အောက်လမ်းမှောအတတ်တွေ
အောက်လမ်းပညာနဲ့ပြုစားလို့ သွက်သွက်ခါအောင် ရူးသွားတာ...
အောက်လမ်းနဲ့တိုက်လို့ တစ်မိသားစုလုံး ကားမှောက်သေဆုံးသွားကြတာ..
အဲဒီလိုအဖြစ်အပျက်မျိုးကရော တစ်ကယ်ရှိပါသလား?
ယုံသော်ရှိ မယုံသော်ရှိ ကျမရဲ့သူငယ်ချင်းတစ်ယောက် ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါရစေ...။
ကျမမှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ကျမရဲ့သူငယ်ချင်းနာမည်က “မေဦး”တဲ့၊ သူနဲ့ကျမဟာ ညီအစ်မလိုချစ်ကြတယ်၊အိမ်ကလည်း ဘေးချင်းကပ်မို့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပေါ့။
အဲဒီအတွက် သူ့ရဲ့မိသားစုအကြောင်း ကျမသိသလို ကျမရဲ့မိသားစုအကြောင်းကိုလည်း သူကသိနေခဲ့တယ်။ကျမသူငယ်ချင်းရဲ့အစ်ကိုဟာ “မဉ္ဇူ”ဆိုတဲ့ ဟိန္ဓူအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျပြီးမိသားစုနဲ့ တစ်အိမ်ထဲအတူ နေခဲ့ကြတယ်။မဉ္ဇူရဲ့ဖခင်ဟာ ရှမ်းပြည်နယ်ဖက်က အထက်ဂိုဏ်းဆေးဆရာကြီးတစ်ဦးလို့သိရပါတယ်။ အဲဒီဆေးဆရာကြီးရဲ့ခြံဝင်းထဲမှာလည်း မှော်အတတ်ပညာနဲ့ ဝိဥာဉ်တွေကို အစောင့်ချထားတဲ့အတွက် မသမာတဲ့နည်းနဲ့ ခြံထဲကိုဝင်လာသူမှန်သမျှ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရတယ်လို့ လူကြီးများရဲ့စကားအရ သူမကြားသိခဲ့ရတယ်။အေးအေးချမ်းချမ်းပါပဲ။
ဆက်ပြောပြမယ်နော်။ကြောက်နေပီလား။ပဿနာအစကတော့ မြန်မာမိသားစုအတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အိမ်ထောင်သည်များသည် မိဘ၊ မောင်နှမများနှင့် အတူနေခြင်းပြဿနာပါပဲ။သူမတို့မိသားစုမှာ အစ်ကို(၁)ယောက်နှင့် သူမအပါအဝင် ညီအစ်မ(၂)ယောက်ရှိတဲ့အတွက် ထုံးစံအတိုင်း သမီး ယောင်းမ ပြဿနာဟာ တစ်နေ့တစ်မျိုး မရိုးနိုင်ဘူးပေါ့ရှင်..။သမီး ယောင်းမ မတည့်ကြလေတော့ ညီအစ်မ အချင်းချင်း ရိုးရိုးပြောတဲ့စကားတောင်မှ မဉ္ဇူဟာ သူ့ကိုစောင်းပြောတယ်လို့ထင်လာခဲ့ရင်း အညှိုးအတေးက ကြီးမားလာခဲ့တယ်။အဲဒီကိစ္စနဲ့ လင်မယားချင်း စကားများပြီး မဉ္ဇူဟာ အိမ်ပေါ်က ဆင်းသွားလိုက်၊ ယောက်ျားလုပ်သူက ပြန်လိုက်ခေါ်လိုက်ဆိုတာကလည်း မကြာခဏဆိုသလိုပါပဲ။နောက်ပိုင်းတော့ မဉ္ဇူဟာ ဖခင်ရဲ့ ပညာတွေကို သုံးလာပုံရပါတယ်။မေဦးတို့အိမ်မှာ မိသားစုဝင်တွေရဲ့အဝတ်ကိုလျှော်ဖို့ အမျိုးသားများအတွက်တစ်ဇလုံ၊ အမျိုးသမီးများအတွက်တစ်ဇလုံဆိုပြီး (၂)ခုထားပါတယ်။တအားတော့မကြောက်နဲ့နော်။
