စာအုပ်လမ်းညွှန် ( 3 )

in #myanmar6 years ago

ကျွန်တော်တို့၏လူနေမှုဘဝများတွင် အခက်ခဲအမျိုးမျိုးကို လူတိုင်းနီးပါး အနည်းနှင့်အများကြုံဖူးကြသူများသာဖြစ်ပေမည်။ မိမိဘဝကိုမိမိဆိုးလှပါလားဟုလည်း တွေးမိကောင်းတွေးမိကြပါလိမ့်မည်။ ကို့ယ်မှာကျရောက်သမျှ ဒုက္ခကိုလည်း ငါအတော်ကံမကောင်းတာပဲ ဟု ကျွန်တော်ကိုယ်တိုင်းလည်း တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့အခု ကျွန်တော်ဖတ်ဖို့ လမ်းညွှန်ပေးမဲ့စာအုပ်လေးကိုဖတ်ပြီးသွားရင်တော့ ခင်ဗျားတို့ ကျွန်တော်တို့ကြုံခဲ့ရတဲ့ ဒုက္ခတွေဆိုတာ သေးသေးလေးဖြစ်သွားလိမ့်မယ်။

အခုဖတ်ကြည့်စေချင်တဲ့ စာအုပ်က စိတ်ကူးယဉ်စာအုပ်မဟုတ်ပါ။ ပင်လယ်ထဲမှာ သင်္ဘောပျက်လို့ 13 ရက်တိုင်တိုင် အသက်ကယ်ဖောင်လေးပေါ်မှာ မျောပါနေခဲ့ရပြီး သေကံမရောက်သက်မပျောက်ခဲ့ရတဲ့ ရေကြောင်းအရာရှိတစ်ဦးက ရေးထားတဲ့ ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ ထိုအရာရှိ၏ နံမည်ကတော့ ဗိုလ်ကြီးဘသော်ဖြစ်ပြီး သူ့ရဲ့ကလောင်အမည်ကတော့ " မောင်သော်က " ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာအစိုးရသည် အမေရိကန်စစ်လက်ကျန် ကမ်းခြေစောင့် ကင်းရေယာဉ် ၁၀ စင်းကို လက်ခံရရှိရာ ၄င်း ၁၀ စင်းအနက် တစ်စီးဖြစ်သော တိုက်ရေယာဉ် ၁၀၃ သည် ရန်ကုန်မှ မြိတ်သို့ တာဝန်ထမ်းဆောင်ရန် သွားရောက်သည့် လမ်းခရီးတွင် မုန်တိုင်းမိကာ နစ်မြုပ်ခဲ့ရပါတယ်။ နှစ်မြုပ်ခဲ့ရတဲ့ သင်္ဘောပေါ်မှာ ဗိုလ်ကြီးဘသော်တို့ လိုက်ပါလာခဲ့တာပါ။
download (17).jpeg

အသက်ကယ်ဖောင်ပေါ်မှာ လူခြောက်ယောက်သာဆန့်သော်လည်း အခြေအနေအရ ဆယ်ရှစ်ဦးအထိစီးခဲ့ရတယ်လို့ဆိုပါတယ်။ အပြောကျယ်လှတဲ့ပင်လယ်ထဲမှာ မျောပါနေရင်း သောက်စရာရေမရှိတော့လို့ ကိုယ့်ကျင်ငယ်ရေကို ကိုယ်ပြန်သောက်ခဲ့ရတယ်လို့ဆိုပါတယ်။

သူတို့အဖွဲ့ထဲမှ လူရှစ်ဦးအထိသေဆုံးပြီး စားစရာမရှိလို့ ဖောင်နားကပ်လာတဲ့ ပုစွန်တွေ ဇင်ယော်တွေကို ဖမ်းပြီးလည်း အစိမ်းစားခဲ့ရသေးတာပါတဲ့။ ကံအားလျော်စွာ ဂျပန်ကုန်တင်သင်္ဘောနဲ့တွေ့ပြီး ကယ်ဆယ်ခဲ့လို့ သေကံမရောက်သက်မပျောက်ခဲ့ရတာပါ။

သေမင်းခံတွင်းဝရောက်နေတာတောင် ငယ်သားတွေ အသက်ရှင်ရေးအတွက် ခေါင်းဆောင်ပီပီ အနစ်နာခံနိုင်ပုံ မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားမှာ စိတ်ပျက်မသွားအောင် ခေါင်းဆောင်ကောင်း ပီသခဲ့တဲ့ " မောင်သော်က " မှတ်တမ်းတင် ရေးထားတဲ့စာအုပ်ရဲ့ခေါင်းစဉ်က " တိုက်ရေယဉ် ၁၀၃ " ဖြစ်ပါတယ်။
1-9f8e59957c.jpg
စာအုပ်ကို ဖတ်နေရင်းလက်ကမချချင်အောင်ဖြစ်ရတဲ့ စာအုပ်ပါပဲ။ ဖတ်ဖူးသူများကတော့ ဖတ်ဖူးကြပါလိမ့်မယ်။ မဖတ်ဖူးသေးသူများကိုတော့ ဖတ်သင့်သောစာအုပ်တစ်အုပ်မို့ ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။ စာအုပ်ဝယ်ရန် အခက်ခဲဖြစ်သောသူများအတွက် pdf ဖိုင်ကို ဒေါင်းလော့လင့် ထည့်ပေးလိုက်ပါတယ်။

MTKTiteYaeYin103.jpg
စာအုပ်ဒေါင်းရန်လင့်
👇👇👇👇👇
https://www.mediafire.com/download/f054sl17v2bffn5
image

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Sort:  

အားပေးနေမယ် bro

ဟုတ်ကဲ့ကျေးဇူးပါဗျ

ကိုထွေးကို အာ့တွေချစ်တာ
Downed လိုက်ပြီဗျ

ကောင်းပါပြီခင်ဗျာ။

Thank you ကို​ထွေး

ok ကိုအောင်ကြီး။

ကျေးဇူးပါ

ဟုတ်ကဲ့ ကိုဆန်းလွင်။

လင့်လေးပါ ချထားပေးတော့ တခါတည်း ဒေါင်းဖတ်ယုံပေါ့

ဖတ်စေချင်လို့ပါ။

အဆင်သင့်ခူးပြီးခပ်ပြီးဆိုတော့ ကျေးဇူးပါကိုထွေး

အဆင်ပြေပြေတစ်ခါတည်းဖတ်လို့ရအောင်လို့လေ။

မောင်သော်က နှမြောစရာကောင်းတာက ငါးပုဇွန်အမှုအတွက် ကိုယ့်ကိုယ့်ကိုယ် စူဆိုက်လုပ်သွားတာပါပဲဗျာ။။

ဟုတ်တယ်ဆရာ စိတ်ရဲ့ဖိစီးမှုဒဏ်ကို ဆရာမောင်သော်က မခံစားနိုင်ဘူးထင်ပါရဲ့။ အင်မတန်နှမြောစရာကောင်းတဲ့ စာအရေးအသားကောင်းတဲ့ဆရာတစ်ယောက်ဆုံးရှုံးရတာပါပဲ ဆရာ။

This post has received a 2.89 % upvote from @booster thanks to: @aungzawhtwe.

This post has received a 6.2 % upvote from @boomerang thanks to: @aungzawhtwe

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51