ပျံထွက်​သွားတဲ့ အခွံများ

in #esteem8 years ago

*** ​ပျံထွက်​သွားတဲ့ အခွံများ ***

ဘယ်​ဖက်​ တံခါးတစ်​ချပ်​က​နေ
ရဲရဲရင့်​ရင့်​ ပျံသန်းသွားတဲ့ ဖီးနစ်​ကို
လ​ရောင်​အရိပ်​မှာ အကျွမ်း​လောင်​ခံပစ်​လိုက်​တယ်​...

မျက်​နှာဖုံးတစ်​ချပ်​ရဲ့ ​လေချွန်​သံအတွက်
လောကထဲ ပစ်​သွင်းလိုက်​မိတဲ့
ဝမ်းစာကို ပြန်​ပြီး
ကုန်းရုန်းရှာ​ဖွေ​နေရတာကို ကိုယ့်​ကရုဏာနဲ့ကိုယ်​ ပိတ်​လွှမ်းဖုံးအုပ်​ထားလိုက်​တယ်​...

နောက်​​ကျောတစ်​ဖက်
ကျောတစ်​ခင်းစာ လက်​ဖျစ်​သံ​တွေထက်​မှာ
ကခုန်​ရင်း
ရွှင်​တယ်​ မြူးတယ်​ ..
ရွှေ​ရောင်​ပင်​အပ်​ကို စူးတတ်​မှန်း နားမလည်​ ဟန်​​ဆောင်​ရင်း...

အလျှံတညီးညီး ​တောက်​​လောင်​မှု​တွေ ​ပျော်​မြူးချိန်​​တွေဟာ
လ​ရောင်​​အောက်​မှာ ​လောင်​ကျွမ်းဖို့
ကိုယ့်​ဖီးနစ်​ ရုန်းကန်​​နေတဲ့
အခက်​ထန်​ဆုံး ပုံပြင်​တစ်​ပုဒ်​ကို နိဒါန်းပျိုး​နေချိန်​ဖြစ်​တယ်​..
ဒါ​ပေမယ့်​ ပုံပြင်​​တွေရဲ့ အဆုံးသတ်​​တွေဟာ ဖွာလန်​ကြဲမွလို့....
ကျွန်​မ ဖွင့်​လှစ်​လိုက်​တဲ့ ဘယ်​ဖက်​ တံခါးချပ်​ရဲ့ ဟင်းလင်းပြင်​နဲ့အတူ ........

I'm ATM.
Msu 021
Photo crd. image

Sort:  

နားလည်အောင်ကြိုးစားရဦးမည်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.090
BTC 62537.07
ETH 1762.09
USDT 1.00
SBD 0.39