တပည့်တို့၏ အလွဲများ My Electrical Jobs

in #myanmar8 years ago (edited)

တပည့်တို့၏ အလွဲများ

image

ဒီမီးအလုပ်ကို စလုပ်တုန်းကတော့ ဝါသနာပါ
လို့လဲ မဟုတ်ဘူး။ အင်ဂျင်နီယာ ကျောင်းဆင်းထားလို့လဲ မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ နေ့စားခလေး မှန်မှန်ရနေလည်း မနည်းဘူးဟ ဆိုပြီး ဝင်လုပ်တာပါ။ ခံယူချက်က အာ့လို
ကြီးတာ။

အလုပ်စလုပ်တုန်းက ကျနော်က ဘာဆိုဘာမှ
မသိတဲ့ အခါကျတော့ အခက်အခဲအများကြီး
ကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပြီး အလုပ်ထဲမှာ ရှိကြတဲ့ ကျနော့ရဲ့ စီနီယာ အကိုတွေက
လည်း ကျနော့လိုမျိုး အဆင့်ကနေ တက်လှမ်း
လာခဲ့ကြတဲ့ သူတွေချည်းပဲလို့ သိရပါတယ်။

ဆရာက ကျနော်တို့လို ငပိန်းတွေကို တစ်နေ့ကို နည်းနည်းခွန့်ရင်း မီးပညာကို သင်ပေးခဲ့တာပါ။ တစ်ထိုင်တည်း နဲ့ အများကြီးပြောပြလဲ ကျနော့လို အတန်းပညာမရှိ ဘာမသိ ညာမသိ ကောင်က နားလည်နိုင်စွမ်းလဲ ရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့အားလုးံဟာ ဆရာက
သင်ပေးရင်း လုပ်ရင်းကိုင်ရင်းနဲ့ ပညာလေးတွေ တိုးတိုးပြီး သိလာခဲ့ကြရတာပါ။

အလုပ်ထဲမှာ ဆရာနဲ့ အတူတူအလုပ်လုပ်ကြပြီ ဆိုရင်လည်း ဆရာ့ရဲ့ ဦးဆောင်မှုတွေဟာ
လူသက်သာပြီး အလုပ်ကိုတွင်စေတဲ့ နည်းတွေ ချည်းပါပဲ။ အလုပ်လက်ခံထားတာတွေ များလာတာနဲ့အမျှ site တွေကလည်း နေရာစုံခွဲလုပ်နေရတော့ ၊ ဆရာက site တွေကို ပတ်ရင်း ရောက်တဲ့ site တိုင်းမှာ ပေးသွားတဲ့ comman တွေဟာ အဖိုးတန်တွေချည်းပါပဲ။
ဆရာဟာ မီးပညာနဲ့ ပတ်သတ်ရင် ကျနော်တို့
အပေါ်မှာ လွှမ်းမိုးမှု ရှိနေတာပါပဲ။

နောက် လုပ်ခလစာပါ။ လုပ်ခကိုလည်း အကြောင်း အမျိုးမျိုးကြောင့် နောက်ကျမှ ပေးဖြစ်တာတို့၊ အဆင်ပြေမှ ယူဆိုတာတို့ လုးံဝမဖြစ်ခဲ့တာပါပဲ။ တစ်လတစ်ခါမှ ထုတ်ချင်တဲ့သူက
တစ်လ တစ်ခါမှန်မှန်ရမယ်။ ဆယ်ရက်တစ်ခါ
ထုတ်ချင်တဲ့သူက ဆယ်ရက်တစ်ခါ မှန်မှန်ရပါ
တယ်။ ဒီကြားထဲ ကိုယ်အသုးံလိုလို့ ပိုက်ဆံများများကြိုယူထားလို့ရပြီး နောက်မှ တစ်ဖြည်းဖြည်း ပြန်ပေးသွားလို့လဲရပါတယ်။ တစ်ချို့
အကိုတွေဆို ဒီလိုနည်းနဲ့ အိမ်ပိုင်တွေ ဘာတွေတောင်ဖြစ်ကုန်ကြတာပါပဲ။ ဒါက ငွေကြေးနဲ့ ပတ်သတ်လာရင် ကျနော်တို့အပေါ် ဆရာ့ရဲ့ လွှမ်းမိုးမှုပါ။

