ကူညီခြင်း

in #myanmar6 years ago (edited)

ကျွန်ုပ်​​င​အောင်​တစ်​​ယောက်​ ယ​နေ့၌ဥပုဉ်​​နေ့ဖြစ်​၍ ​​နေအ​တော်​မြင့်​သည်​ထိ အိပ်​ကာဇိမ်​ယူ​နေမိ​လေသည်​။
နေအ​တော်​ပင်​မြင့်​မှ အိပ်​ရာထ၍ အ​မေခူးခပ်​​ပေးသည့်​ နံနက်​စာစား၍​နေစဉ်​ ​ဘေးအိမ်​မှ အန်​တီမြင့်​ ​ရောက်​၍လာ​ပေသည်​။
"​အောင်​ကြီး​ရေ ငါ့ကိုကူညီပါအုန်း . . . ငါ့ကိုချမ်းသာလှဘက်​ လို့ပို့​ပေးပါအုန်း ဟ . . .
"ဟုတ်​ အန်​တီမြင့်​ ထမင်းစားပြီးတာနဲ့ လိုက်​ပို့​ပေးမယ်​​လေ " ​ပြောပြီးသည်​နှင့်​ အန်​တီမြင့်​လည်း သူပန်း​ရောင်းသည့်​ ဆိုင်​​လေး​ရှေ့မှ ​စောင့်​၍​နေမည်​ဟု ဆိုကာ ထွက်​သွား​လေသည်​။
ကျွန်ုပ်​လည်း စားလက်​စ နံနက်​စာအား အမြန်​လက်​စသတ်​ရ​ပေ​တော့သည်​။မိမိဆိုင်​ကယ်​​လေးထုတ်​ အန်​တီမြင့်​အားတင်​၍ ပို့ခိုင်းသည့်​ ချမ်းသာလှဘုရားသို့ ​မောင်းထွက်​၍လာခဲ့​လေ၏။ချမ်းသာလှဘုရား​သို့​ရောက်​မှ ငါးဦး​ကော်​မတီဆိုလား ​ချေးထား​သော​ငွေ လာသွင်းခြင်းဖြစ်​​ကြောင်းသိရ​ပေ​တော့သည်​။ ချမ်းသာလှဘုရား၏ ​စောင်းတန်း​လေးထဲ၌ သပ်​သပ်​ရပ်​ရပ်​ ဝတ်​စားဆင်​ရင်​ထားသူတို့သည်​ စားပွဲခုံတစ်​ခုတွင်​ ထိုင်​၍​​ချေး​ငွေလာသွင်းသူတို့​ပေးသည့်​ ​ငွေများအားလက်​ခံ​နေသည်​ကို အတိုင်းသားမြင်​​နေရ​လေသည်​။
ကျွန်ုပ်​စိတ်​ထဲ၌ အန်​တီမြင့်​ ​ငွေသွားသွင်း​နေချိန်​ ဘုရားဖူးရင်းစောင့်​​နေမည်​ဟု ​တွေးလိုက်​မိ​လေသည်​။သို့​သော်​အန်​တီမြင့်​လည်း သူ့၌ပါလာ​သော​ငွေတို့အား ​ရေတွက်​ကြည့်​ရာ၌ ၁၃၅၀၀သာပါလာသည်​အား​တွေ့၍ ​ငွေသွင်းရန်​ မ​လောက်​​သေး​ကြောင်း၊သူ၏သမီးထံ လိုအပ်​​သော​ငွေအားသွား ယူရန်​​ခေါ်ပြန်​​ပေသည်​။
ကျွန်ုပ်​လည်း ကူညီမည့်​အတူတူ ပြီးစီး​အောင်​ကူညီမှ အဆင်​​ပြေမည်​ဟု​တွေး၍ လိုက်​ခါပို့​ပေးရပြန်​ပါသည်​။
အန်​တီမြင့်​ သမီးအိမ်​သို့​ရောက်​​သော်​ သူ၏သမီးဖြစ်​သူအား​ငွေသွင်းရန်​ ​လို​နေ၍လာ​ရောက်​​တောင်းယူခြင်းဖြစ်​​ကြောင်း ​ပြောပြကာ ယူ​ဆောင်​လာခဲ့သည်​။ ​တော်​​သေး​ပေသည်​ စကားများရန်​ဖြစ်​​နေခြင်း မရှိကြ၍သာ စကားများရန်​ဖြစ်​​နေလျှင်​ ကြားက​နေကျွန်ုပ်​မှ အ​ချောင်​မျက်​နှာပူ​နေရ​ပေမည်​။ ဤသို့နှင့်​ ​ငွေပြည့်​သွား၍ ချမ်းသာလှဘုရားသို့ တစ်​​ခေါက်​ပြန်​လိုက်​ပို့ရ​ပေ​တော့သည်​။ ထိုအခါမှသာ အန်​တီမြင့်​​ငွေသွင်း​နေစဉ်​ ကျွန်ုပ်​င​အောင်​လည်း ဘုရား​ပတ်​၍ဖူးရ​ပေ​တော့၏။ ဘုရားဝင်းအတွင်း လှည့်​ပတ်​ကြည့်​ရှု​နေသည်​မှာ ၁၅မိနစ်​ခန့်​အကြာတွင်​ အန်​တီမြင့်​တစ်​​ယောက်​ ပြန်​​ရောက်​လာ​ပေ​တော့သည်​။
" ရပြီ ​အောင်​ကြီး​ရေ ​ကျေးဇူးလည်းတင်​ပါတယ်​ ငါ့မှာ အ​ရေး​ကြောင်းဆို ဘယ်​သူ့အကူညီ​တောင်းရမှန်းကိုမသိဘူး ဖြစ်​​နေတာ နင်​ကူညီလို့ ​တော်​​သေးတယ်​ ဒီမို့ဆို ငါ​တော့ဒုက္ခဟ"
"အန်​တီမြင့်​ရာ ဒါ​လေးကူညီတာ ဒီ​လောက်​​ကျေးဇူးတင်​​နေစရာ မလိုပါဘူးဗျာ" ထိုသို့​ပြောဆိုကြပြီး အန်​တီမြင့်​အိမ်​သို့ ပြန်​၍ပို့​ပေးခဲ့​လေသည်​။
ယ​နေ့အတွက်​ ကျွန်ုပ်​င​အောင်​ ​ကောင်းမှု၂ခု ကပြုလုပ်​၍ပြီးခဲ့​ပေ၏။ တစ်​ခုကား အန်​တီမြင့်​အားကူညီခြင်းနှင့်​ တစ်​ခုကား ချမ်းသာလှဘုရားဖူးခဲ့ခြင်းပင်​ဖြစ်​​ပေ​တော့သည်​။
.IMG_20180620_100310.jpg
.IMG_20180620_100542.jpg
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကုသိုလ်​အကျိုး ချက်​ခြင်း​ပေးတာ​နော်​ ကို​အောင်​ကြီး ..ကြည့်​​လေ .. အဲ့အ​ကြောင်း​လေး​ကြောင့်​ ခု ပို့​လေးဖြစ်​လာ​စေတာကိုးဗျ ..

