အသည်းခြွေ မိုး

in #myanmar6 years ago

... မင်္ဂလာပါ ...
orca-image--1135181217.jpeg_1539656384078.jpeg

ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါး ရင်တွင်းခံစားချက်လေးများ
ရေးဖွဲ့ဖြစ်ခဲ့တာကို တင်ပြပါရစေ...
လွန်ခဲ့သော ၅ နှစ်လောက်က ရွှေမှော်တစ်ခုမှာ
ဆေးခန်းလေး ဖွင့် စားဝတ်နေရေး ဖြေရှင်းနေခဲ့ချိန်ကပေါ့။
မိုးကာ အမိုးအကာဖြင့် ဆေးခန်းလေးထဲမှာ အထီးကျန်
တစ်ယောက်တည်း ချက်ပြုတ်စား နေထိုင်ခဲ့ဖူးပါတယ်။
မိုးကာ အမိုးအကာ ဆိုတော့ မိုးရာသီ နေပူလိုက်
မိုးရွာလိုက် ဖြစ်တာကြောင့် အမိုးက ဆွေးပြီး မိုးရွာတဲ့အခါ
မိုးယိုပါတော့တယ်။ မိုးယိုသော်လည်း ငွေရေးကြေးရေး
အခြေအနေအရာ မိုးကာအသစ် ဝယ် မမိုးဖြစ်ခဲ့ပါဘူး။
အဲဒီတော့ ညညတွေမှာ မိုးရွာရင် အိပ်လို့မရတော့ပါဘူး။
မိုးမယိုတဲ့ ဟိုနေရာ ကပ်လိုက်၊ ဒီနေရာ ကပ်လိုက်နဲ့...
တစ်ခါတစ်လေကြတော့လည်း အခင်း ကော်ဇာ ခြုံ အိပ်
ပစ်ခဲ့ရပါတယ်။

စီးပွားရေး မပြေလည်တာကြောင့် ချစ်သူနဲ့ ခွဲခွာနေရတာက
ချစ်သောသူနှင့် ကွေကွင်းရခြင်း တစ်ဒုက္ခ...
အနေဝေးလေတော့ သွေးအေးပြီး နောက်တစ်ယောက်
ရှာသွားမှာ ဝန်တိုပူပင်ရခြင်းက တစ်ဒုက္ခ...
မိုးကြောင့် အိပ်ပျက်ရခြင်းက တစ်ဒုက္ခ...
အထီးကျန်ခြင်းကြောင့် အိပ်ရာမှ လန့်လန့်နိုးရခြင်းက တစ်ဒုက္ခ...
ဒုက္ခပေါင်းများစွာ ဝေဒနာ ကို ခံစားနေရချိန်မှာ
ရင်ဖွင့်စရာ အပေါင်းအဖော်ကောင်းလည်း မရှိခဲ့လေတော့
အောက်ပါကဗျာလိုလို စာတွေကို ချရေးခဲ့ပြီး ဖြေသိမ့်ခဲ့ရပါတယ်။

*** အသည်းခြွေ မိုး ***

ဟိုး... အနောက်တောင်နားဆီက
တိုက်ခတ်လေပြေညင်းတို့ သယ်ဆောင်
ငွေရောင်တိမ်လွှာထုတို့ မည်းမည်းမှောင်
မှုန်ရီဝိုးတဝါး နိုးထ အချစ်ည
လွင့်မျော မိုးတိမ်လွှာတို့ ပြိုးပြိုးပျက်
ကိုယ့်အသည်းအိမ်တိုး ဖြန်းမိုးစက်တွေ
ကြွေပါစေ...

ရင့်နင့်နင့် ခံစားချက်တို့ ယိမ်းယိုင်
မှိုင်တွေငေးမော မျှော်မှန်းတမ်းတ
တစစနှင့် စူးနစ် ချစ်မိုးစွေရွာ
ကိုယ် မပျော်နိုင်ရှာပြီပဲ
ဝေဒနာတွေ ပေးဖို့ သူရောက်လာ အချစ်ည
လှစ်ဟ ခြွေချလိုက်တယ် တစက်စက်မိုးရေတွေ
ကြွေပါစေ...