ကိုယ်ကျင့်တရား အပိုင်းနဲ့ ပတ်သတ်ရင်လည်း ဆရာက အရက်မသောက်၊ ကွမ်းစား
ဆေးသောက် မလုပ်၊ Beer ၊ KTV ၊ မာဆတ်
စတာတွေကို တစ်ယောက်တည်း လဲ မလုပ်ဘူး။ အဖော်နဲ့လဲ မလုပ်ဘူး။ အားနာပြီးတော့လဲ မလုပ်ပါဘူး။ ဆရာသူတစ်ပါးအပေါ်မှာ
ကလိန်ကကျစ်ကျလိုက်လို့ ၊ အကျင့်မကောင်း
လို့ဆိုပြီး တစ်ခါမှ မျက်နှာမငယ်ခဲ့ရပါဘူး။
ဟာ ဆရာ့ တပည့်တွေလားဆိုပြီး ကျနော်တို့ဟာ အမြဲ မျက်နှာသာ အပေးခံခဲ့ရတာချည်းပါပဲ။ ကိုယ်ကျင့်တရား နဲ့ ပတ်သတ်ရင်လည်း ဆရာက ကျနော်တို့ကို လွှမ်းမိုးထားပါတယ်။

ဆရာဆူတာ ဆဲတာတွေဟာ သု့ကိုယ်ကျိုးအတွက်၊ တပည့်တွေကို ချနင်းဖို့အတွက် ဆူတာ
ဆဲတာ လုးံဝမရှိခဲ့ပဲ။ ကျနော်တို့ကောင်းကျိုးအတွက် ဆူဆဲခဲ့တာချည်းပါပဲ။ ယနေ့ ဆရာတပည့်တွေဟာ အပြင်မှာ မီးအလုပ်တွေ လုပ်ကိုင်
နေကြပြီဖြစ်ပြီး သူတို့ဟာ ကျောင်းဆင်းတွေ မဟုတ်ပေမယ့်လည်း ကျောင်းဆင်းတွေအလား သီအိုရီတွေလာမလား ၊ လက်တွေ့တွေဆိုရင်လည်း ခြောက်ပေအနက်ရှိတဲ့ earth
ကျင်းတွေတူးပြရမလား၊ စာတွေ့လက်တွေ့ မနိမ့်ကျတဲ့သူတွေချည်းပါပဲ။ ဒီတော့ ကျနော်တို့
အားလုးံဟာ ဆရာ့ အပေါ်မှာ ချစ်ကြောက်ရိုသေ တွေဖြစ်ပြီး၊ ဆရာဆူရင် ဆဲရင်၊ ခိုင်းပြီးဆိုရင် complain လုးံဝမတက်ကြ ပျာယာခက်နေအောင် အလုပ်ကို လုပ်၊ reason ပြန်ပေးတဲ့
အကျင့်လုးံဝ မရှိကြတာပါပဲ။

မှတ်မှတ်ရရ ရွှေပြည်သာက စက်ရုံတစ်ရုံမှာ
လုပ်နေတုန်းကပါ။ အဲဒီနေ့က ဆရာပါကျနော်တို့နဲ့ ဝင်လုပ်နေတဲ့ အချိန်ပေါ့။ ဆရာကတော့
Site ထဲကို နေ့တိုင်း မလာပါဘူး။ လာတဲ့ အခါလည်း နေ့တစ်ဝက်လောက် သူပါဝင်လုပ်
လေ့ရှိပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဆရာက ပိုက်ချိုးမလို့ စပရင် ဘန်နာ တောင်းတာ
ကျနော်တို့ကလဲ အရင်နေ့က သုးံပြီး ဘယ်နားထားမိမှန်း မသိကြဘူး။

ဘာပြောကောင်းမလဲ ဆူတာမှ မိုးမွှန်နေတာပဲ။

" သွား မင်းတို့ကောင်တွေ မတွေ့ရင် ပြန်မလာနဲ့ " ဆိုပြီး စက်ရုံထဲမှာ ပတ်ရှာခိုင်းပါတယ်။ ကျနော်တို့လဲ ကုပ်ကုပ်နဲ့ ဆရာ့အနားကနေ ထွက်လာခဲ့တာပေါ့။ အဲဒီအချိန်မှာ
အာကြီးဆို့တဲ့ ကျနော်တို့အဖွဲ့ထဲက တစ်ယောက်က ဆရာဆူနေတဲ့ အချိန်မှာ ဒီကောင်က
မရှိပါဘူး။ ကျနော်တို့ထွက်သွားမှ ဆရာ့ အနားကို ဒီကောင်ရောက်လာတာပါ။
အာ့တော့ ဆရာကလည်း ဒီကောင့်ကို ဟေ့ကောင် မင်းက ဟိုဘက်သွားရှာ ဆိုပြီး အော်လွှတ်ပါတယ်။ ဒီကောင်လဲ ထုးံစံအတိုင်း ဆရာဒေါသထွက်နေချိန်ဆိုတော့ ဘာမှပြန်မပြောရဲ
တော့ပဲ ကုပ်ကုပ် ကုပ်ကုပ်နဲ့ စက်ရုံ အနောက်က ပတ်လာပြီး ကျနော်တို့ကို လာရှာပါတယ်။ ကျနော်တို့ကို တွေ့တော့ ဟေ့ကောင်တွေ
ဆရာက ဘာရှာခိုင်းနေတာလဲလို့ လာမေးပါတယ်။ ကျနော်တို့က အာ့လို ဆရာကိုကြောက်ကြတာပါ။

