ်ပေးရင်တော့ တော်တော်လေး အဆင်ပြေမှာပါ အခုက ကစားသူတွေဘဲ များလို့လား ဂိမ်းကိုဘဲ တမင်တကာနှေးထားတာလား အောရီဂျင်နယ်ကိုကဘဲ နှေးကွေးသော၈ိမ်းဖြစ်နေသလား မသိပါဘူး နှေးတာကတော့ အတော်ကို နှေးပါတယ် ဂြိုလ်တစ်လုံး လေဗယ်တင်ဖို့အရေး ဆယ်မိနစ်လောက် အနည်းဆုံး ကုန်နေတာတော့ အဆင်မပြေပါဘူး

ဆေးဝါးဂိမ်း ဒီကောင်ကိုတော့ မကစားဖြစ်တော့ဘူး အချိန်မလောက်လို့ပါ သူ့ထဲ တော့ တစ်ရက်တစ်ကြိမ် ၀င်ကြည့်ဖြစ်ပါတယ် အပ်ဗုတ်တောင်းကောင်းအောင် တစ်ပွဲတလေတော့ ၀င်ကစားပေးတယ် စစ်သားတွေလည်း မထုတ်ဖြစ်တော့ပါဘူး တိုက်ပွဲလည်း မရှာဖြစ်တော့ပါဘူး သူ့ဆီက အပ်ဗုတ် တစ်ချက် ရနေလို့သာ ၀င်ကစားနေတာပါ အဲ့ဒိအပ်ဗုတ်ကြီးရပ်ရင်တော့ ကိုယ်လည်း ရပ်မှပါ အခုနောက်ပိုင်း အပ်ဒိတ်အသစ်ကြီးနဲ့လည်း မကစားတက်တော့ပါဘူး အရင်က ထုတ်ထားတဲ့ စစ်သားလေးတွေနဲ့ဘဲ ဒီအတိုင်း ပြစ်ထားလိုက်ပါတော့တယ်

စတင်းမွန်းစတားကိုလည်း မကစားဖြစ်တော့ပါဘူး ဒီကောင်းလည်း အချိန်ပေးရပါတယ် ဂိမ်းတစ်ခုကစားနေရင် နောက်ဂိမ်းတစ်ခုကို အချိန်ခွဲပေးနေရတာ မလိုချင်တော့ပါဘူး အာကာသဂိမ်းက အချိန်စားလွန်းးတော့ ရှေ့က နောင်တော်ကြီး ဂိမ်းတွေကို စွန့်လွှတ်ရပါတယ် ဒီကော်င့်ဆီကတော့ အပ်ဗုတ်မရတော့ပါဘူး တိုကမ်တွေလည်း မယူဖြစ်တော့ပါဘူးရာသီလိပ် တစ်ပွဲမှာ ကဒ်ငါးခုတော့ ယူဖြစ်ပါတယ် ဒိလောက်ပါဘဲ စတီးမစ်ပေါ်က ဂိမ်းတွေက တော်တော်လေးကို အိုးနင်းခွက်နင်းနိုင်ပါတယ် မကစားသူတွေတော့ စိတ်ချမ်းသာပါတယ် ကစားထားမိသူကတော့ မုန့်လုံး စပ်ကူကပ်နေတာပါဘဲ ပြီးကို မပြီးနိုင်တော့ဘူး စတင်းလေးတွေတော့ ရတာပေါ့လေ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/09/%e1%80%b1%e1%82%8f%e1%80%bd%e1%80%b8%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%9c%e1%80%bd%e1%80%b1%e1%80%9e%e1%80%ac%e1%80%82%e1%80%ad%e1%80%99%e1%80%b9%e1%80%b8/
Sort:  


@bobokyaw, sorry to see you have less Steem Power.
Your level lowered and you are now a Red Fish!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63209.62
ETH 2570.91
USDT 1.00
SBD 2.76