  • ဘဝတွေက ထပ်တူမကျ မလှ
    အသည်းစိုင်ကို ဆွဲကိုင်လှုပ်ရမ်းလို့
    ကစားနေပါလား
    ပြေးထွက်ဖို့ ခွန်အားမရှိ
    ဒရောသောပါးတိုက်ခတ် မျောလွင့်တိမ်လွှာမိုးချုန်း
    ကိုယ့်ရင်ထဲမှာ တဒုန်းဒုန်း
    အဆိပ်တတ် အိပ်မက်တို့ ခြောက်လှန့်နှိုး မိုး
    ကြွေပါစေ နှလုံးအသည်းတွေ...

အတွေးများ ခြောက်လှန့် အိပ်ပျက်ည
စိတ္တဇ လူးလွန့် အထီးကျန်ဘဝ
မိုးစက်ပေါက်တို့ တဖြောက်ဖြောက်ကြွေ
ဘယ်လို နေရလေမလဲ
မိုးစက်တွေရယ် လှောင်နေသလား
ရိုက်ချက်ပြင်းပြင်း နှိပ်စက်ခြင်းလား
ဆေးသားပျယ်လွင့် ပန်းချီကားတစ်ချပ်အလား
ဆိုးအိပ်မက်လေးတစ်ခုလို ဝင်ရောက်နှောက်ယှက်
ကိုယ့်ရင်ကို ခပ်ဆတ်ဆတ်လေး တီးခတ်သွားတယ်
သန်းခေါင်ကျော်ည မည်းမည်းထဲ
တစိမ့်စိမ့် တုန်ရီမောလို့
ပြောလိုက်ပါရစေတော့
အချစ် ကို ကြောက်လို့ရယ်
အလွမ်း အဆွေးတွေ ဖမ်းစား
အရမ်းတအား ရွာချလိုက်တယ်
ကြွေပါစေ နှလုံးအသည်းတွေ... ။ ။

.......... ဟိန်းခန့်မောင် .........

ဒီရက်ပိုင်းမှာလည်း မိုးက အဆက်မပြတ် ရွာစွေခဲ့လေတော့
အလွမ်းဓာတ်၊ အဆွေးဓာတ် လေးများ ပေါ်ပေါက်လာခဲ့ပြီး
အရင်အချိန်က ရေးခဲ့ဖူးတဲ့ စာတိုလေးတွေ ရှာဖတ်ဖြစ်ခဲ့
ပါတယ်။ ဒီမှာပဲ အရင်က ခံစားချက်လေး ပြန်ခံစားမိခဲ့သလို
Steemit တွင် ပြန်လည်ကူးယူရေးတင်လိုက်ရပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

ခုတော့ သူပျော်နေပါပြီလေ ..... 😂

ပျော်ရမှာပေါ့ဗျာ

Posted using Partiko Android

မိုးရွာတော့လွမ်း လွမ်းတော့စာရေး စာရေးတော့ $ရ
အဆင်ပြေတာ😁

ဒါပေါ့ဗျာ...ပြေအောင်လုပ်တတ်ရတာပေါ့

Posted using Partiko Android

အလဲ့ မထင်‌ရဘူး။

ဒီလိုရှိပါတယ်😁😁😁

Posted using Partiko Android

ခုတော့ တူမကွာ

Posted using Partiko Android

မခွဲအတူ

Posted using Partiko Android

This is life!

Posted using Partiko Android

Right Yes...

Posted using Partiko Android

မိုးကုန်ပါပြီ

Posted using Partiko Android

ဆောင်းက ပိုဆိုးမယ် ထင်တယ်😁

Posted using Partiko Android

You got a 4.52% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanksgiving to your services.

Posted using Partiko Android

ဒီမိုးဒီမိုး ဒီမိုးနဲ့တော့ကွာ သူများတွေ ရေးကုန်ပြီ

ဒီတစ်ဆောင်း အကြောင်း ဆက်လာတော့မယ်ဗျ😁😁

Posted using Partiko Android

စာရွက် ရေမစိုသွားဘူးလားဗျ 😁

ကော်ဇောခြုံထားတယ်လေ

Posted using Partiko Android

အတွေးဆိုးတွေကို ဘေးထိုးပြီး ကလေးဆိုးကိုသာ ချစ်လိုက်စမ်းဘာလေ ☺

ကလေးဆိုးကြီး ဆိုးနွဲ့လွန်းပါတယ်ဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63768.57
ETH 2478.16
USDT 1.00
SBD 2.54