I Miss You Daddy
အဖေ....သားအသက်အခု၁၇ပြည့်ပီးပီးအဖေသားနားမှာ မရှိတာ ၁၀နှစ်ကြာခဲ့ပီးနော်။
အဖေကိုအမြဲတမ်းသတိရနေတယ်။ အခုသားအိပ်ယာဘေးမှာ အဖေအမြဲတမ်းဝတ်တဲ့ အင်္ကျီလေးရယ် ညအိပ်ရင်အုံးတဲ့ ခေါင်းအုံးလေးရယ် အခုချိန်ထိရှိနေတုန်းဘဲ။ အဲဒီဟာလေးတွေရှိနေရင် ညအိပ်တဲ့အခါ အဖေအနားမှာရှိနေသလိုခံစားရတယ်။
အဖေ အရင်တုန်းက ပြောပြတဲ့ စစ်တိုက်တဲ့ပုံပြင်တွေပြောပြတော့ သား စစ်သားကြီး အရမ်းဖြစ်ချင်မိတယ်။
အဲအချိန်တုန်းက အဖေပြောဖူးတယ်လေ သားကြီးလာရင် စစ်သားဝတ်စုံနဲ့အဖေမြင်ချင်လိုက်တာပြောခဲ့ဖူးတယ်နော်။
သား အခုထိ စစ်သားကြီး ဖြစ်ချင်နေတုန်းဘဲ။ ကျောင်းစတတ်တုန်းက ကျောင်းမတတ်ခင်အချိန်တွေဆို စစ်တိုက်တမ်း ဘဲ ကစားဖြစ်တယ် ဘောလုံးကန်ရတာကို ဝါသနာမပါခဲ့ဘူး။
ကျောင်းမှာ ဆရာ/ဆရာမတွေက သား ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးကြရင် စစ်ဗိုလ်ကြီးလုပ်မယ်လို့သားအမြဲတမ်းဖြေခဲ့တယ်။
သူငယ်ချင်းတစ်ယောက်က လာကြွားတယ်လေ သူအဖေဆီက မွေးနေ့လက်ဆောင်ရတယ်တဲ့အဲဒီလိုကြားတော့သားမျက်ရည်ဝဲမိသေးတယ် အဖေကို လဲပိုပီးလွမ်းလာတယ်။
အဖေ သား ညဘက်တွေဆို စောစောအိပ်ဖြစ်တယ် အဲဒါမှာ အဖေကို အိပ်မက်ထဲမှာတွေ့ရတယ်လေ။ သား ထင်လို့လားမသိဘူး အဖေက အရင်တုန်းက ထက်ပိုချောလာသလိုဘဲ။
အဖေ ကို သတိရတိုင်း အင်္ကျီလေးကို ကိုင်ပီး ခေါင်းအုံးလေးပေါ်မှာအိပ်မိတယ်။ အဖေ က တော့ ကောင်ကင်ဘုံလို့ခေါ်တဲ့နေရာကနေ ပျော်နေမှာပါ ။
သား စိတ်ထဲမှာသိနေတယ် သားကို မသိအောင် တစ်နေရာရာက အဖေ ကြည့်နေတယ်ဆိုတာ။ ဒီနေ့ အဖေ ကြိုက်တတ်တဲ့ ဟင်း ချက်တယ်လေ သားဗိုက်ဆာဆာတဲ့အကုန်စားပစ်လိုက်တယ်။ဒါတောင်ခရမ်းသီးကို သိပ်မကြိုက်ဘူးနော်။ အဖေ အကြောင်းတွေတွေးရင် မငိုမိအောင်ကြိုးစားထားပေမဲ့ သား ရင်ထဲကအောင့်နေတယ်။
အဖေ ဒီည အိမ်မက်ထဲကိုလာရင် သားနဖူးလေးကို အာဘွားပေးအုံးနော်။ အရမ်းလွမ်းတယ် အဖေရယ်....


good တေ
Thz..
စာသားလေးတွေဖတ်ရတာgood တယိ
Thz..
already vot@bigbosss
Ok
good
Thz..
read the rules we post onece a day, and we accept just english :https://steemit.com/steemit/@clixmoney/the-rule-of-the-resteemers-is-resteem-to-be-resteemed
အဖေ့ကိုလွမ်းမိတယ်
Omm