Travelling America Writing

in #steemit6 years ago

အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ နာမည်ကြီး နယူးယောက်မြို့ ရဲ့ နေထိုင်သွားလာမှုဘ၀ တစေ့တစစောင်း

image

အမေရိကားမှာဖုန်းဝယ်ရင်ဘယ်လိုဝယ်လဲ
အမေရိကန်တွေတော်တော်များများက Apple တံဆိပ်ဖုန်းတွေကိုင်တာဆိုတော့ ချမ်းသာတယ်လို့ ထင်ပါလိမ့်မယ်။ မထင်ပါနဲ့ ။ သူတို့ တော်တော်များက ဖုန်းဈေးနှုန်း ဒေါ်လာ ၆၀၀ လောက်ကို တစ်ခါတည်းမပေးနိုင်ကြပါဘူး။ ဘာလို Apple တံဆိပ်ဖုန်း အထူးသဖြင့်နောက်ဆုံးပေါ်တွေကို ချက်ချင်းသုံးနိုင်ကြတာလဲ။ အရင်တစ်လောကမှ iphone 7 ထွက်တယ်။ အမေရိကန်ပြည်သူတစ်ယောက်က iphone 5 ကိုသုံးနေတာပေါ့။ သူက iphone 7 ကိုရချင်ရင် ဖုန်းဆိုင်ကိုသွားတယ်။ ဆိုင်မှာဘယ်လိုဝယ်လို့ ရလဲဆိုတော့ ဆိုင်ရဲ့ ကုမ္ပဏီမှာ သူတို့ ဝန်ဆောင်မှုကိုသုံးရင် ၊
ကိုယ်ကအကြွေးယူပြီးအချိန်မှီပြန်ပေးတယ်ဆိုတဲ့ credit စာရင်းမှာရှိရင်
တစ်လကို ဒေါ်လာ (၂၇)ကျပ်နဲ့ (၂၄)လ ပေးပြီး ဒီလိုစနစ်နဲ့ ဝယ်လို့ ရပါတယ်။
ဒီတော့ အမေရိကန်ပြည်သူတစ်ယောက်က iphone 7 ကိုလွယ်လွယ်ကူကူနဲ့ လဲနိုင်ပြီးသုံးနိုင်ပါတယ်။ ဖုန်းအပောာင်းက အချက်အလက်တွေကိုလည်း သူတို့ နည်းပညာနဲ့ တစ်ခါတည်း ဖုန်းအသစ်ကိုကူးပေးပါတယ်။ ဖုန်းနံပါတ်ပျောက်တာ ဓာတ်ပုံတွေပျောက်တာလုံးဝမရှိပါဘူး။ ဒီလိုမျိုးကို T-Mobile စတဲ့ အမေရိကားက ဖုန်းကုမ္ပဏီတွေကလုပ်ကြပါတယ်။ T-Mobile ကတော့ Telenor လိုမျိုး ဖုန်းကုမ္ပဏီဖြစ်ပါတယ်။
မှတ်ချက်။ ။ ဖုန်းကို တစ်လ ၂၇ ဒေါ်လာနဲ့ ပေးတဲ့အခါတော့ ကိုယ့်ရဲ့ ဘဏ်အကောင့်နံပါတ်ကိုပေးခဲ့ရပါတယ်။ ဘဏ်အကောင့်ကို ကုမ္ပဏီကနေ တစ်လ ၂၇ဒေါ်လာ ပုံမှန်ယူသွားတာပါ။ အမေရိကားမှာ အင်တာနက်က အင်မတန်လျင်မြန်ပြီး အင်တာနက်ပေါ်မှာဈေးဝယ်ရာတွင်လည်း အင်မတန်လုံခြုံစိတ်ချမှုရှိသောကြောင့် ဘာမှစိတ်ပူစရာမရှိပါ။ အမေရိကန်ပြည်သူတွေ ဈေးဝယ်ထွက်ရင် ဘဏ်ကတ်တစ်ခုသာယူသွားပြီး ငွေသားတွေကို အများကြီးယူသွားတာမျိုး ရှိကိုမရှိတတ်ပါ။

