မယားကြောက်
မိန်းမ ကြောက်ရတဲ့သူတွေကိုသင့်ပတ်ဝန်းကျင်
မှာတွေ့ ဖူးမှာပါ။
ဘာရယ်မဟုတ် မိန်းမ ကြောက်ရတဲ့ သူငယ်ချင်း
ကိုတွေ့ ရင် တစ်ခါတလေ စမိတာ ဟ မယား ကြောက် အရင် မိန်းမ နဲ့ ပဲလား။ပြောမနာ
ဆိုမနာ တွေကြောင့်သာ စဖြစ်တာပါ။သူကလဲ
ကိုယ့်ကိုပြန်စ ၊တစ်ယောက်ကို တစ်ယောက်
ဗွေမယူကြပါဘူး။ သူငယ်ချင်း အချင်းချင်း ခေါ်ကြတာမယားကြောက်တဲ့ အကြောင်းမသိတဲ့ သူစိမ်းတွေ အမြင်မှာ နည်းနည်းတော့ရိုင်းမယ်ထင်။
သူများ အကြောင်း ကို Steemit မှာ
သူမသိအောင် လာပြောတာတော့ မဟုတ်ပါ
ဘူး။ယောကျာ်းနှင့်မိန်းမ မှာ ယောကျာ်းဖြစ်
သူက မိန်းမသားတစ်ယောက်ကို ကြောက်
စရာလားပေါ့။မဟုတ်တာ လုပ်ထားတဲ့ ယောကျာ်းကတော့ မိန်းမ ကြောက်ရပြီပေါ့လေ။
ကိုယ့်တွေ့ လေးတစ်ခုပါ။မဟုတ်တာ
လုပ်တဲ့နေရာမှာ ကိုယ်ပါနေရင် ကိုယ့်ကိုပါ
အပြောအဆို ခံရသေးတာ၊ ကိုယ်က သူ့ ယောကျာ်းကိုပဲ ဖျက်စီးနေသလိုလို၊သူ့ ယောကျာ်း နှင့် ကိုယ်က လိုင်းတူနေတော့
ဆုံမိကြရင်၊ ရှိတဲ့ပိုက်ဆံ ကုန်မှအေးလေ ရော
ပဲ။ဘာဘာညာညာ လုပ်တာ မဟုတ်ဘူးရယ်
နှစ်ယောက်သား အကြိုက်တူတာက လောင်း
ကစား ပဲ ၊ မြန်မာပြည်မှာလို မဟုတ်ဘူး။
ရှမ်းပြည်မှာ ပွဲရှိရင် "ခြောက်ကောင်"၊"ဂျင်"
ရှမ်းကိုးမီး ၊ ပါပြီးသာပဲလေ ပွဲရှိတိုင်း ကိုယ်
တွေ ရောက်ပြီး သားပဲ။သူ့ မိန်းမ ကိုမခေါ်
ပါ ကိုယ်တွေ နှစ်ယောက်သားသွားဖြစ်ပါသည်။
ရှမ်းပွဲတစ်ခုမှ သိန်း ၂၀ နိုင်ဖူးတယ်လေ။
အဲ့နေ့က ပွဲနောက်ဆုံး နေ့ မှ သွားဖြစ်တယ်
ပွဲဖြစ်တဲ့ နေရာက ဝေးပြီး၊ ရာသီဥတုက
အေးတော့ အစက သိပ်မသွားချင်ပါဘူး။
သူနဲ့ ဆုံမိလို့ သာ ပွဲကိုရောက်သွားတာ
ကျန်တဲ့ သူနဲ့ သာဆို သွားဖြစ်မည် မထင်ပါ။
ပွဲကို ရောက်တော့ရှမ်းကိုမီး ဝိုင်းမှာ ထိုင်ပြီး ဖဲကစားတယ်၊ ၅ ကြိမ်လောက် ထိဆော့ ကစား ရင်းအခြေအနေ သိပ်မကောင်းတာမို့  ရှမ်းကိုမီး
ဝိုင်းက ထွက်ခဲ့ဖြစ်သည်။အခြားရှမ်းကိုးမီးဝိုင်း
မှာ ဝင်မကစားသေးပဲ ဝင်ကြည့်၊ အခြေအနေ
အကဲခက်တာပေါ့လေ။တစ်ဝိုင်းပြီး၊တစ်ဝိုင်း