ကြောက်လဲဆက်ပြောရမှာပဲ။မဘုတ်ကြနဲ့နော်။လက်တွေနူကုန်မဆိုးလို့။မဉ္ဇူဟာ လူလစ်ရင် လစ်သလို နာမ်နှိမ်တဲ့အနေနဲ့ အမျိုးသားသုံးဇလုံထဲကို သူမရဲ့ထမီများကို ထည့်လျှော်တတ်တယ်၊ တစ်ခါတစ်လေ သူမမျက်နှာသစ်တဲ့အခါ သူမမျက်နှာပေါ်က အညစ်အကြေးရေများ ရေတိုင်ကီထဲသို့ ကျစေပြီး မိသားတစ်စုလုံးကို လျှာစိတ် အာစိတ်ညံ့အောင် လုပ်တာကို မေဦးနဲ့မိသားစုဝင်များက အမှတ်တမဲ့တွေ့ခဲ့ရတယ်။အဲဒါနဲ့တင် မပြီးသေးပါဘူး..၊ မေဦးရဲ့ပြောပြချက်အရ မိသားစုအလစ်မှာ ဟင်းအိုးထဲကို အမှုန့်များတိတ်တဆိတ်ထည့်တာကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ဖူးတယ်။မေဦးတို့မိသားစုဟာ အဲဒီအကြောင်းတွေကို သတိထားမိလာတဲ့အခါမှာတော့ မသန့်စင်တဲ့အရာများဟာ မေဦးရဲ့မိသားစုကိုယ်တွင်းမှာပြန့်နှံ့လို့နေခဲ့ပါပြီ။အဲဒီပြဿနာနဲ့ပတ်သက်ပြီး လင်မယားစကများကြရာမှ အိမ်ပေါ်မှ မဉ္ဇူဆင်းသွားပြီး နှစ်ရက်အကြာမှာ မေဦးရဲ့အစ်ကိုဟာ ရေတိုင်ကီတက်ပြင်ရာ အမြင့်၆ပေခန့်မှ မတော်တဆပြုတ်ကျပြီး ဒူးခေါင်းရိုးကွဲသွားတဲ့အတွက် Operation လုပ်ခဲ့ရပါတယ်။ဇာတ်လမ်းကတော့ကြည့်လှနေပြီလေ။
ဆက်ဖတ်ကြအုံးနော်။တိုက်ဆိုင်တာပဲလား..၊ တစ်ကယ်ပဲလားဆိုတာကတော့ ဘုရားကလွဲလို့ ဘယ်သူမှ အတိအကျမသိနိုင်ပါဘူး။သံသယဖြစ်စရာအကြောင်းကတော့ သူတို့လင်ယားနေတဲ့အခန်းထဲက အံဆွဲထဲမှာတွေ့ရတဲ့ မေဦးရဲ့အစ်ကိုဓာတ်ပုံပဲဖြစ်ပါတယ်။အဲဒီဓာတ်ပုံထဲကလူပုံကို ကတ်ကျေးနဲ့ ကွက်ညှပ်ထားပြီး ဒူးခေါင်းတစ်ဖက်ကချိုးထားတာတွေ့ရပါတယ်။Operation လုပ်လိုက်ရတဲ့ မေဦးအစ်ကိုရဲ့ ဒူးခေါင်းဟာလည်း ယခု ဓာတ်ပုံထဲကကျိုးနေတဲ့ဖက်နဲ့ တစ်ဖက်ထဲဖြစ်နေတာကိုတွေ့ရပါတယ်။မဉ္ဇူအိမ်မှ ဆင်းသွားတဲ့နေ့မှစပြီး မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်ခြင်း၊ တစ်ခါမှမဖြစ်ဖူးသော စကားများခြင်းများဖြစ်လာတဲ့အတွက် တောင်ဥက္ကလာမြို့နယ်မှ မနောစိတ္တပဂိုဏ်းဝင် အထက်လမ်းဂိုဏ်း ဆေးဆရာကြီးတစ်ဦးကို အိမ်သို့ပင့်ဆောင်ပြီး အထက်လမ်းပညာနဲ့ တစ်အိမ်လုံးကိုစစ်ပါတယ်။ထူးဆန်းမနေဘူးလား။
ဆက်လက်တင်ပြပါမည်...ပထမအဆင့်အနေနဲ့ တစ်အိမ်လုံးရှိ ဘီဒိုကြား၊ ကုတင်အောက်ပါမကျန် အမှိုက်များမရှိအောင် တံမျက်စည်းနဲ့အရင်လှဲရပါတယ်။အခန်းများအားလုံး သန့်သွားပြီ အမှိုက်များမရှိတော့တဲ့အချိန်ကျမှ ဆေးဆရာကြီးဟာ ဆန်နို့ဆီဘူး တစ်လုံးခန့်ကို ပန်းကန်ပြားထဲသို့ထည့်စေပြီး ဆန်များရဲ့အလယ်မှာ ဖယောင်တိုင်တစ်တိုင်ကို မီးထွန်း၊ ဂါထာများကို တီးတိုးရွတ်ဆိုကာ တစ်အိမ်လုံးရှိ အခန်းများအားလုံး၊ စားပွဲအောက်၊ ဘီတိုကြားပါမကျန် ဆန်များနဲ့ကျဲပါတယ်။