ဖုန်းသုံးခကိုဘယ်လိုပေးလဲ
တစ်လကို ဖုန်းကြိုက်သလောက်ပြော ၊ စာကြိုက်သလောက်ပို့ နဲ့ အင်တာနက်ကြိုက်သလောက်ကို 4G နဲ့ သုံးတာကို တစ်လတွင် ၄၀ဒေါ်လာပဲပေးရပါသည်။

အင်တာနက်မြန်နှုန်း
အင်တာနက်သည် အင်မတန်မြန်သည်။ Google တွင်နှိပ်လိုက်ရင်ချက်ချင်းပေါ်ပါသည်။

ဘတ်စ်ကား ၊ ရထားကို ဘယ်လိုစီးသလဲ
နယူးယောက်မြို့ မှာတော့ ရထား ၊ ဘတ်စ်ကားမစီးခင် ငွေဖြည့်ကတ်ဒ်တွေကိုဝယ်ရပါတယ်။ ငွေဖြည့်တဲ့အခါမျိုးစုံဖြည့်လိုရပါတယ်။ တစ်ခါစီးရင် ဒေါ်လာ ၂.၇၅ကျပ် ကုန်ပြီး ကိုယ်က ခရီးအသွားအပြန်နှစ်ခေါက်ဆိုပြီး ဒေါ်လာ ၆ကျပ် ပဲထည့်လိုရသလို ကိုယ်က အလုပ် ၊ ကျောင်းကို နေ့ တိုင်းသွားနေရင်တော့ unlimited card ( ဘယ်လောက်ခရီးသွားသွား ၊ ဘယ်လောက်ပဲ စက်မှာကတ်ဒ်ကိုဖြတ်ဖြတ် ဆိုပြီး တစ်လအတွင်းကို အကန့် အသတ်မရှိသုံးလို့ ရပါတယ်။ ) အဲ့လိုမျိုးကတ်ဒ်တွေကတော့ အခုဒီစာရေးနေတဲ့အချိန်မှာတော့ ဒေါ်လာ ၁၁၂ ကျပ်ပေးရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကျောင်းသားဆိုတော ရထားကိုနေ့ တိုင်းစီးပြီးကျောင်းသွားတော့ unlimited card ကိုသုံးပါတယ်။ တစ်လလုံးကို အကန့် အသတ်မရှိစက်တွေမှာဖြတ်လို့ ရတော့ တန်ပါတယ်။ နယူးယောက်မြို့ က ဘတ်စ်ကား ၊မြေအောက် ရထားတွေကို ပြေးဆွဲတဲ့ကုမ္ပဏီကို MTA ( Metropolitan Transportation Authority ) လို့ ခေါ်ပါတယ်။ နယူးယောက်တစ်မြို့ လုံးက ဘတ်စ်ကားတွေ ၊ မြေအောက်ရထားတွေလိုင်းအားလုံးကို သူတို့ ကပဲထိန်းချုပ်ပါတယ်။ ဒီမြေအောက်ရထားတွေကို ၁၉၀၀ခုနှစ်ထဲကနေဆောက်လုပ်ခဲ့တာပါ။ ကမ္ဘာပေါ်ကအအိုမင်းဆုံးမြေအောက်ရထားစနစ်ထဲက တစ်ခုဖြစ်ပါသည်။ နယူးယောက်မြို့ ကလမ်းပန်းဆက်သွယ်ရေးမှာ အံ့သြစရာကောင်းတာကတော့ နယူးယောက်တစ်မြို့ လုံးကို မြေအောက်ရထားတွေနဲ့ ဆက်သွယ်ထားပါတယ်။ မြေအောက်ရထားက ဘယ်လောက်တောင်တူးပြီးဆောက်ထားလဲဆိုတော့ မြေအောက်ရထားက (၂)ထပ်တောင်ရှိပါတယ်။ ပထမမြေအောက်ရထားပြီးရင် နောက်မြေအောက်ရထားနောက်တစ်လိုင်းက ဓာတ်လှေကားစီးပြီးသွားရင်း နောက်တစ်ထပ်ရှိပါတယ်။ နယူးယောက်မြို့ က ကျွန်း (၅)ကျွန်း နဲ့ ဖွဲ့ စည်းထားပါတယ်။ ထိုကျွန်းတွေကတော့ Manhattan, Queens, Bronx, Brooklyn,နဲ့ Staten Island တို့ ပဲဖြစ်ပါတယ်။ တစ်ကျွန်းနဲ့ တစ်ကျွန်းအကြား ချောင်းတွေရှိပါတယ်။ ချောင်းကိုဖြတ်ပြီး ရထားသွားတဲ့အခါ ချောင်းရဲ့ အောက်မှာကို လှိုက်ဂေါင်းတူးပြီးတော့ကို ရေအောက်ကနေကို သွားတဲ့ရထားတွေရှိပါတယ်။ ဒီလောက်ထိ နည်းပညာတိုးတက်တာပါ။ နောက်ပြီး မြေအောက်ရထားတွေက နယူးယောက်မြို့ က မြို့ လည်ခေါင်ကအစ မြို့ အစွန်အဖျားထိကို မှတ်တိုင်တွေဆောက်ပြီး ရောက်တော့ မြို့ သူ ၊ မြို့ သားအားလုံးအတွက် အဆင်ပြေပါတယ်။
မြေအောက်ရောက်သွားရင်တော့ အင်တာနက်လိုင်းမမိတာကလွဲလို့ အင်မတန်မြန်ဆန် ( ဘတ်စ်ကားထက်တောင် ပိုမြန်ပါတယ် ) ၊ နေရာတိုင်းကိုရောက်ပြီး ၊ ဘယ်အချိန်လာမယ်ဆိုတာကိုပါ ထုတ်ပြန်ပြီး များသောအားဖြင့် ( တနလာင်္- သောကြာ )တွင် အချိန်မှန်ကာ စနေ ၊ တနင်္ဂနွေ တွင်တော့ နည်းနည်းကြာတတ်ပါသည်။ တစ်ခါတစ်လေတော့ ရထားလိုင်းကြောင်းတွေက တစ်အားများပြီးရှုပ်ထွေးတော့
ရထားတွေက ပြဿနာဖြစ်ပြီး တစ်ခုကရပ်လိုက်ရင် နောက်ကတစ်စီးကပါ ရပ်လိုက်ရတော့ နောက်ကျတတ်ပါတယ်။ နောက်ကျတာကတော့ တစ်ခါတစ်လေပါ။ (၅)မိနစ်ကနေ (၁၀)မိနစ်အထိ ရထားတစ်စီးအမြဲလာတတ်ပါတယ်။ ရထားလိုင်းနာမည်တွေက A,B,C,D,E,F,G, M,N, Q အကုန်ရှိပါတယ်။ နံပါတ်တွေတွင် 1,2,3,4,5,6,7 ဆိုပြီးရှိပါတယ်။ ရထားတွေကတော့ သူ့ ကျွန်းနဲ့ သူခွဲထားတာတွေလည်းရှိပါသည်။ 7 ရထားဆိုရင် Manhattan နဲ့ Queens ပဲပြေးသည်။ ဒီတော့ ရထားတွေကပြောင်းစီးတတ်ရပါသည်။ 7 ရထားကနေ N ရထားကို ပြောင်းစီးပြီးတော့ ကိုယ်သွားချင်တဲ့နေရာကို သွားကြရပါသည်။
Taxi တွေကဈေးအင်မတန်ကြီးပါသည်။ သွားသလောက်ကို မီတာနဲ့ ပေးရပါတယ်။

