power up

in #myanmar8 years ago (edited)

လွန်​​လေပြီး​သော ရှစ်​ရက်​ခန့်​က
Power up ရန်​အလို့ငှါ sbd ​လေး10 ​လောက်​ကိုင်​ထား၍ 1sbd=1.2steem or1.1 steem ​လေးများဘယ်​အခါများမှ ရရှိပါ​လေမည်​နည်းဟု
ကိုယ့်​ acc ​လေးထဲမှ wallet ​လေးအားအခါခါဝင်​ကြည့်​မိ​လေသည်​။ image
ထို့သို့ကြည့်​လိုက်​​သောအခါတိုင်းလိုလို 1sbd=0.8steem သို့မဟုတ်​ 0.9 steem သာဖြစ်​​နေ၍ သက်​ပြင်း​လေးအခါခါချ ဖုန်း​လေးပြန်​ပိတ်​ရသည်​မှာလည်းမနည်း​ပေ။ မနက်​ခင်း အိပ်​ရာနိုးသည်​နှင့်​ ဖုန်း​လေး​ကောက်​ယူ၍ မိမိလိုချင်​​သော ​ဈေး​လေးများ ရ​နေပြီလားဟု wallet ​လေးထဲဝင်​၍ကြည့်​မိသည်​မှာလည်း မိမိလိုချင်​​သော​ဈေးမှာကား ဖြစ်​မလာ​သေးသည်​ကို​တွေ့ရှိရ​ပေ၏။ ဤလိုနှင့်​ လုပ်​ငန်းခွင်​တွင်း​ရောက်​​၍ ခတ္တနားချိန်​၌လည်း ဝင်​​ရောက်​ကြည့်​မိ၊လုပ်​ငန်းပြီး၍ အိမ်​သို့ပြန်​​ရောက်​​သောအခါ၌လည်း ပြန်​လည်​ကာကြည့်​မိနှင့်​ ဖြစ်​​နေ​ပေ​တော့သည်​။
ယခု​ရောက်​ရှိ​နေ​သော​ဈေး 1sbd=0.8 steem နှင့်​သာ ဝယ်​ယူထားလိုက်​ရလျှင်​​ကောင်း​ပေမည်​​လော၊ ဆက်၍ေ​စာင့်လျှင်ေ​​ကာင်းမည်ေ​လာ​​ဟု မိမိစိတ်​မှာ ဒွိဟ ဖြစ်​၍​နေပါ​တော့သည်​။ "စိတ်​ရှည်​သီးခံ လမ်း​ကြောင်းမှန်​" ဟူသည့်​စကားအတိုင်း မိမိ​စောင့်​နိုင်​လျှင်​အကျိုးမြတ်​တစ်​ခု၊မိမိလိုချင်​​သော ​ဈေး ရရှိ​ပါလိမ့်​မည်​ဟု မိမိကို မိမိ အား​ပေး၍ ​စောင့်​ဆိုင်း၍ ​နေလိုက်​ပါ​တော့သည်​။
ထိုကဲ့သို့ ​စောင့်​ဆိုင်းမိခဲ့ခြင်းသည်​မှန်​သည်​ဟုပင်​ဆိုရ​ပေမည်​။ကျွန်ုပ်​ လိုချင်​​သော 1sbd=1.1 steem သို့​ရောက်​ရှိ၍လာ​ပါ​တော့သည်​။ထိုသို့ မိမိလိုချင်​​သော​ဈေး ​ရောက်​လျှင်​လည်း ရှိ​နေသည့်​ 10sbd အကုန်​ steem မဝယ်​​​ပေ 5 sbd =5.5 steem အားသာအရင်​ဝယ်​ယူထားလိုက်​​လေ၏။လူဆိုသည်​မှာလည်း အခက်​သားပင်​၊မိမိလိုချင်​​သော​ဈေး ရရှိသည်​ကိုပင်​ 1sbd =1.2 steem သို့မဟုတ်​ 1.3 steem ​လေးများ​ရောက်​လာ​လေမလားဟူ၍ ​လောဘစိတ်​က​လေး တက်​ခါ​မျှော်​မိပြန်​ပါ​လေသည်​။ ဤသို့တဖန်​ 1 sbd= 1.2 steem သို့​ရောက်​ရှိ၍လာပါ​လေ၏။ထို ​ဈေးသို့​ရောက်​​သောအခါမှ လက်​ကျန်​ 5sbd= 6 steemဝယ်​ယူလိုက်​ပါ​တော့သည်​။
ကျွန်ုပ်​ကံ​ကောင်းသည်​ဟုပင်​ဆိုရမည်​​လော၊​စောင့်​ဆိုင်းခဲ့သည်​မှာ မှန်​ခဲ့သ​လော
တော့မ​ပြောတတ်​​ပေ။ မိမိလို​ချင်​​သော ​ဈေးနှင့်​ ရရှိခဲ့၍ ဝမ်းသာမှု၌ အမှန်​ပင်​ ဖြစ်​ခဲ့​ပေ​တော့သည်​။ ယခုအချိန်​တွင်​မှ ဝယ်​ယူပါက steem ပိုမိုရရှိ​ပေလိမ့်​မည်​။ ယခု 1sbd=1.235 steem ပင်​ရရှိ​နေပါ​တော့၏။
. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ခုဝင်ကျိတော့ 1sbd = 0.8 steem ဖြစ်နေပါသည်

