လုပ်​သင့်​တာကိုလုပ်​ပါ

in #myanmar6 years ago

ဟို​ရှေး​ရှေးတုန်းက ရွာတစ်​ရွာရှိတယ်​ အဲရွာ​လေးက တစ်​​ယောက်​ကိုတစ်​​ယောက်​ ကူညီတတ်​တဲ့ အကျင့်​​ကောင်း​လေးရှိတယ်​ ရိုးရိုးသားသား လုပ်​ကိုင်​စား​သောက်​​နေတဲ့ရွာ​လေး​​ပေါ့ အဲရွာနဲ့ မနီးမ​ဝေး မှာ ​တောင်​ကုန်းကြီးတစ်​ခု ရှိတယ်​ အဲ​တောင်​ကုန်း​ပေါ်မှာ အဘိုးကြီးတစ်​​ယောက်​​နေနိုင်​ပါတယ်​ သူတို့ရွာ​လေးက မြစ်​နဲ့ နီး​တော့ ​ရေအတွက်​ ပူပင်​စရာမလို​တော့ဘူး​ပေါ့ ​တောင်​ကုန်း​ပေါ်က အဘိုးကြီး​ က​တော့ သူဘာသူ ​အေး​အေး​ဆေး​ဆေးတစ်​​ယောက်​ထဲ​နေထိုင်​ပါတယ်​ တဖြည်းဖြည်း နဲ့မိုးရွာသီ​ရောက်​လာခဲ့တယ်​ တစ်​​နေ့ အဘိုးကြီးက ​ရေ​တွေ တဖြည်းဖြည်း တတ်​လာတာကို သတိထားမိလာတယ်​ သူ ​တောင်​​အောက်​ကိုဆင်းပီး​တော့ ရွာသူရွာသား​တွေကိုသွား​ပြောမယ်​ဆိုရင်​လဲ အသက်​ကြီး​နေတဲ့ အဘိုးကြီးတစ်​​ယောက်​ ​တောင်​​​အောက်​ ကို ဆင်းဖို့ဆိုတာ မလွယ်​ကူပါဘူး ဆင်းခဲ့တယ်​ဆိုရင်​လဲ ဖြည်းဖြည်းချင်​သွားနိုင်​တာကို အချိန်​မီမှာလဲ မဟုတ်​​မယ်​မထင်​ပါဘူး သူ​အော်​​ပြောမယ်​ဆိုရင်​လဲ ​တောင်​ကုန်းနဲ့ ရွာနဲ့က အနည်းငယ်​​ဝေး​တော့ ​အော်​​ပြောလဲ နိုင်​မှာမဟုတ်​ပါဘူး အဘိုးအိုက ဘာလုပ်​လို့ဘာကိုင်​ရမလဲ မသိတဲ့ အချိန်​မှာအကြံတစ်​ခုရလိုက်​တယ်​ သူ​နေတဲ့ အိမ်​ ကို မီးရှို့ ဖို့ ဆုံးဖြတ်​လိုက်​တယ်​ သူအိမ်​ ကိုမီးရှို့ လိုက်​တယ်​ မကြာခင်​မှာ မီးခိုး​တွေထွက်​လာတယ်​ အဲဒါကို မြင်​တဲ့ ရွာသူရွာသား​တွေက ​တောင်​ကုန်း​ပေါ်မှာ​နေတဲ့ အဘိုးအိုကြီးအိမ်​ မီး​လောင်​​နေတာထင်​ပြီ မီးငြိမ်းဖို့ ​တောင်​ပေါ်ကို ​​ပြေးတတ်​လာကြတယ်​ အဲဒီအချိန်​မှာ မြစ်​​ရေက ပိုပိုစီးလာပြီး ရွာ​လေးကိုဖုံးအုပ်​သွား​တော့တယ်​ ဒီ​တော့ အဘိုးအိုကြီးက သူအိမ်​ကို နစ်​နာခံပြီး မီးရှို့  လိုက်​ရ​ပေမဲ့ ရွာသူရွာသား​ရဲ့အသက်​ကိုကယ်​နိုင်​လိုက်​ပါတယ်​ ဒီပုံပြင်​​လေးကိုဖတ်​ပြီး ​တွေး​ဝေမ​နေဘဲလုပ်​သင့်​ကတာကိုလုပ်ဖို့ပါဘဲ ​နောက်​တစ်​ခုက သူတစ်​ပါးကို ကူညီတတ်​တဲ့ အကျင့်​​လေး​မွေးပါ ပုံပြင်​ထဲက အဘိုးကြီးကသာ ရွာသူရွာသား​တွေ ဖြစ်​ချင်​ရာဖြစ်​ပစ်​ထားခဲ့မယ်​ဆိုရင်​ သူတို့ အသက်​ရှင်​နိုင်​မှာမဟုတ်​ပါဘူး ​ရွာသူရွာသား​တွေကလဲ အဘိုးကြီးကို မကူညီဘဲ မီး​လောင်​​နေတာကို မငြိမ်းဘဲ ထားခဲ့မယ်​ဆိုရင်​ သူတို့ အသက်​ဆက်​ရှင်​မှာမဟုတ်​ပါဘူး သူတပါးကို ကူညီချင်​က ကိုယ်​လဲ စိတ်​ချမ်းသာသလို တခြားသူအတွက်​လဲအကျိုးရှိပါတယ်​ ​နောက်​တစ်​ခါထက်​​ပြောချင်​တယ်​ အ​ကောင်းမြင်​စိတ်​​မွေးပါ ဒီပုံပြင်​​လေးကို ဖတ်​ပြီး အသိတရားတစ်​ခုခုရသွားလိမ့်​မယ်​လို့ထင်​ပါတယ်​ ဒီစာ​လေးကို အဆုံးထိ ဖတ်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ 😊😊
image
#👑M.K.K👑bigbosss

Sort:  

Nice post

ကောင်းပါတယ်

ကောင်းပါတယ်ခင်ဗျာ

ဗဟုသုတရပါတယ် good

Nice Post bro!

ဗဟုသုတ ရပါတယ်ဗျာ

ကောင်းပါတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 61428.91
ETH 3382.72
USDT 1.00
SBD 2.50