ယုံကြည်ရာ (ဇာတ်သိမ်း)

in #myanmar8 years ago

ကျုပ် ပန်နန်းဒင်ဒေသ စရောက်သွားတော့ နယ်မြေသစ်ကို စရောက်ရင် အစိမ်းသက်သက်နဲ့ အူကြောင်ကြောင်ဖြစ်ကြသူများနည်းတူ ကျုပ်လည်း အနည်းငယ် အူကြောင်ကြားတော့ ဖြစ်ခဲ့တယ်ဗျ ။ နောက်ပြီး ကျုပ်က ရဲတပ်ကြပ်ဘဝကနေ ငယ်သားတစ်ဖန် ပြန်ဖြစ်သွားရတာဆိုတော့ အနည်းငယ်လဲ စိတ်ထဲခံစားရတာ တစ်မျိုးကြီးပေါ့ဗျာ။ ဒါပေမဲ့လည်း တော်ပါသေးတယ် ကိုယ်ရင်းနှီးနေကြ ရဲဘော်ငယ်သားတွေကြားထဲမှာ နေရတာမဟုတ်ပဲ နယ်မြေအသစ်က လူစိမ်းတွေကြားထဲ ပို့လိုက်တာဆိုတော့ သိပ်တော့လည်း ရှက်စရာမလိုခဲ့ပါဘူး။
care-website-banner.jpg
Image source
နောက်ပြီးတော့ ပန်နန်းဒင် ဒေသဆိုတာကလဲ အတော်လေးကို ဝေးလံခေါင်းပါးပြီး ရဲလုပ်ငန်းစဉ်ဆိုတာကလဲ ဘာမှမလုပ်ရလောက်ကို နည်းပါးပါပေတယ်။ ကျုပ်တာဝန်ထမ်းဆောင်ရတာက မလိခမြစ်ကမ်းစပ်မှာ ရဲသားသုံးလေးယောက်နဲ့ အတူ ရဲကင်းလေးတစ်ခုမှာ နေ့ရော ညပါ ကင်းစောင့်ရတဲ့အလုပ်ပါပဲ။ ကင်းစောင့်ရတယ် ဆိုတာကလည်း စကားအဖြစ်ပဲ ပြောတာပါဗျာ။ ဘာမှအထူးအထွေတော့ မရှိလှပါဘူး။ အဲဒီရဲကင်းလေးမှာတင် အိပ်လိုက်စားလိုက်လုပ်နေယုံပဲရယ်။

ဒါပေမဲ့ အဲဒီ မလိခမြစ်ရဲ့ ဟိုဘက်ကမ်းမှာတော့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့နေရာတွေ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းကတော့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပြသနာသိပ်မကြီးမားသေးတော့ သူတို့နဲ့ကျုပ်တို့အကြား အေးဆေးပဲဆိုပါတော့။ သူတို့တွေ စားသောက်ရိက္ခာကုန်လို့ ကျုပ်တို့ဘက်ကမ်းကို ဈေးလာဝယ်ရင် အရပ်ဝတ်အရပ်စားနဲ့လာပြီး လက်နက်လည်းယူဆောင်ခဲ့ခြင်းမရှိပါဘူး။ကျုပ်တို့တွေ သူတို့ကမ်းဘက်ကို သွားရင်လည်း ထိုနည်းအတူပေါ့ဗျာ။
World-Peace1.png
Image source
ဒါပေမဲ့လည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းမြစ်ကျဉ်းလေးသာခြားပြီးနေရတာဖြစ်တဲ့အတွက် အပြောအဆိုအနေထိုင်ဆင်ခြင်ပြီးနေခဲ့ပါတယ်။ လက်နက်ကိုင်ဆောင်ထားကြသူခြင်းဆိုတာ အချိန်မရွေးပြသနာက ကြီးထွားသွားနိုင်တယ်လေ။ ပြသနာမဖြစ်အောင် သတိထားနေတဲ့ကြားထဲကနေ ရာဇဝတ်အိုးကို တုတ်နဲ့သွားထိုးမိလို့ စခန်းမှုးကြီးက ကျုပ်ကိုခေါ်ပြီးသတိပေးခဲ့ရသေးတယ်ခင်ဗျ။