လှည့်ကြည့်ရင်း စိတ်ကြိုက်မတွေ့ တာမို့ 
ပွဲ ကို တစ်ပတ် လောက် ပတ်ကြည့်လိုက်တယ်။
ဂျင်ဝိုင်းမှာ လူဆည်နေလို့ ဝင်ကြည့်ဖြစ်ပါသည်။
ဂျင်းဝိုင်းလူများချက်က ကြက်၊ဝက်၊ဖား၊လျော
သူတို့ ကို မြင်ရဖို့  တော်တော် တိုးယူရပါသည်။
ဂျင်ဝိုင်းမှာ မိန်းမ တွေ ပိုများနေသလားပဲ။
မိန်းမ တွေ သူတို့  အကောင်သာ ကျရင် ဝိုး
ဝါး နဲ့  ဆူညံနေတာပဲ ပွဲမှာ ဂျင်ဝိုင်းက တစ်ဝိုင်း
သာပါတာ ဆိုတော့ လူတွေ ပြည့်သိပ်နေတာ
ပေါ့လေ။နှစ်ယောက်သား ဝင်ထိုးတာပေါ့၊
မိန်းမ တွေနဲ့ အပြိုင် အော်လိုက်၊ထိုးလိုက်နဲ့ 
ပျော်စရာကြီး၊ ဆယ်ကြိမ်လောက် ထိုးပြီးတော့
သူငယ်ချင်းကသူပါလာတဲ့ ပိုက်ဆံ ကုန်ပြီတဲ့
ကျွန်တော် မရှုံးသေးပါ။ အနိုင်ရနေပါသေး
သည်။အတူတူလာတဲ့ သူငယ်ချင်း
က ကုန်ပြီဆိုတော့ ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံ
တစ်ဝက်ခွဲပေးလိုက်တယ်၊ နိုင်ရင်တစ်ယောက် တစ်ဝက်နော်လို့ ဆိုပြီး ပေးလိုက်သည်။ရှုံး
သွားရင်လဲ ပြန်မပေးတာ က ရိုးနေပြီ လေ
နိုင်ရင် အရင်းမကပဲ အမြတ်ထွက်နိုင်ပါသေး
သည်။
၁၀ နာရီ လောက်မှာ ကျွန်တော့်ပိုက်
ဆံ ကုန်ပြီ၊ ဗိုက်လဲ ဆာလာတာနဲ့  သူငယ်ချင်း
အနား သွားကပ်ကြည့်တော့ လက်ထဲမှာ ပိုက်
ဆံတွေက အများကြီးဖြစ်နေပြီ၊ သူနိုင်နေပြီ
ဆိုတာ သိတာနဲ့ ၊ အနိုင်ပိုင်းနိုင်မှဖြစ်မှာ လေ
သူ့ လက်ထဲ က ပိုက်ဆံ ဆွဲယူလိုက်တယ်။
ပြန်မယ် ပြောပြီး လူကိုပါ တစ်ခါတည်း ဆွဲ
ခေါ်လာလိုက်တယ်။ဈေးဆိုင်မှာ ဝင်ထိုင်ပြီး
ယမ်ယမ်ချဉ်စပ်ပြုတ် နှစ်ပွဲ မှာစား၊သူငယ်
ချင်းက အိတ်ထောက်ထဲ က ပိုက်ဆံတွေ ထပ်
ထုတ်ပြီး ရေကြည့်မှာ စုစုပေါင်း သိန်း ၂၀ ကျော် နေတာ ကျွန်တော်က ဟာ မိုက်လိုက်
တာ ကွာ ငါဆို တစ်သိန်းလောက်ရရင်ကို ပြန်
ဖို့ စဉ်းစားနေပြီ၊မင်း ဘယ်လိုများ ထိုးသလဲ
ပေါ့ မေးကြည့်တယ် " မင်းဆီက ပိုက်ဆံ ယူ
ပြီးထိုး လိုက်တာ ၅ ကြိမ် ဆက်တိုက် ရတယ်"
နောက်ပိုင်း ဆတိုးနဲ့ လိုက်ထိုးလိုက်တာ ကံ
ကောင်းသွားတာ နိုင်ချင်တော့ လဲ ဘာရယ်