နောက်တစ်ခါကျတော့ နေရာက ဒဂုံဆိပ်ကမ်းက စက်မှုဇုန်လို့ကျနော်ထင်တယ်။ အဲဒီမှာလည်း ဆရာရောက်လာတော့ pannel ခန်းထဲမှာ control ဆင်မလို့ screw driver sizeစုံ သူ့ကိုပေးရမှာကို အသေးတစ်ချောင်းက လိုနေပါတယ်။ ဆရာက စကူကြပ်ရင် အသေးကို
အသေးနဲ့ ကြပ်၊ အကြီးကို အကြီးနဲ့ကြပ်မှကြိုက်တာပါ။ ခုဟာက ကြပ်ရမှာက စကူအသေးကို screw driver အသေးက လိုနေတော့ ဆဲပြီလားဗျာ။ ထုးံစံအတိုင်းပေါ့ မတွေ့ရင် သူ့နားပြန်မလာနဲ့ ဆိုပြီး အော်ထုတ်တာ။ ကျနော်တို့လဲ စက်ထဲပတ်ရှာရင်း ဆရာလုပ်နေတဲ့ Pannel ခန်းက မှန်ကာထားတာဆိုတော့ သူလိုချင်တဲ့ ဝက်အူလှည့်က သူဖွင့်ထားတဲ့ pannel တံခါးနဲ့ကွယ်နေတာပါ။ ဒါကိုကျနော်တို့က တွေ့တော့ သူ့ကိုပြောပြမလို့သူ့နားသွား
တာ။ ဆရာက ထပ်အော်ထုတ်တော့ ကျနော်တို့လဲ သူ့ကို မပြောရဲတော့ပဲ သူ့ကွယ်ရာမှာ စုပြီး သွားထိုင်နေကြရပါတော့တယ်။ ထမင်းစားချိန်ကြမှ ဒီအကြောင်းဆရာ့ကိုပြောပြတော့ ရယ်နေပါတော့တယ်။

နောက်တစ်ခါက မြေနီကုန်း လင့်လမ်းက
Site မှာထင်တယ်။ အဲဒီ site မှာက နံရံက မချောရသေးပါဘူး ။ အုတ်စီထားပြီး ကြမ်းခင်းလဲ မလောင်းရသေးဘူး။ ခွဲထွင်းဝင်ရမှာဆိုတာ ဆရာက ကျနော့ကို ပြောတာက ဆော့ကတ်တွေကို ကြမ်းပြင်နဲ့ တစ်ပေအကွာမှာ ထိုင်ဖို့အတွက် ထွင်းရမှာကို လွယ်အောင်လို့
အောက်ခြေက အုတ်အလွှာကိုရေလိုက် လေးလွှာဆိုရင်တစ်ပေပဲလို့ မှာလိုက်တာပါ။ ဆရာပြောချင်တာက ငါးလွှာမြောက်ကိုခွဲစေချင်တာပါ။ ကျနော်ကဘယ်လို ကိုင်ထည့်လိုက်လဲ
ဆိုတော့ အောက်ခြေ အုတ်လေးလွှာကို ရေလိုက်တယ်။ ပြီးမှ တစ်ခါ ရေထားတဲ့ လေးလွှာကနေ တစ်ပေထပ်တိုင်းပြီး ထွင်းထည့်လိုက်တာ။ ဟုတ်တယ်လေ ဆရာက လေးလွှာကို တစ်ပေဆိုတော့ လုပ်ငန်းသဘာဝမသိသေးတဲ့ ကျနော်ဟာ လေးလွှာအပြင် နောက်တစ်ပေပါထည့်တိုင်းပြီး ကိုင်ထည့်လိုက်တာ
ဘာပြောကောင်းမလဲ ကိုယ့်ဆရာတို့ရေ အဲဒီနေ့က အဆူခံရတာတွေ ခုထိကို မမေ့တော့
ဘူး။

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.084
BTC 61477.83
ETH 1589.93
USDT 1.00
SBD 0.47