ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ

in #esteem6 years ago

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးကို ပြန်လည်အမှတ်ရစေဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို ဖော်ပြလိုက်ပါတယ်။

image

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်အမည်ကတော့ ထိန်လင်းဖြစ်ပါတယ်။ မွေးဖွားရာဇာတိကတော့ မကွေးခရိုင်၊ နတ်မောက်မြို့ဖြစ်ပါတယ်။ မိဘတွေကတော့ ရှေ့နေ ဦးဖာနဲ့ ဒေါ်စုဖြစ်ပါတယ်။ မွေးဖွားစဉ် ထိန်လင်းလို့ အမည်ပေးခဲ့ကြပေမယ့် မိဘတွေက အစ်ကိုဖြစ်သူ အောင်သန်းနဲ့ လိုက်စေရန် အောင်ဆန်းလို့ ခေါ်ဝေါ်ခဲ့ကြကြောင်း သိရပါတယ်။ မွေးချင်းညီအစ်ကိုမောင်နှမ ၆ ဦးအနက် အထွေးဆုံးဖြစ်ပြီး သူကိုယ်တိုင်ရေးခဲ့တဲ့ မှတ်တမ်းအရ ညစ်ပတ်ချူချာအစားကြူးပြီး နှစ်လိုဖွယ်မရှိတဲ့ ကလေးတစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

image

စကားပြောလည်း နောက်ကျလှတဲ့အတွက် မိသားစုက ဆွံ့အနေသလားလို့ပင် ပူပန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အောင်ဆန်းလေးဟာ ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့်မတ်ခြင်း၊ ဆင်းရဲသူတွေကို သနားကြင်နာတတ်ခြင်းစတဲ့ ချစ်စဖွယ်စိတ်ဓာတ်တွေနဲ့ ပြည့်စုံတယ်လို့ သူနဲ့ ရင်းနှီးသူတွေနဲ့ မိသားစုဝင်တွေက ကောက်ချက်ချကြပါတယ်။ အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်မှာ ထွန်းပေါက်သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

image

မောင်အောင်ဆန်းရဲ့ အကို ၃ ဦးဟာ အသက်ငယ်ငယ်လေးမှာ ကျောင်းစတက်ကြပြီး မောင်အောင်ဆန်းလေးကတော့ အသက် ၈ နှစ်သားအရွယ်ရောက်မှ ကျောင်းစတက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မောင်အောင်ဆန်းဟာ ကျောင်းမှာ စာကြိုးစား စည်းကမ်းရိုသေပြီး အတန်းထဲမှာ အမြဲထိပ်က ရှိနေခဲ့သူဖြစ်ပါတယ်။

image

မောင်အောင်ဆန်းစတင်ပညာသင်ယူခဲ့တဲ့ ကျောင်းကတော့ နတ်မောက်မြို့က ဦးသောဘိတဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ကျောင်းမှာ လောကုတ္တရာပညာအပြင် ခေတ်သစ်ပညာရပ်အချို့ပါ သင်ကြားပေးတာဖြစ်ပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာတော့ အင်္ဂလိပ်စာသင်ကြားနိုင်ဖို့ ရေနံချောင်းမှာရှိတဲ့ အမျိုးသားကျောင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရေနံချောင်းရောက်တဲ့အခါမှာ ဆရာတစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ အစ်ကိုကြီး ဦးဘ၀င်းရဲ့ စောင့်ရှောက်မှုအောက်မှာ နေပြီး ပညာသင်ကြားခဲ့ပါတယ်။ ဦးဘ၀င်းက ညီဖြစ်သူကို ပညာရေး၊ စာဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်းကမ်းရှိရှိနဲ့ အထူးဂရုစိုက်ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ် သတ္တမတန်းစာမေးပွဲမှာ ဦးရွှေဘိုရွှေတံဆိပ်နဲ့ ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီးနောက် နိုင်ငံအကျိုးပြုလုပ်ငန်းတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာတော့ မသမာသူလူတစ်စုရဲ့ လုပ်ကြံခြင်းခံရပြီး ကွယ်လွန်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို စာနဲ့ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့စကားတစ်ခွန်းကလည်း ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်အထိ လူအများအကြား စွဲမြဲနေဆဲဖြစ်ပါတယ်။ အဲဒီစာမှာ ပြောကြားထားချက်ကတော့ “ကြည်…ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်” ဖြစ်ပါတယ်။ ဒီကမ္ဘာကျော်စာအပေါ် အခြေပြုပြီး ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ရောက်တိုင်း နိုင်ငံတစ်ဝန်း ပဲပြုတ်နဲ့ နံပြားစတုဒီတာ ကျွေးမွေးကြလေ့ရှိပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67271.13
ETH 3515.41
USDT 1.00
SBD 2.70