စတီးမစ်နှင့် နှစ်ကူးခြင်း
ဒီနေ့ကတော့ မဟာသင်္ကြန် အကျနေ့ဖြစ်ပါတယ် ဒီနှစ်သင်္ကြန်က ဘယ်လိုတွေ ဘယ်လိုဖြစ်တယ်မသိပါဘူး အိမ်အပြင်ကိုတောင် မထွက်မိတော့ပါဘူး အိမ်ထဲမှာဘဲ စားလိုက် သောက်လိုက် နဲ့ အချိန်တွေကုန်နေလိုက်ပါတယ် စတီးမစ်နဲ့ဘဲ အချိန်တွေကို ဖြတ်ကျော်နေမိပါတယ် ဒီအချိန်လေးဘဲ နားနားနေနေ နေခွင့်ရလေတော့ စတီးမစ်ကို အင်တိုက်အားတိုက် အသုံးချနေမိပါတယ် အရင်တုန်းက အလုပ်က တစ်ဖက်နဲ့ဆိုတော့ စိတ်ရှိတိုင်းမလုပ်နိုင်ခဲ့ပါဘူး စာရေးတာတောင် အလောသုံးလေးငါးဆယ်နဲ့ ဖုတ်ပူမီးတိုက် ကဗျာကရာ ရေးတင်ခဲ့ရတာပါ
အခုတော့ အဲ့တုန်းက မအားခဲ့လေသော အချိန်များအတွက် အတိုးချပြီး လုပ်ချင်တာတွေ လုပ်သင့်တာတွေကို တန်းစီပြီး တစ်ခုပြီးတစ်ခု လုပ်နေပါတယ် ဟိုတုန်းကတော့ အလုပ်တွေ ဘာတွေ နားပြီး စတီးမစ်ကိုဘဲ ဇောက်ချ လုပ်တော့တယ်ဆိုတဲ့ ဂရုကြီးများရဲ့ အိုင်ဒီယာကို အလွန်သဘောကျခဲ့မိပါတယ် အားကျခဲ့မိပါတယ် အဲ့တုန်းကတော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ် စတင်းဈေးကလဲကောင်း စတင်းပါဝါကလည်း အင်မတန်များ စတီးမစ် မိတ်ဆွေတွေကလည်း အင်အားတောင့်တင်း ဒီလို လူတွေကတော့ အလုပ်နားပြီး စတီးမစ်လောကထဲ ခြေစုံပြစ်ဝင်တယ်ဆိုတာ အင်မတန် သင့်လျှော်မှန်ကန်မယ် ထင်ပါတယ်
အခုလိုအချိန်မှာတော့ ဂုရုကြီးတွေလည်း တပိန်ပိန် တလိန်လိန်ပါဘဲ အလုပ်မလုပ်ဘဲ စတီးမစ်တစ်ခုထဲ လုပ်နေရင်တော့ မွဲပြာကျသွားနိုင်ပါတယ် အလုပ်လုပ်စရာမလိုအောင် ချမ်းသာပြည့်စုံနေရင်တော့ ချွင်းချက်ပေါ့လေ မဟုတ်ရင်တော့ စတီးမစ် ၀င်ငွေတစ်ခုတည်းနဲ့ တိုင်တွေပါတ်ပြီး ရွာတွေလည်သွားနိုင်ပါတယ် ဒါပေမယ့် အချို့သော ဂရု ကြီးတွေတော့ ဒီလို အလုပ်မလုပ်ဘဲ စတီးမစ်ထဲ ရှိကောင်းရှိနေနိုင်ပါတယ် ဒါကလည်း အနည်းအကျဉ်းလောက်သာ ဖြစ်မယ် ထင်ပါတယ် စတင်းပါဝါ သိန်းဆယ်ဂဏန်းလောက်နဲ့ဆိုရင်တော့ မထောင်းသာလောက်ဘူးထင်ပါတယ်
အဲ့သလို အခြေအနေလေးကို အလွန်သဘောကျပါတယ် စတီးမစ်ကို လုပ်ကိုင်ရတာ စိတ်ကော လူကော တက်တက်ကြွကြွရှိနေပေမယ့် နေ့စဉ် ၀မ်းစာရေးနဲ့ နေ့စဉ် ၀င်ငွေ ကို စတီးမစ်က မဖေါ် ဆောင်ပေးနိုင်လေတော့ စတီးမစ်ကို အပျော်သဘောနဲ့ အပိုလမ်းကြောင်းတစ်ခုအတွက်သာ လုပ်ကိုင်ရပါတယ် တကယ်စိတ်ထဲမှာတော့ မျှော်လင့်ပါတယ် ကိုယ်လည်းဝါသနာ အလွန်ပါသော စိတ်ပါဝင်စားလေသော စတီးမစ်ကို ၀မ်းစာအတွက် မပူပင်ရလေသော အထောက်အပံ့တွေနဲ့ အချိန်ရှိတိုင်း လုပ်ကိုင်ချင်မိတာပါဘဲ
အခုတော့ အဲ့ဒီအခြေအနေလေးကို ရက်ပိုင်းမျှ စိတ်အယားဖြေခွင့်ရပါတယ် သင်္ကြန်ရက်တွေမှာ ထိုကဲ့သို့ နေနိုင်လုပ်နိုင်ပါတယ် ဒါလည်း ဆိုးတော့မဆိုးပါဘူး ဖီလင်ကတော့ အလွန်မိုက်ပါတယ် စတင်းတွေ ရနိုင်သမျှ တွန်းရှာလိုက် ဖန်ချင်တာလေးတွေ လှန်လှော ရှာဖွေဖတ်လိုက် အရင်က အချိန်မအားလို့ မလုပ်ခဲ့ရတာလေးတွေ တေးထားတာလေးတွေကို အညှိုးနဲပ တွန်းလုပ်လို့ရနေပါတယ် ဒီလို ဖီလင်မျိုးကို နေ့စဉ် နေ့တိုင်း ခံစားချင်ပါတယ် ငွေအရင်းအမြောက်အမြားရှိတဲ့တစ်နေ့ စတီးမစ်နှင့် အွန်လိုင်းမန်းနီး ပေါ်မှာဘဲ အချိန်တွေကိုကုန်လွန်ချင်ပါတယ်
နှစ်ကူးအခါမယမှာ ဘယ်ကိုမှ မသွားချင် ဘယ်ကိုမှမရောက်ဖေ့ဘုတ်လည်းမပွတ်ဘဲ စတီးမစ်နှင့် ဂိမ်းတို့ကြား လက်မလည်အောင် အလုပ်အလွန်များပြားလို့ နေပါကြောင်း စိတ်ချမ်းသာပျော်ရွှင်မှု ရနေပါကြောင်း
Author : @bobokyaw
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/14/%e1%80%85%e1%80%90%e1%80%ae%e1%80%b8%e1%80%99%e1%80%85%e1%80%b9%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%82%94-%e1%80%94%e1%80%bd%e1%80%85%e1%80%b9%e1%80%80%e1%80%b0%e1%80%b8%e1%80%bb%e1%80%81%e1%80%84/