နိုင်ငံတစ်ကာယဉ်ကျေးမှုရှိသည်
အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတစ်ကာက လာတဲ့သူတွေနဲ့ ဖွဲ့ စည်းထားတာဖြစ်ပါသည်။ ဒီတော့ တခြားယဉ်ကျေးမှုတွေကိုလည်း တွေ့ နိုင်ပါသည်။ နယူးယောက်မြို့ တွင် ကမ္ဘာပေါ်ကယဉ်ကျေးမှုတိုင်းရှိပါသည်။ ကိုရီးယားအစားစာ ၊ ပြင်သစ်အစားအစာ ၊ ကျူးဘားကအစားအစာ ၊ အာရှဒေသအရှေ့ အလယ်ပိုင်းက အာရပ်နိုင်ငံတွေရဲ့ အစားအစာ၊ ရုရှားအစားအစာ၊ တရုတ်အစားအစာ အကုန်စားနိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင် ကိုရီးယားအစားအစာ ၊ တရုတ်အစားအစာ ၊ အာရှဒေသအလယ်ပိုင်းကအစားအစာ ၊ ဂျပန်အစားအစား ၊ မက်စီကိုအစားအစာ ၊ အီတလီအစားအစာ- အီတလီစတိုင်ပီဇာအစစ် တွေအားလုံးကို လိုက်စားပါသည်။ အစားအစာတွင်တွင်မက တကယ့်လူတွေပါ တွေ့ နိုင်ပါသည်။ ကျွန်တော့်တွင် ပြင်သစ် ၊ ဂျာမနီ ၊ နိုင်ဂျီရီးယား ၊ အိုစဘက်ကင်စတန် ၊ ရုရှား ၊ ဂျပန် ၊ ကိုရီးယား ၊ တရုတ် ၊ ပါကင်စတန် ၊ ကာဂျစ်စတန် ၊ ဂျော်ဂျီယာ စတဲ့နိုင်ငံကသူငယ်ချင်းတွေရှိသလို တခြားနိုင်ငံပေါင်းစုံကလူတွေနဲ့ လည်းတွေ့ ခဲ့ပါတယ်။ ကျွန်တော်ရေးထားတဲ့ “အမေရိကားတွင်ကျောင်းတက်ချင်ရင်ပြင်ဆင်ထားသည့်အရာများ” ဆောင်းပါးမှာ နိုင်ငံတစ်ကာကလူတွေနဲ့ တွေ့ မယ်စတာတွေကို ရေးထားပါတယ်။

မြန်မာအစားစာရှိသည်
အမေရိကန်ပြည်ထောင်စုတွင် ငါးပိ စားလို့ ရသည်။ ငါးပိစားပြီး အင်္ဂလိပ်စကားပြောလို့ ရသည်။ မြန်မာပြည်ကထုတ်တဲ့ ပေါ်ဆန်မွှေး Made in Myanmar တွေကို တရုတ်ဈေးဆိုင်တွေမှာဝယ်နိုင်ပါသည်။
ငါးပိတွေကို စိမ်းစားငါးပိအစ စားလို့ ရသည်။ တရုတ်တွေကလည်း ငါးပိစားတော့ မြန်မာပါးစပ်နဲ့ အကြိုက်တွေတော့စားလို့ ရပါသည်။ ငါးခြောက်လည်းရပါသည်။ မြန်မာပြည်ကတင်သွင်းတဲ့ Made in Myanmar ပုဇွန်ခြောက်တွေလည်း စားလို့ ရသည်။ နောက်ပာင်းသီးပာင်းရွှက် ၊ ငံပြာရည်ကအစ တရုတ်ဈေးဆိုင်တွေမှာရောင်းတော့ မြန်မာထမင်းပာင်ကိုယ့်ပာာကိုယ်ချက်စားလို့ ရပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ပေါင်မုန့် အသားညှပ်ပဲစားနေကြတယ်ဆိုတာမပာုတ်ပါဘူး။ မြန်မာထမင်းပာင်းကို ငါးပိကအစ ချက်စားလို့ ရပါသည်။

ကျေးဇူးတင်ပါသည်
ကျော်ထွန်း
ကျော်ထွန်းသည် City University of New York, Hunter College တွင်တက်ရောက်နေသောကျောင်းသားတစ်ယောက်ဖြစ်ပါသည်။

Sort:  

ဆက်ရေးပါဗဟုသုတရစေပါသည်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99