ဖြစ်ပုံက ဒီလိုပါ။ ရဲကင်းလေးမှာ တစ်ခြားလုပ်စရာထူးထွေ မရှိလေတော့ ကျုပ်ရဲဘော်လေးတွေကို ရဲကင်းမှာ ပစ်ပစ်ထားခဲ့ပြီး ရွာထဲမှာဈေးဆိုင်ဖွင့်ထားတဲ့ ကချင်မလေးရဲ့ ဆိုင်ကို ကျုပ်ကအမြဲရောက်ရောက်နေတော့တာပါပဲ။ သူ့ဆိုင်မှာ ခေါက်ဆွဲတို့ အရက်တို့ရောင်းပြီး အခြားစားသောက်စရာလေးတွေလည်း အနည်းငယ်ရောင်းပါတယ်။ သူကသိပ်လှပြီး နံမည်က " အားပန် " လိုခေါ်ပါတယ်။ တစ်ချိန်မှာ ကျုပ်ရဲ့ဇနီးလောင်းဖြစ်လာမဲ့သူဆိုပါတော့ဗျာ။ စခန်းမှုးကျုပ်ကို ခေါ်ပြီးသတိပေးရခြင်းရဲ့ အကြောင်းရင်းက " အားပန် " ရဲ့အကိုက ဟိုဘက်ကမ်းမှာ ဆလံကမ္ဘာ ဗိုလ်ကြီးဖြစ်နေလို့ ကျုပ်နဲ့တကွ စခန်းကလူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြသနာဖြစ်ကြမှာ မလိုလားတဲ့အတွက်ပါပဲ။
problems-3.jpg
Image source
စခန်းမှုးကြီး ဘယ်လိုပင်သတိပေးသော်လည်း အချစ်ရဲ့စေစားမှုကြောင့် ကျုပ်က " အားပန်း " ဆိုင်ကိုသွားမြဲ သွားနေခဲ့ပါတယ်။ ကျုပ်ရတဲ့ လစာလေးတွေဟာဆိုရင်ဖြင့် " အားပန်း " ဆိုင်မှာ အရက်ဖိုးနဲ့ ကုန်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့ အနေကြာလာတဲ့အခါ ကျုပ်ကလည်း အတော်ဇွဲကောင်းတဲ့သူဆိုတော့ " မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ " ပေါ့ဗျာ။ " အားပန် " နဲ့ကျပ် ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ချစ်သူတွေ ဖြစ်သွားကြပြီး ကျုပ်ဆိုတဲ့ကောင်လည်း သူ့ဆိုင်ကနေ ပြန်တယ်ကို မရှိတော့ဘူးရယ်။
pexels-photo-556667.jpeg
Image source
စခန်းမှုးကြီးတို့ သတိပေးကြသလိုပါပဲ။ ဟိုဘက်ကမ်းက " အားပန် " ရဲ့အကိုက ကျုပ်တို့နှစ်ယောက်ရဲ့ သတင်းကိုကြားပြီး လိုက်လာပါတယ်။ သူ့ညီမ ဆိုင်မှာပဲ ကျုပ်ကိုခေါ်တွေ့ပြီး သူ့ညီမနဲ့ ပါတ်သက်ပြီး ကျုပ်သဘောထားကို မေးတော့တာပါပဲ။ သူ့ညီမ ကို တစ်ကယ်ယူမှာဆိုရင် သူကိုယ်တိုင် လက်ထပ်ပေးမှာ ဖြစ်တဲ့အကြောင်း မယူနိုင်ဘူးဆိုရင် ဝါးကြောနဲ့ လည်ပင်းလှီးပြီး သတ်မှာဖြစ်တဲ့အကြောင်း တိုင်းရင်းသားလူမျိုးတွေရဲ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ ကျုပ်ကလည်း တကယ်ယူမှာ ဖြစ်တဲ့အကြောင်းကို မတော်ရသေးတဲ့ ယောက်ဖ ကချင်ဗိုလ်ကြီးကို ပြောရတာပေါ့ခင်ဗျာ။ ကျုပ်ဟာနဲ့ ကျုပ်ဆို " အားပန် "ကို တော်တော်နဲ့ ယူဖြစ်ဦးမှာ မဟုတ်ပေမဲ့ ယောက်ဖကြီးကျေးဇူးကြောင့် ကျုပ်တို့ မင်္ဂလာပွဲက စောစီးစွာ ကျင်းပဖြစ်ခဲ့ပါတယ်။ မင်္ဂလာက ယောက်ဖကြီးက ဆောင်ပေးတာခင်ဗျ။
pexels-photo-192329.jpeg
Image source
ဒီလိုနဲ့ နေလာလိုက်တာ ဆိုခဲ့ပြီးသလိုပါပဲ။ ရဲလုပ်ငန်းစဉ်နဲ့ ပါတ်သက်ပြီး သိပ်လည်း အလုပ်မလုပ်ရတဲ့ နေရာဆိုတော့ ကျုပ်အတွက်တော့ စားလိုက် သောက်လိုက် အိပ်လိုက်ပဲ ဆိုပါတော့ ။ တစ်ခါတစ်လေ အပျင်းပြေ ရဲဘော်အချင်းချင်း ဖဲကစားတဲ့အခါ ကစားပေါ့လေ။ နောက်ပြီး ဆလံကမ္ဘာရဲ့ ယောက်ဖတစ်ယောက်ဖြစ်နေပြီဆိုတော့လည်း ဟိုဘက်ကမ်းတွေ ဘာတွေ အလည်သွားတဲ့အခါ ကျုပ်အတွက် တံခါးမရှိ ဓါးမရှိ အေးဆေးပဲ ဆိုပါတော့။

