How to Make Accessories Box

in #myanmar8 years ago

Paper Accessories Box

img1534238862672.jpg

ဒီတစ်​ခါမှာ​တော့paper accessories boxတစ်​ခုပုံ​ဖော်​ထားတာဖြစ်​ပြီး၊gift boxအ​နေဖြင့်​လည်းအသုံးပြုနိုင်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်းများစုပါ့မယ်​။ကတ်​ထူစက္ကူ၊​ရောင်​စုံစက္ကူ၊ခဲတံ၊​ပေတံ၊​ကော်​ဘူး၊ကတ်​​ကြေး၊ဖဲကြိုးစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူဘူးခွံတစ်​ခုပုံ​ဖော်​မယ်​။အပြင်​ဘက်​မှာ​ကော်​ကပ်​ရန်​ကတ်​ထူတစ်​ခုကိုတိုင်းတာပြီး၊​ဘေးတစ်​ဘက်​စီမှာဖဲကြိုးတပ်​ရမှာပါ။ပြီး​တော့အ၀ါ​ရောင်​စာရွက်​ကိုသုံးပြီးစက္ကူ​ခေါက်​တစ်​ခုပြုလုပ်​ပါ့မယ်​။

img1534238180496.jpg

ပထမဆုံးအ​နေဖြင့်​ကတ်​ထူဘူးခွံတစ်​ခုပြုလုပ်​ရန်​ကတ်​ထူစက္ကူကိုတိုင်း၍မိမိလိုချင်​တဲ့အလျားအတိုင်းပုံဆွဲမှာပါ။အလယ်​​လေး​ထောင့်​ပုံစံမှာ​တော့ဘူးခွံရဲ့အလျား၊အနံဖြစ်​ပြီး၊​ဘေးပတ်​လည်​ကို​တော့ညီညာစွာတိုင်းတာပြီးဘူးခွံရဲ့အမြင့်​အဖြစ်​ပြုလုပ်​မှာပါ။ဆွဲပြီးရင်​​တော့အပြင်​ဘက်​​ဘောင်​ကိုကတ်​​ကြေးဖြင့်​ဖြတ်​၍​ခေါက်​ကာ​ကော်​ကပ်​မှာပါ။ထောင့်​​လေး​ထောင့်​လုံး​ကော်​ကပ်​ပြီးရင်​​တော့အပြာ​ရောင်​စက္ကူသုံးကာထပ်​မံ​ကော်​ကပ်​ရမှာပါ။

IMG_20180810_215624.jpg

IMG_20180813_154545.jpg

ပြီး​နောက်​ပန်းစက္ကူတစ်​ရွက်​ကိုယူပါ့မယ်​။ကတ်​ထူသုံးခုကိုလည်းထပ်​မံဖြတ်​ရပါ့မယ်​။အတိုင်းအတာကို​တော့ဘူးခွံရဲ့အ​ပေါ်၊​အောက်​မျက်​နှာပြင်​ထက်​အနည်းငယ်​ပိုကြီးတဲ့ကတ်​ထူနှစ်​ခု၊ဘူးခွံရဲ့​ဘေးပတ်​လည်​အမြင့်​နှင့်​ညီတဲ့ကတ်​ထူတစ်​ခု၊စုစု​ပေါင်းသုံးခုဖြတ်​ပါ့မယ်​။ပြီး​တော့ပုံပါအတိုင်းပန်းစက္ကူ​ပေါ်ညီညာစွာထား၍​ကော်​ကပ်​ပါ့မယ်​။ဒီအဆင့်​မှာ​တော့ဖဲကြိုးစနှစ်​ခုကိုအညီအမျှပိုင်းဖြတ်​ကာ​ဘေးဘက်​ကတ်​ထူမှာ​ကော်​ကပ်​၍အ​ပေါ်မှပန်းစက္ကူနှင့်​ထပ်​မံ​ကော်​ကပ်​ရမှာပါ။ပြီး​နောက်​မှာ​တော့ခုနကပြုလုပ်​ထားတဲ့အပြာ​ရောင်​ကတ်​ထူဘူးခွံနှင့်​​ကော်​ကပ်​လိုက်​ပါ့မယ်​။ပြုလုပ်​နည်းကိုပုံများနှင့်​ပြထားပါတယ်​။

IMG_20180813_154631.jpg

IMG_20180813_154615.jpg

IMG_20180813_154528.jpg

IMG_20180814_150908.jpg

ဒီအဆင့်​မှာ​တော့အ၀ါ​ရောင်​စက္ကူကိုသုံးပြီး၊စက္ကူ​ခေါက်​ပါ့မယ်​။စက္ကူကို​တော့အလျား14cm၊အနံ28cmယူပါ့မယ်​။စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊ထပ်​မံ၍တစ်​၀က်​စီ​ခေါက်​ချိုးမှာပါ။ဒါဆိုရင်​အညီအမျှပိုင်း​လေးပိုင်းရမှာပါ။ပြီး​တော့ပုံမှာမြင်​ရတဲ့အတိုင်းအလယ်​မျဉ်းသို့​ခေါက်​ချိုးရမှာပါ။ဒီနည်းအတိုင်းကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ချိုးမှာပါ။

