အရာရာ
ငါ အမိုက်မဲဆုံးသူတွေထဲပါခဲ့ပေမယ့် ခု ဖြေသိမ့်ပြီး မေ့နေပါပြီ သူ့အတွက် ငါမလိုသလိုပဲ ငါလဲသူ့အတွက်မရှိနေပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဝမ်းနည်းတယ်တဲ့လား…မင်းသူ့အတွက်ဝမ်းနည်းနေတာလားဟုတ်လား…သူ မင်းလိုပဲ အရာအားလုံးကိုထပ်တူပြု ပေးခဲ့သလားမင်းနွေးထွေးပေးခဲ့သလောက်
သူ့ဘက်က နွေးထွေးပေးခဲ့လားမင်း ဘက်က ဂရုဏာ တွေနဲ့
ဖြည့်ဆည်းပေးခဲ့သမျှသူ့ဘက်က ထပ်တူတကျ ပြန်ပေးခဲ့လား…မင်းရဲ့ စေတနာ တွေကော သူအသိအမှတ်ပြုခဲ့သလားသူကော စေတနာတွေ နဲ့
ပြန်ပေး ခဲ့လေသလား…မင်းဘက်က မေတ္တာ တွေဗုံးဗောလအောနဲ့တည်ဆောက်ပေးခဲ့သမျှသူ့ဘက်ကကော မင်းအပေါ်ကိုမေတ္တာဓာတ်တွေ ရောင်ပြန်ဟပ် စေခဲ့သလား…
စဉ်းစားကြည့်ပါမင်းနဲ့ထပ်တူကျကျ ဖြစ်တည်ခဲ့ပေးတဲ့
လူတစ်ယောက်ဆိုရင်မင်းဝမ်းနည်းထိုက်ပါတယ်
မင်းမျက်ရည်တွေက တန်ဖိုးရှိတဲ့မျက်ရည်ပဲတန်ဖိုး ရှိတဲ့ လူတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာက ဘဝမှာ ဝမ်းနည်းဖို့အကောင်းဆုံးအခြေအနေ ဖြစ်စဉ်တစ်ခုပါပဲ …အဲ့ဒီလိုမှ မဟုတ်ပဲ
မင်းအပေါ် ဘာတစ်ခုမှမကောင်းခဲ့ဘူးဆိုရင်မင်းကျနေတဲ့ မျက်ရည်တွေမင်း ဝမ်းနည်းသမျှတွေဟာအဓိပ္ပါယ် မဲ့တာပေါ့ …
လောကကြီးမှာမိုက်မဲခြင်းဖြစ်စဉ်တွေ အများကြီးရှိပါတယ်
အဲ့ဒီအထဲမှာမှ ကိုယ့်အပေါ်မကောင်းခဲ့တဲ့လူတစ်ယောက်အတွက် စိတ်သောကပူပင်မှုတွေနဲ့ဝမ်းနည်းပေးတတ်တဲ့ လူတွေကတော့အမိုက်မဲဆုံးပါပဲ

MSU ---- 041