ဒါပေမဲ့ အဲဒီဒေသက လူသူအရောက်အပေါက်နည်းတဲ့ဒေသ ဆိုတော့ကား အစားအသောက် အဝတ်အစား ဘာညာကတော့ ရှားပါးတယ်ဗျ။ ကျုပ်ဝတ်တဲ့ ရဲယူနီဖောင်းဆိုတာ ဖာရာဗလပွနဲ့ ထပ်နေတာရယ်။ဆံပင်ညှပ်ဆိုင်ရယ်လို့ မရှိပဲ ရဲဘော်အချင်းချင်း တစ်ယောက်တစ်လှည့် ညှပ်ပေးနေကြရတာရယ်။ ကျုပ်ကတော့ ရဲဘော်တွေ ညှပ်ပေးတာမကြိုက်လို့ မညှပ်ပဲ ပစ်ထားတော့ ဆံပင်အရှည်ကြီးနဲ့ ရဲတစ်ယောက်ဖြစ်နေတာပါပဲ။

တစ်နေ့မှာတော့ ကျုပ်တို့ ပန်နန်းဒင် ရဲစခန်းကို အောက်ပြည်အောက်ရွာကနေ ကျုပ်လိုပဲ ရာထူးလျော့ အပစ်ပေးပုံစံနဲ့ ရဲတစ်ယောက်ပြောင်းလာတယ်ခင်ဗျ။ သူကအနည်းငယ် ကြွယ်ပိုးကြွယ်ဝ အသိုင်းအဝိုင်းက လာတယ်နဲ့တူပါရဲ့ဗျာ။ စကားပြောတဲ့အထက်စီးက ပြောတတ်ပြီး သိပ်ဒေါင့်မကျိုးလှဘူးရယ်။ ကျုပ်တို့ ရဲဘော်အချင်းချင်း အပျင်းပြေကစားကြတဲ့ ဖဲဝိုင်းမှာ သူက ဝင်ကစားပြီး လေကြီးမိုးကြီးတွေ ပြောတတ်သေးတယ်။ ကျုပ်တို့ ဖဲကစားတယ်ဆိုတာက အပျင်းပြေတစ်ကျပ်နှစ်ကျပ်ကြေးလေး ကစားကြတာပါဗျ။ ရတဲ့လစာကလည်း လေးရာကျော်ကျော်လေးပဲ ရတဲ့အချိန်ပါ။ အချိန်ကုန်အောင်ဆို ကစားကြတဲ့သဘောပါပဲ။
51--Lih02vL._AC_SY400_.jpg
Image source
အနှီသကောင့်သားက ဝင်လာပြီး ဖဲဝိုင်းဒိုင်ခံ လေလုံးတွေ ပစ်တော့တာနားထဲမှာလည်း အတော်လေး ကလောနေပါတယ်။ သူကကြိက်ြသလောက်ထိုး ဒိုင်ခံမယ်ဆိုပြီး သူ့မှာပါလာတဲ့ ငွေထုပ်ကလေးတပြပြနဲ့ပေါ့။ ကျုပ်လည်း အမြင်ကပ်နေတာနဲ့ ကျုပ်ရဲ့လစာ တစ်နှစ်စာကို ပေါင်ပြီး ထိုးပစ်လိုက်ပါတယ်။ အဲ့ဒီသကောင့်သားက ကံကောင်းပြီး ကျုပ်က ကံဆိုးချင်တော့ ကျုပ်ရဲ့လစာ တစ်နှစ်စာဟာ ခဏလေးနဲ့ ပြောင်သွားပါရော။ ကျုပ်လည်းအတော်လေး စိတ်လေသွားပြီး အဲဒီရှုံးထားတဲ့ဟာကို ပြန်ရှာဖို့ စိတ်ကူးရတယ်။ ရဲစခန်းမှာ လစာမဲ့နဲ့ခွင့်တစ်လယူ မိန်းမကို ပြောပြပြီး ရိက္ခာခြောက်အနည်းငယ်ယူသွားပြီးတော့ မလိခမြစ်ကမ်းတစ်လျှောက်မှာ ရွှေကျင်ထွက်ပါတယ်။ အဲဒီဒေသက ရွှေပေါတဲ့ အရပ်ဆိုတော့ တစ်လမပြည့်ခင် ရွှေတစ်ကျပ်သားခန့်ရပြီး ကျုပ်လစာပေါင်ထားတာလေးကို ပြန်ရွေးနိုင်ခဲ့ပါတယ်။
IMG_20180621_111012.jpg
နောက်တော့ ကျုပ်အရင်ရာထူးနဲ့ပဲ မြို့တစ်ခုကို ပြောင်းမိန့်ကျလာလို့ မိန်းမပါခေါ်ပြီးသွားရပါတယ်။ တာဝန်ထမ်းဆောင်ရမဲ့ မြို့ရောက်တော့ ကျုပ်အတော်ဂွကျရသေးသဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနီဖောင်းအစုတ် ဖာရာဗလပွနဲ့ ဆံပင်ရှည်နဲ့ ကိုယ်တော်ဆိုတော့ အဲဒီစခန်းက စခန်းမှုးကြီးက ကျုပ်ကို ရာထူးတို့နဲ့ ပြောင်းလာတဲ့ ရဲတပ်ကြပ်ကြီးဆိုတာကို မယုံဘူးလေ။ စာရွက်စာတမ်းတွေ ထုတ်ပြမှသာ ဘုရားစူး ရဲတပ်ကြပ်ဆိုတာ သြောချပြီးမှ ယုံတော်မူရှာတယ်။