IMG_20180813_175119.jpg

IMG_20180813_175103.jpg

IMG_20180813_175047.jpg

IMG_20180813_170954.jpg

ဒီအဆင့်​ထိပြီးရင်​​တော့စက္ကူ​ခေါက်​ကိုပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​ပါ့မယ်​။

IMG_20180813_171327.jpg

IMG_20180813_171353.jpg

IMG_20180813_171452.jpg

IMG_20180813_171627.jpg

IMG_20180813_171924.jpg

ဆက်​လက်​ပြီး​ဘေးဘက်​အစွန်းနှစ်​ခုကိုလည်း​ခေါက်​လိုက်​ပါ့မယ်​။ပြီး​တော့ကတ်​ထူတစ်​ခုကိုထပ်​မံပြုလုပ်​ပါ.မယ်​။စက္ကူဘူးရဲ.အပြင်​ဘက်​မှာ​ကော်​ကပ်​ရန်​အတွက်​ပါ။ဒီအ​ပေါ်တွင်​မှအ၀ါ​ရောင်​heart shapeစက္ကူ​ခေါက်​ကို​ကော်​ကပ်​ရင်းအလှဆင်​မှာပါ။

IMG_20180814_145423.jpg

Paper Accessories Box

img1534238600020.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လက်ဆောင်ပေးလို့ လည်းအဆင်ပြေတယ် ထည့်စရာတစ်ခုခုထည့်လည်း Goodတယ်

အား​ပေးလို့​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်​.. ...

paper accessories box လေးက မြင်လိုက်တာနဲ့ လိုချင်စရာလေးပါ။အပိတ်အဖွင့်ကို ဖဲကြိုးလေးနဲ့လုပ်ထားတာက ပိုပြီးစွဲဆောင်မှုရှိနေတယ်လို့ ခံစားရပါတယ်အစ်မ။ကောင်းမွန် သပ်ရပ်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...သပ်​ရပ်​တယ်​ဆိုလို့ဝမ်းသာပါတယ်​...ခုလိုအား​ပေးလို့ခွန်​အားဖြစ်​​စေပါတယ်​...

Handmade train our mind and hand simultaneously တဲ့..။ စိတ်ကိုကော ကိုယ်ကိုပါ တည်ငြိမ်စေတဲ့ hand made စစ်လေးတွေကို တစိုက်မတ်မတ် တင်နေတဲ့ အစ်မကို သိပ်အားကျတာပဲ ... love all of your arts !

အရမ်း​ပျော်​ပါတယ်​...ခုလိုအား​ပေးလို့...​နောက်​လည်းမရိုးရ​အောင်​ဆက်​ကြိုးစားပါ့မယ်​....😍

တော်​ပါ​ပေတယ်

ဟုတ်​ကဲ့...အား​ပေးတာ​ကျေးဇူးပါ.. ..

အသဲပုံဖဲကြိုးနဲ့ ​ဘောက်​က​လေး လိုချင်​စရာ​လေး ☺

လက်​​ဆောင်​​ပေးပါ့မယ်​ .....အား​ပေးလို့​ကျေးဇူးပါ.. .

ဘယ်​လို​ပြော ရမှန်းမသိ​အောင်​ကို​တော်​ပါတယ်​ စလုပ်​ကတဲက ဒီတမျိုးတည်းတင်​နိုင်​တာ အ​တော်​ကိုစိတ်​ရှည်​လို့ပါ

fri​တွေအား​ပေးတာ​ကြောင့်​လည်းပါပါတယ်​....ကြိုးစားချင်​စိတ်​​ဖြစ်​​စေသလိုဝါသနာကလည်းရှိ​နေ​တော့....ခုလိုအား​ပေးတာ​ကျေးဇူးပါ...

ဟိုက်‌ရှားပါး။very very beauty.အား‌ပေးရကျိုးနပ်‌တယ်‌ဗျာ ။

ဟုတ်​ကဲ့....​နောက်​လည်းဟိုက်​ရှားပါးဖြစ်​​အောင်​ကြိုးစားပါ့မယ်​...အား​ပေးပါလို့...

အမျိုးမျိုး မရိုးနိုင်အောင်ပဲ

မရိုးရ​အောင်​ကြိုးစားပါ့မယ်​...အား​ပေးလို့​ကျေးဇူးပါ

အင်အားဖြည့်တင်းခဲ့ပါတယ်။ ဆက်လက်ပြီး Post တင်နိုင်ပါစေ။

ဟုတ်​ကဲ့ပါ...ခုလိုအားဖြည့်​​ပေးလို့​ကျေးဇူးပါ...ဆက်​ပြီးကြိုးစားပါ့မယ်​...

Nice creation.

Thank for your support comment

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.073
BTC 63032.57
ETH 1660.64
USDT 1.00
SBD 0.42