လျှပ်စစ် ရေနွေးအိုး

in #esteem8 years ago

ကျနော်တို့ နိုင်ငံတွင် ယ္ခုအခါ ၃မိနစ် ရေနွေး
အိုးများကို အိမ်ထောင်စု တိုင်းနီးပါး အသုံးပြု
လာကြပါတယ်၊
ဒီရေနွေးအိုးမှာ..၁၀၀၀ ဝပ် အသုံးပြုထား သော်လည်း..အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်
ထားလို့ အချိန်တိုအတွင်း ကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်
အား ချွေတာရာ ရောက်သလို security အဆင့်ဆင့် ခံတည်ဆောက်ထားတဲ့အတွက်
အသုံးပြုသူကို ကရိကထ လည်း အလွန်နဲ
စေပါတယ်..
ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး..အသုံး
ပြုမည်ဆိုလျင် အန္တရယ် ကင်းကင်း အသုံးပြု
နိုင်ရန်၊
သူ့ အကြောင်းကို အကြမ်းဖျဉ်း တော့ သိထား
ရင် ပိုကောင်းပါမယ်။

ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1သည် လက်ကိုင်ကိုင်း အပေါ်ထိပ် တွင်ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့်
ခလုပ်ကိုပိတ်စေ သော်လည်း အိုးထဲတွင်ရေ မရှိပါက ရေနွေးငွေ့
တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

Switch, 2 သည် အိုး၏အောက်ချေ
တွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထား သော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်လုပ်သောကြောင့် ကြာရှည်စွာ မေ့ထားမိပါက မီးဘေးအန္တရယ်
စိုးရိမ်ရသဖြင့်
ဤအိုးမျိုးကို အသုံးပြုလျှင်

(၁) အိုးထဲတွင်ရေလက်ကျန် ထားရန်နှင့်

(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

သတိပြုသင့်ပါသည်။

ကျေးဇူးတင်ပါတယ်။
...AG...

Sort:  

This post has received a 0.35 % upvote from @drotto thanks to: @aungyi.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63940.29
ETH 1801.37
USDT 1.00
SBD 0.39