ဝင်လာမစဲတသဲသဲ

in #busy5 years ago (edited)

ဒီမနက်တော့ စောစောစီးစီး လာဘ်ဝင်ပါတယ် အထူးအဆန်းတော့မဟုတ်ပါဘူး
စတင်းမွန်းစတား ဂိမ်းကနေ စတင်းသုံးဆယ်ကျော် ရောက်လာခြင်းပါဘဲ
ဒီအတိုင်းတော့ အလိုလို ရောက်လာတာ ဘယ်ဟုတ်ပါ့မလဲ
မနေ့ညက ဆယ်ဒေါ်လာတန် ဟီးရိုး တစ်ကောင်ကို အရောင်းတင်လိုက်ခြင်းပါဘဲ
ဒီမနက်ရောက်တော့ အဲ့ဒီအကောင်လေး အရောင်းအ၀ယ်ဖြစ်သွားလို့ စတင်းသုံး
ဆယ်ကျော်ဝင်လာခြင်းပါ
လက်ရှိပေါက်ဈေးအရဆိုရင်တော့ ဆယ်ဒေါ်လာ မြန်မာငွေ တစ်သောင်းခွဲဝန်းကျင်ပေါ့
သိပ်တော့ များတယ်မဟုတ်လှပါဘူးဘူး မနည်းဘူးလို့ ဆိုရင်လည်း ရနိုင်ပါတယ်
ကိုယ်က မျိုးစေ့စုတာဆိုတော့ ပိုလို့ပင် အကျိုးအမြတ်ရှိလာမယ်လို့ ယူဆထားပါတယ်
ဘယ်မျိုးစေ့လဲ...... စတင်းမျိုးစေ့ပါ .......
စတင်းက မကြာခင် သို့တည်းမဟုတ် တစ်ချိန်ချိန်မှာ ဈေးတက်မယ်လို့ အများက ယုံကြည်ကြတယ်
ကိုယ်လည်း ယုံကြည်တယ်လေ ဒါကြောင့် စတင်းကို အရူးအမူး ရှာနေတာပေါ့
အခုရတဲ့ စတင်း သုံးဆယ်ကျော်က လက်ရှိပေါက်ဈေး ဆယ်ဒေါ်လာပါဘဲ
နောင်တစ်ချိန်မှာတော့ စတင်းဈေး တက်သွားမယ် အဆမတန်တက်မယ် နည်းနည်းတက်မယ်
ဘယ်လိုတက်တက် လက်ရှိပေါက်ဈေးထက် သာလွန်သွားမယ်လေ
ဆိုကြပါစို့ ယခင်က ၀မ်းစတင်းကို ရှစ်ဒေါ်လာတက်ခဲ့တယ် ကွိုင်တွေ အားကောင်းစဉ်ကပေါ့
အခုလည်း တက်မယ် ....ထားပါ ရှစ်ဒေါ်လာ မရောက်ပါနဲ့ဦး ငါးဒေါ်လာလောက် ကြားချပြီးတက်သွား
လိမ့်မယ်သဘောထားကြည့် ယနေ့ရတဲ့ စတင်း သုံးဆယ်ကျော်က ဘယ်လောက်တန်သွားမည်လဲ
ဟုတ်ပါတယ် ဒေါ်လာ တစ်ရာ့ငါးဆယ် တန်သွားမှာဖြစ်ပါတယ် ဟာ........ဟုတ်ပါ့မလား
ကျုပ်တွက်ကြည့်တာတော့ အဲ့သလောက်ရတယ်ဗျာ ထူးထူးဆန်းဆန်းကြီးပါလား
ဂိမ်းထဲက ကဒ်လေး တစ်ကဒ်ရောင်းတာ မြန်မာငွေနဲ့ နှစ်သိန်းကျော်လောက်ရမယ်ဆိုတာ
မယုံမရှိနဲ့ဗျ အခုကျုပ်ထိုင်တွက်ကြည့်ထားတာ အဲ့အတိုင်း ရနိုင်တယ်
တွက်ရေးကတော့ စက်သူဌေးပေါ့ဗျာ
ဘာမှမလို ဈေးတက်ဖို့ဘဲလိုတယ် လက်ထဲမှာတော့ စတင်းတွေ များများရှိထားဖို့လိုတာပေါ့
ဒါကြောင့် ရောင်းလို့ရတာမှန်သမျှ လက်ရှိပေါက်ဈေးနဲ့ အကုန်ချရောင်းနေပါတယ်
ကိုယ် လက်တင်သုံးတဲ့ စစ်တပ် တစ်တပ်တည်းကိုဘဲ အမာခံထားပြီး ကျန်တာ အကုန်လုံးကို စတင်း
လေးတွေဖြစ်အောင် ပြောင်းထားပါတယ်
ယုံကြည်မှုနဲ့ကံတရား တစ်ထည်းတည်းကျရင်တော့ ထောပြီပေါ့ဗျာ

Author : @bobokyaw
@bobokyaw.jpg

Sort:  

တစ်ချိန်ချိန်မှာ ဈေးတက်မယ်လို့တကယ်ထင်နေတာပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85