Steemit နှင့် ပတ်သက်၍ (ရောက်တတ်ရာရာ)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
Steem ဈေးလေးက USD 0.25 $ လောက်ထိ
ကျသွားခဲ့ပြီး တအိအိနဲ့ 0.3 ကျော်လာလိုက် ကျသွားလိုက်...
ထိုမှ 0.4 ကျော်လာလိုက် ကျသွားလိုက်ဖြင့်
ယခုလောလောဆယ်မှာတော့ 0.5 ကျော်လာခဲ့ပြီး
ပြန်ကျလိုက် တတ်လာလိုက် ဖြစ်နေသည်ကို
ကြည့်ရခြင်းအားကြောင့် ဈေး ခိုင်မာမှု ဦးစားပေး
အရင်းပြုနေသည် ထင်ပါသည်။

DrugwarS Game နှင့်အတူ လှုပ်လီလှုပ်လဲ့ ဖြစ်လာခဲ့သော
MSC အဖွဲ့ဝင်များ၏ Promotion post လေးများလည်း
ခါတိုင်းထက် ပိုများလာခဲ့သည်။
MSC သည် အထူးသဖြင့် Promotion တစ်ခုတည်းသာ
SP တိုးရေး upvote ရရှိစေရန် လုပ်ဆောင်နေခြင်း
ရှိနေသည်။ eSteem and Partiko app တို့ကို
အသုံးပြု upvote ရယူခြင်းများလည်း ရှိသည်။
Steemhunt နှင့် Actifit ကိုတော့ ဆောင်ရွက်မှု နည်းသည်။

အခြားသော Steemit Myanmar User အဖွဲ့ အချို့
ကတော့ အခြားသော Upvote ရစရာ အစီအစဉ်များကို
လုပ်ဆောင်နေကြသည်။ ကောင်းသော ဆောင်ရွက်ချက်များပေ။

MSC သည်လည်း အဖွဲ့ဝင်များ စုပေါင်း၍
Steemit ကို အခြေခံကာ ပြင်ပစီးပွားရေး အစီအစဉ်
တစ်ခုခု ဆောင်ရွက်ဖို့ စိတ်ကူးရှိကြပါသည်။
မည်သူတွေ ပါဝင်၍ မည်သို့သော အရာများ ဆောင်ရွက်စီမံ
ဖြစ်မည်တော့ မသိသေး။

ကျွန်တော်သည်ကား မနက်မိုးလင်းလာသည်နှင့်
ဖုန်းလေးကို ဖွင့်ကာ Steemit အခြေအနေ ၊
DrugwarS အခြေအနေတွေကို ဝင်ရောက်ကြည့်ဖြစ်သည်။
နေ့စဉ် Active ဖြစ်နေစေရန် နိုင်ခြေရှိသော
အကောင့်များကို တိုက်ခိုက်ဖြစ်သည်။ ပုံမှန် ဝင်ငွေ အဖြစ်
Steem 0.7 ဝန်းကျင်လောက်တော့ ရနေသည်။

Steemit Post အနေဖြင့် တစ်ရက် နှစ်ပို့စ် တင်ဖြစ်နေသည်။
Promotion ရယူရန် တစ်ပို့စ် နှင့် Photography post သော်လည်းကောင်း၊ DrugwarS share သော်လည်းကောင်း၊
တင်ဖြစ်ပါသည်။

လက်ရှိအလုပ်က အချိန်အားလေး ရှိနေတော့
အားအားရှိတိုင်း ဖုန်းကလိနေဖြစ်ပါတယ်။ ဖုန်းကလိတယ်
ဆိုပေမယ့် Steemit နှင့် ပတ်သက်၍ ပဲ အများဆုံး
ကြည့်ဖြစ်ပါတယ်။ Steem ပိုးက မရိုးမရွ ဖြစ်နေဆဲပဲလေ။

ဒါကြောင့်သာပဲ ဒီနေ့တော့ ရောက်တတ်ရာရာ ရေးတင်လိုက်ပါတော့တယ်။
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူးပါဗျ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Special Thanks for voting

Posted using Partiko Android

အရာထင်​တာ​လေးလည်း ဘယ်​လိုကြိုးစားခဲ့တာ ​ရေးတင်​ပါဦးလား😀😀😀😀

ဘယ်ချိန်က ဖြစ်သွားလဲ မသိ😁😁😁

Posted using Partiko Android

ပုဂံ​တောင်​တ​ခေါက်​သွားချင်​မိ

တောင်ကြီး လာမယ် မလား

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14