မဟုတ်ဘူး ငါ့ကောင်ရေတဲ့"မင်းတစ်ဝက်
ယူဆိုပြီးပေး လို့  ကျွန်တော် သူ့ ကို ၂ သိန်း
ပြန်ပေးလိုက်ပါသည်။ချဉ်စပ်ပြုတ်လေး ဆွဲ
ပြီး နှစ်ယောက်သား ပွဲကနေ ပျော်ရွှင်စွာပြန်
လာခဲ့ပါတော့သည်။မနက်ရောက်တော့ သူငယ်ချင်းကမိန်းမဖို့ ဆိုပြီးဈေးသွား
အနွေးအင်္ကျီ နှင့် ဖိနပ်ဝယ်ပေး လိုက်တော့
ညက ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ
သိပ် သံသယ မဖြစ်တော့ပါ။သူငယ်ချင်းကို
ပြန်မေးကြည့်ရတယ် မင်းမိန်းမ ကို ဘယ်လို
ပြောတာလဲ " ညက သူငယ်ချင်း တစ်ယောက်
ကို မြေဝယ်ဖို့  ပွဲတိုက်ပေးနေတာ အဲဒါ ပွဲခ
ရလို့ ဝယ်လာပေးတာလို့  ပြောလိုက်တာပါတဲ့"
ဥာဏ်ကောင်းချက် လိုက်မမှီဘူး။ မင်းမိန်းမ
က ဘယ်ကသူငယ်ချင်းလဲလို့ မမေးဘူးလား
ဆိုတော့ မမေးပါဘူးတဲ့ဗျာ။
ဟိုတစ်နေ့ က facebook ပေါ်မှာ ဖတ်လိုက်ရတယ် မိန်းမကြောက်တဲ့
သူတွေက ဥာဏ်ကောင်းကြတယ်တဲ့၊ဆင်ခြေ
ပေးဖို့  ဖြတ်ထိုးဥာဏ်က ဘယ်ကထွက်လာ
တယ်မသိဘူး။ လုပ်ထားတဲ့ အပြစ်တွေပြေ
လျော့သွားလောက်အောင် ပြောဆိုတတ်ကြ
ပါသည်။
အားလုံး မိန်းမ ကြောတတ်သူများ ဥာဏ်
ကောင်းကြပါစေ။
Author>>@aungsanlwin
photos credit;google image
MSC-017
အကွက်လေးတွေလှတယ် 😁
ဟုဟု
မိန်းမကြောက်သူတွေ ဥာဏ်ကောင်းတယ်ဆိုဘဲ😁😁
ဟုတ်တယ်ဆို
Admin ကသက်ကြီးကို ပေးဖတ်ရမယ် ဒီပိုစ့်လေး ရှောင်တတ် တိမ်းတတ်အောင် ဟားးးးးးးး
မှန်ပါ့ဘုရား
မိန်းမကြောက်တော့ အမှားမလုပ် ဘေးကင်းတာပေါ့
အဲဒါလဲ ဟုတ်ပါတယ်လို့ 
ဟိဟိ ဥာဏ်နီ ဥာဏ်နက် ဥာဏ်ကာလာစုံ ထွက်လာရတာပဲ။လွယ်တော့မလွယ်ဘူးလိမ်တတ်ရတာပေါ့။ကောင်းတယ်အစ်ကိုရေးထားတာလေး။
ကျေးဇူးပါ ဥာဏ်ကောင်းပါစေ
အကွက်တွေအကွက်တွေ မှတ်ထားအုံးမှပါ
ဟုဟု မှတ်ထားပါ
အိုး .. လေးစားပြီလေ
ဒါလဲ သင်ဆရာ မြင်ဆရာပဲဗျ
မှတ်ထားလိုက်ပြီ အကွက်တွေ 😀😀
ဟုဟု
G4က ဘူတွေ ဥာဏ်ကောင်းကျလည်း
အဲဒါသိဘူး
စားရေးတာ အရမ်းကောင်းတယ်bro
ကျေးဇူးပါ
ဒီလိုပဲ ညဏ်နီညဏ်နက်တွေထုတ်ရတာပေါ့.. :D
တစ်ခါတလေ ရီ နေရတယ် ဆို