LacquerwaresteemCreated with Sketch.

in #myanmar7 years ago (edited)

"ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်မနက် ကျောင်းတက်မယ်" ဆိုတဲ့သီချင်းလေး ကြားဖူးခဲ့တာ ငယ်ငယ်ကတည်းပေါ့ဗျာ။
ကျွန်တော်တို့ခပ်ငယ်ငယ် အမေက ဘုန်းကြီးကျောင်းတွေကို ဆွမ်းသွားပို့တော့မယ် ဆိုရင် ယွန်းနဲ့လုပ်ထားတဲ့ဆွမ်းအုပ်ကြီးထဲမှာထည့် ခေါင်းပေါ်ရွက်ပြီး သွားပို့လေ့ ရှိပါတယ်။ အဲဒီခေတ်အခါတုန်းကတော့ အိမ်မှာရှိတဲ့အသုံးအဆောင် ပစ္စည်းတွေကလည်း ယွန်းနဲ့လုပ်တဲ့ပစ္စည်းမျိုး များတယ်ဗျ။ ကွမ်းအစ်တို့ လက်ဘက်အုပ်တို့ ရေနွေးခွက်တို့ပေါ့ဗျာ ။ ပြောချင်တာက ယွန်းထည် ပစ္စည်း အကြောင်းခင်ဗျ။
ယွန်းထည်တွေဟာ လှပတယ် ခန့်ညားတယ် ထည်ဝါတယ်။ အိမ်မှာ ဖြစ်ဖြစ် ဧည့်ခန်းမှာ ဖြစ်ဖြစ် ထမင်းစား စာပွဲ ကြိုက်တဲ့ နေရာမှာသုံး အဆင်ပြေတယ်။ အထားခံတယ်။ လက်ဝတ် ရတနာတွေ ထည့်လည်း ရတယ်။ အဆောင်အယောင်တွေ အဖြစ်လည်း သုံးနိုင်ပါတယ်။
ယွန်းထည်လုပ်ငန်းတွေကို ပုဂံ၊ ကျောက်ကာ တို့မှာ အများဆုံး တွေ့နိုင်ပါတယ် ။ ပုဂံမှာ ယွန်းပညာကျောင်း ရှိနေပါတယ်။
မြန်မာ့ ယွန်းထည်လုပ်ငန်းဟာ ပုဂံခေတ် ကတည်းက ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား လုပ်ငန်း အတွက် အင်္ဂလိပ်ခေတ်မှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး ဂျပန်ခေတ်မှာ ယွန်းပညာရှင် အမြောက်အများ ထပ်မံ ပေါ်ထွက်ခဲ့ပါတယ်။
မြန်မာပြည်တွင် ပထမဆုံး ယွန်းထည်လုပ်ငန်းကို ၁၂-၁၃ ရာစုလောက်တွင် စတင်ထွန်းကားခဲ့သည်ဟု မှတ်သားရဖူးပါတယ်။ ပုဂံသည် ယွန်းထည်နှင့်ပတ်သတ်၍လည်း နာမည်ကြီးသောမြို့ဖြစ်ပါသည်။ ယွန်းထည်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းမှာ ဝါးနှင့်သစ်စေး ဖြစ်ပါသည်။ ၀ါးကို ခွာ၍ချောမွတ်အောင်ပြုလုပ်ပြီး အလိုရှိရာ အိုး၊ ခွက်၊ ပန်းကန်၊ ပန်းအိုး၊ သေတ္တာ စသည်တို့ရရှိအောင် ပုံကြမ်းဖော်ကြရပါတယ်။
ယနေ့ခေတ်အခါမှာတော့ ယွန်းပစ္စည်း အသုံးပြုသူဟာ မရှိတော့သလောက်ရှားပါးလာသလို ပြုလုပ်ရောင်းချသူ အရေအတွက်ဟာလည်း နည်းပါးလာပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ယွန်းလုပ်ငန်း ပျောက်ကွယ်မတတ်ဖြစ်နေခြင်းအတွက်လည်း စိတ်မကောင်းဖြစ်ရတယ် ခင်ဗျာ။
Yoon.jpg
"Alms boring tomorrow of course," a song heard it was learned here.
We are all young, and then you have to go to a monastery made of lacquer and then superintendent often send in their heads. During this period, when the equipment was the lacquer entirely right. And a cup of hot water over the hands of the betel box here. You lacquerware to proceed.
Lacquerware beautiful grand . At home or in the living room or dining table comfortable anywhere. Let's add some jewelry. Insignia also can be used.
Pagan, lacquer work, Most stones are found, lacquer school.
Myanmar lacquerware industry has been originated since Bagan period and foreign tourism in the British times, was the most successful during the Japanese occupation of lacquer, appeared more numerous scholars.
Myanmar ,first lacquerware industry has flourished, starting at around 12-13 century, I remember. Bagan, lacquerware about famous cities. It is the main raw material of lacquerware, bamboo and resin. Barley removed from smooth to create the desired pot. cups, plate, vases, boxes, etc. To ensure sketch.
Today, when lacquer material scarcity as the user no longer has a fewer number of the seller. Myanmar's culture, including one almost disappear from the lacquer industry also feel sorry for you.!

                            Aung Zaw Htwe

5p.jpgYoon 2.jpg

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70