မှန်​လိုက်​​လေ အကိုမြန်​မာပြည်​သား​ရေ👍

ကုသိုလ်တွေများကြီးရသွားပြီပေါ့ဗျာ။ကောင်းတယ်ကိုအောင်ကြီးတစ်ရာရေ ဘယ်တော့သေမှန်းသိတာမဟုတ်ဘူး များများလုပ်ထားတာကောင်းတယ်။

ဟုတ်​ ကိုဇာ

ချမ်းသာလှဘုရားက ဘယ်မြို့မှာပါလိမ့်!

ပုသိမ်​ကြီးမှာ အမ

ကုသိုလ်ဆိုတာ ယူတက်ရင်ရတာဘဲ အောင်ကြီးရေ သူများကို အကူညီပေးတာ ကိုယ့်လိုအင်လည်း ပြည့်စေပါတယ်

ဟုတ်​ အမ

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ @minnowsupport

သာဓု သာဓု သာဓုပါ သားရေ
အမြဲကံကောင်းပါစေသား

ဟုတ်​ ဆရာမ ​ကျေးဇူးတင်​ပါတယ်

ကူညီတော့ ပိုစ်ရေးဖို့ရသွားတာပေါ့လို့ 

အမှန်​ဘဲ ဦး​ထွေး ဘာ​ရေးရမလည်းမသိ ဖြစ်​​နေတာ

သာဓု သာဓု သာဓုပါကိုအောင်ကြီးရေ...

ဟုတ်​ကိုရှိုင်း

Good ဗျာ

ဟုတ်​ ​ကျေးဇူးပါပဲ bro

သာဓု သာဓု သာဓု 100

ဟုတ်​ အူးအင်း​ကျေးဇူးပါ

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 67738.65
ETH 3810.43
USDT 1.00
SBD 3.74