သဘာဝ ရဲ့ နိယာမ

in #msu6 years ago

ခွဲခွာခြင်း တွေ့ဆုံခြင်းတွေတိုင်းကို
ကျနော်တို့အားလုံးကြုံဖူး ခံစားဖူးကြမှာပါပဲ
ဖြစ်စဉ်တွေ တိုင်းမှာတော့
လောကကြီးက တွေ့ဆုံပေးလိုက်
ခွဲခွာပေးလိုက် တစ်လှည့်ဆီ
မျက်ရည် တွေနဲ့ ပေးခဲ့သလို
အပြုံးတွေကိုလည်း ပေးခဲ့တာပါပဲ

တစ်ချို့လူများအတွက်က တော့ လွမ်းစရာရှိရင်
နာစရာနဲ့ဖြေကြသလို
တစ်ချို့ကလည်း နာစရာတွေကို
လွမ်းရင်းနဲ့ဖြေသိမ့်ခဲ့မိကြပါလိမ့်မယ်
ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ
လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ပါ
မကောင်းခြင်းတွေနဲ့ပဲ အမြဲတွေ့ကြုံရမှာမဟုတ်သလို
ကောင်းတဲ့အရာတွေကြည့်ပဲလည်း အမြဲဖြစ်မတည်နိုင်တာကတော့ သဘာဝနိယာမပဲလေ

လူသားတွေအားလုံးက တော့
ကောင်းတယ်အဆင်ပြေတယ်ဆိုတဲ့
အကောင်းဆုံးဖြစ်တည်ခြင်းတွေကိုပဲ ရယူချင်ကြတာပဲလေ
ဒီအတွက် နာကျင်မှုတွေ--ကျရှုံးမှုတွေကိုတော့
ဘယ်သူမှ လက်မခံနိုင်ကြပါဘူးလူတွေရဲ့စိတ်ကိုက
နွေရာသီရောက်ရင်တစ်ချို့က
ဆောင်းကိုတမ်းတတယ်
တစ်ချို့က မိုးကိုတောင့်တတယ်
မိုးရာသီမှာ နေကလေးပူဖို့အတွက်
နွေရာသီဖြစ်ရင်ကောင်းမှာပဲလို့
အစရှိသဖြင့် ပါပဲ

ဒီလိုပါပဲလေ တန်ဖိုးဆိုတာ
လက်ဝယ်ပိုင်ဆိုင်တုန်း
တန်ဖိုးထားတက်သူ နည်းပါတယ်
အဲ့ဒီ တန်ဖိုးရှိတဲ့ အရာတွေ နဲ့
ဝေးကွာသွားမှ
တန်ဖိုးဆိုတဲ့
အရာကိုနားလည်လာတက်ကြပါတယ်

image

author -- @ayaechanm

msu -- 41

Sort:  

30688195_442396722853716_3392771258985742336_n.jpg

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.030
BTC 65678.25
ETH 2669.38
USDT 1.00
SBD 2.88