ဟင်​ ဟုတ်​လားအမ
နောက်​တယ်​အမရာ တကယ်​ထင်​လို့ ဝင်​ကြည့်​မိ​သေးတယ်​😂

ကျုပ်​ထိုးတာ​လေးက​ပေါက်​ပြီး
ဒိုင်​ခံထားတာ​လေးက လွဲပါ​စေ ဆိုသလို
ဆု​တောင်းရမလို ဖြစ်​​နေပြီ bro​ရေ
😀😀

အမှန်​ဘဲBro😂

မိုက်​ပါ့အဘရာအားကျပါဘိ😁

ငိ အဘက​ပြောရတယ်​ရှိ​သေး ​ကျုပ်​​တောင်​အဘအားကျ​နေတာ

ဘောစိ...ဒီထက်အများကြီး အပ်နိုင်ပါစေဗျာ...

ကျေးဇူးတင်​ပါတယ်​ ​ဘောစိ

နောက်ဆို 1sbd 10 steem ဖြစ်မယ်ထင်တယ် အဲ့ကျမှ အပ်တော့မယ်

တင်​ပါ့ အလိုမြန်​မြန်​ဖြစ်​​စေချင်​တာပါဘုရား😂

အကြံတူလေခြင်းကွယ် အောင်ကြီး

ဟုတ်​လားအမ

1SBD ကို အနိမ့်​ဆုံး 0.6Steem ထိ ညီနိုင်​ပြီး အမြင့်​ဆုံး 1.25STEEM အထိ​တေည့​ရောက်​တယ်​အကို အဲ့အတွင်းမှာ တက်​လိုက်​ကျလိုက်​ပါပဲ

ဟုတ်​bro ​ကျေးဇူး

ကံတွေတတ်လာတာပေါ့ ကိုအောင်ကြီးတစ်ရာရေ။

ဟုတ်​ကိုဇာ အာ့လို​ပြောရမလာပဲ😂

အဆင်ပြေပါစေဗျ

ဟုတ်​ ​ကျေးဇူးပါပဲ အကို

စောင့်ပါဗျာ နှလုံးဆေးလေးတော့ ကြိုသောက်ထားပေါ့

ဟုတ်​တယ်​ နှလုံး​ဆေး ​သောက်​ထားရမယ်​​စေ​ရေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64482.23
ETH 1686.47
USDT 1.00
SBD 0.42