ပြီးနောက် တစ်အိမ်လုံးကို ယခင်နည်းအတိုင်း တံမျက်စည်းလှဲပြီး အမှိုက်များ(ဆန်များ)ကို တစ်နေရာထဲတွင် စုစည်းစေပါတယ်။အံ့သြစရာကောင်းတာက...မေဦးရဲ့ ဦးလေးကုတင်အောက်က ထွက်လာတဲ့ ဆေးပေါလိပ် ဖင်ဆီခံအရွယ် အလိပ်တစ်လိပ်ပါပဲ၊အဲဒီအလိပ်ကို တစ်လွှာခြင်း ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့(၁) ဘုန်းကြီးသင်္ခန်းစ၊
(၂)အသုဘခေါင်းများလုပ်သည့်အခါ အသုံးပြုသည့် သွပ်ပျော့၊သေချာလေးမှတ်ထားကြပါနော့်။
ကဲတော်တော်လေးစိတ်ဝင်စားစရာကောင်းလာပြီနာ်(၃)ဦးလေးရဲ့ တစ်လက်မ ပတ်လည်ခန့်ရှိသော ပုဆိုးစ၊(၄)မီးခြစ်ဆံလုံးပတ်ခန့်ရှိသော လက်မဝက်အရှည် နတ်ရုပ်နှစ်ရုပ်နှင့် ဘီလူးရုပ်တစ်ရုပ်တို့ကို အထက်ပါ ပစ္စည်းများနဲ့ အဆင့်ဆင့်ပတ်ထားတာကို မိသားစုဝင်အားလုံး တွေ့ခဲ့ကြရပါတယ်။အဲဒါနဲ့တင်မပြီးသေးပါဘူး..အထက်လမ်းဂိုဏ်း ဆေးဆရာကြီးရဲ့ညွှန်ကြားချက်အတိုမိသားစုဝင်အားလုံး ညမှ မနက်အထိ ဘာမှမစားပဲ ၊မနက်မိုးလင်းတဲ့အခါ ဆေးဆရာကြီးရဲ့နေအိမ်သို့သွားရောက်ပြီး ဆေးဆရာကြီး စီမံထားတဲ့ဆေးကို တစ်ခွက်စီသောက်ပြီး အိမ်သို့ပြန်လာခဲ့ကြပါတယ်။အိမ်လည်း ရောက်ရော တစ်မိသားစုလုံး ရေချိုးခန်းနဲ့အိမ်သာကို လုကြရပါသတဲ့..။ညကတည်းက မနက် ဆေးဆရာကြီးရဲ့အိမ်ကိုရောက်တဲ့အထမိသားစုဝင်များအားလုံးဟာ ဘာမှမစားထားကြပေမယ့် တစ်ယောက်ကို ၄/၅ ခါမက အစိမ်းရည်များအန်ခြင်း၊ အစိမ်းအောက်လမ်းအကြောင်းပြောပြမယ်နော်ကျမတော့ခုထိကြက်သီးထတုန်းပဲ။
ဇာတ်သိမ်းပြီ....ရည်များ ဝမ်းသွားခြင်းများ ဖြစ်ခဲ့ကြပါတယ်။ရင်ထဲမှာလည်း ငရုပ်ကောင်းမှုန့်များကို ရေဖျော်သောက်ခဲ့ရသလိုမျိုး ပူနေပါသတဲ့..။ဆေးဆရာကြီးဆီက သောက်ခဲ့ကြတဲ့ဆေးကတော့ ရေစိမ်စက္ကူလို့ခေါ်တဲ့ အမြှင်လေးများမြင်နေရတဲ့ လက်တစ်ဝါးခန့်ရှိ ခပ်ပါးပါး စက္ကူပေါ်မှာ ခဲတံနဲ့ဆွဲထားတဲ့ အင်းကွက်ပုံစာရွက်လေးကို မီးရှို့ ပြာချပြီး ရေနဲ့သောက်ခဲ့ကြတာပါ။တကယ့်ဖြစ်ရပ်မှန်ပါ။ကဲ.....“အောက်လမ်း”ဆိုတာ တစ်ကယ်ရှိပါသလား?အောက်လမ်းပညာနဲ့ပြုစားလို့ သွက်သွက်ခါအောင် ရူးသွားတာ...အောက်လမ်းနဲ့တိုက်လို့ တစ်မိသားစုလုံး ကားမှောက်သေဆုံးသွားကြတာ..အဲဒီလိုအဖြစ်အပျက်မျိုးကရော တစ်ကယ်ရှိပါသလား?ယုံသော်ရှိ မယုံသ်ာရှိ ကျမရဲ့သူငယ်ချင်းမေဦးကတော့ ကိုယ်တွေ့ ခံစားခဲ့ရတာပါရှင်တို့ရောဘယ်လိုတွေတွေ့ကြုံဖူးလဲ။ရှိတယ်ဆိုရင်အောကမ်မှာလင့်ချခဲ့ပါ။ဘုတ်မယ်မန့်မယ်။
Author - @babysister
Thank all steemit friends.....







Congratulations! This post has been upvoted from the communal account, @minnowsupport, by babysister from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.