ကျပ်အဲဒီစခန်းမှာပဲ တာဝန်ကျခဲ့ပြီးနောင်ပိုင်း ဘယ်ကိုမှ ထပ်မပြောင်းခဲ့ရတော့ပါဘူး။ အခုတော့ သားသုံးယောက်နဲ့ မိသားစုစုပေါင်းငါးယောက် အဲဒီမြို့လေးမှာပဲ အခြေကျနေပြီဆိုပါတော့။ ကျုပ်အသက်လား ခြောက်ဆယ်ကျော်ပြီလေဗျာ။ ပင်စင်ယူပြီးတာတောင် ငါးနှစ်ကျော်ခဲ့လေပြီဗျာ။ ဟိုတစ်လော ရွေးကောက်ပွဲတွေလုပ်တုန်းက ကျပ်ကို ဟိုပါတီ ဒီပါတီတွေက အမတ်လုပ်ဖို့ဆိုပြီး ခေါ်ကြသေးတယ်။ ကျုပ်တစ်ခွန်းပဲ ပြန်ပြောပြီး ငြင်းလိုက်ပါတယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တာ အနှစ်လေးဆယ်ကျော် လုပ်ခဲ့ပြီးပြီ။ အခုချိန်မှာ ဘာမှမလုပ်ချင်တော့ပဲ မိသားစုနဲ့သာ ပျော်ပျော်ရွှင်ရွှင် နေချင်ပါတော့တယ်လို့လေ။

Author>>>@aungzawhtwe

MSC : 014

Sort:  

ဘုရားစူး ရဲတပ်ကြပ်ကြီး 😁

ဟုတ်ပါတယ်ဆိုဗျာ။

ကိုထွေး ဟုဘူးလား

ဟုဘူးလေ။ အနော်သာရဲဆိုရင် ဒီအချိန်ပင်စင်ဘယ်ရဦးမလဲ။

ဟုတ်ဟုတ် သိပါပု ကိုထွေးပဲလားလို့

အပြီးမှပဲ သူများဇာတ်ကြောင်းရေပြမှန်းသိတော့တယ်ဗျာ။

အစောကတည်းက ကိုယ့်အကြောင်းပါလို့ မပြောထားဘူးလေ။😁😁😁

အဆုံးမှပဲဘယ်​သူမှန်းသိရ​တော့တယ်​။

အငှားခံစားပြီးရေးတာပါဗျာ။

တကယ်အဖြစ်အပျက်ပေါ့ တစ်ထောင့်တစ်ညပုံပြင်တွေတယ်များတာဘဲ hee hee

တစ်ထောင့်တစ်ညပုံပြောကောင်းတဲ့ ဘကြီးအောင်ကို မှီဖို့ကြိုးစားနေတာ။😁😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုထွေး ခံစားရေးဖွဲ့သည်ပေါ့

သူများကိစ္စ စိတ်ကူးနဲ့ရေးကြည့်တာလေ။

ကို​ထွေးအ​ကြောင်း​ရေး​နေတယ်​ထင်​ပြီး​တော့ အဟုတ်​မှတ်​​နေတာ... အ​တော်​​နောက်​သကိုးဗျ😩

နောက်ပါဘူးဗျာ။ သူများအကြောင်းကို ကိုယ့်ဟာ့လိုသဘောထားပြီးရေးကြည့်တာပါ။

ဪ ဦးရဲကြီးလည်း ရာထူးချခံရမှ မိန်းမ ရတော့သကိုး

ရာထူးချခံရတာတောင် ခပ်ကောင်းကောင်းဆိုရမလိုပဲလေ။😁😁😁

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63951.96
ETH 1789.25
USDT 1.00
SBD 0.39