မြန်မာမလေး

in #poem8 years ago

FB_IMG_1519389189029.jpg

မြန်မာ့ရိုးရာ ဂုဏ်ရှိန်မြင့်လို့
ကမ္ဘာဝယ်တင့် မြင့်မြတ်တယ်
တင့်တယ်ကျက်သရေ ဂုဏ်ရည်လှနဲ့
မြန်မာမလေး အစစ်ပါကွယ်
မြန်မာ့ဂုဏ်ရည် ပီသစွာနဲ့
ကေသာဆံလွ စုစည်းတယ်
သနပ်ခါးခြယ် ပါးကွက်ကြားက
နုတဲ့မျက်နှာ ပါးထက်ဝယ်
ချိတ်လုံးချည်ပေါ် ရင်ဖုံးဆင့်တဲ့
မြန်မာမရှင့် မြန်မာကွယ်
ကိုယ့်မူရိုးရာ ဘယ်မတုနဲ့
မြန်မာမှုမို့ မြတ်နိုးမယ်
ရှုတိုင်းသာ ယဉ်တော့တယ်။ ။

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65535.22
ETH 1791.47
USDT 1.00
SBD 0.42