ဧဒင်​ရဲ့လတစင်းကိုတမ်းတခြင်း

in #myanmar7 years ago

လဝန်းငယ်​​ရေ​လေလွင့်​ခဲ့ပြီဆို​ပေမဲ့
အတိတ်​ကတ​စ္ဆေ​တွေက
တိမ်​​တွေငိုတိုင်းပူးကပ်​​ခြောက်​လှန့်​​နေဆဲပါ
အတိတ်​ကိုမင်းမ​မေ့တက်​ဘူးဆိုရင်
တက္ကသိုလ်​ ရဲ့ရင်​ခွင်​မှာ
တို့အတူရှိခဲ့ဖူးတာကိုမြင်​​ယောင်​မိအုံးမှာပါ
ရေစက်​ဆုံလို့​ဟောဒီ ပရဝုဏ်​မှာ
အတူကြည်​နူးခဲ့​ပေမဲ့
ရာသီ​တွေအို​ဟောင်း​တော့
ဒဏ္ဍာရီ​ကောင်းတစ်​ပုဒ်​အဖြစ်​စွန်းထင်​ရစ်​ခဲ့..
မင်းအတွက်​​တစ်​ခန်းရပ်​ပြဇာတ်​ဆို​ပေမယ့်
ငါ့အတွက်​​တော့ဒဏ်​ရာဒဏ်​ချက်​နဲ့
အခန်းဆက်​ဝတ္ထုရှည်​တစ်​ပုဒ်​ပါ
မင်းကမာနအတွက်​အချစ်​ဆိုတာသတ်​ခဲ့​ပေမယ့်
ငါ့အချစ်​အတွက်​မာနနဲ့အတ္တကိုကွပ်​မျက်​ခဲ့တယ်
ခု​တော့ငါ့မှာ အလွမ်း​တွေပြည့်​​နေတဲ့
ကြွေကွဲချင်းနှစ်​လုံးသားတစ်​စုံနဲ့
ဟောဒီပရဝုဏ်​အချိန်​​တွေကုန်​မှန်းမသိ
အမြဲတမ်း သတိရ​နေမိတယ်
လဝန်းငယ်​​ရေ..ငါ့ရဲ့​မျှော်​လင့်​ခြင်း​တွေကို
အဆုံးသတ်​မယ့်​​နေ့တစ်​ရပ်​အတွက်
ပစ္စုပ္ပန်​​တွေစ​တေးရင်း
စောင့်​​မျှော်​ခြင်းသီအိုရီနဲ့
ဆု​တောင်း​တွေ​ချွေရင်း
ငါ့အနာဂတ်​​တွေမိုးလင်း​အောင်
ရောင်​နီလာမယ့်​​နေ့တိုင်း
စောင့်​​မျှော်​လျက်​ပါ........
@aungminthant

Sort:  

စာက အရမ်းတိုလွန်းနေတယ်။

ဟုတ်​ကဲ့ပါ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58539.27
ETH 2627.11
USDT 1.00
SBD 2.40