Paper Photo Frame & Pencil Box

in #myanmar4 years ago

ဒီတစ်ခုကတော့ပန်းသီးပုံစံphoto frameနဲ့pencil boxကိုပြုလုပ်ထားတာပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံပါ။ပထမအဆင့်မှာကတ်ထူကိုပန်းသီးပုံစံဖြတ်ပြီးအနီရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်ကျောဘက်မှာကော်ကပ်ရန်ကတ်ထူကိုဖြတ်၍အဖြူရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်ပန်းသီးအတွက်အခက်အရွက်များဖြတ်ပြီးပုံအတိုင်းကော်ကပ်ထားပါတယ်။

ဒီအဆင့်မှာဘူးခွံတစ်ခုယူပြီးအနီရောင်စာရွက်ကော်ကပ်ပါတယ်။ဆက်လက်ပြီးနှစ်ရောင်စပ်စက္ကူအလိပ်တွေခေါက်ပါတယ်။အဝါရောင်စာရွက်မှာအနားတစ်ဘက်ကိုအပြာရောင်စာရွက်အပိုင်းငယ်ဖြတ်ပြီးကော်ကပ်လိုက်ပါတယ်။စာရွက်ကိုတစ်ဘက်သို့လှည့်ပြီးစက္ကူအလိပ်များခေါက်လိုက်ပါတယ်။ထိုစက္ကူအလိပ်များကိုအတိုအရှည်ဖြတ်ပြီး၊ဘူးခွံပေါ်ပုံအတိုင်းကော်ကပ်ထားလိုက်ပါတယ်။

ဆက်လက်ပြီးပန်းပွင့်များပြုလုပ်ပါတယ်။ပြုလုပ်နည်းကအပြာရောင်စာရွက်ကိုသစ်ရွက်ပုံဖြတ်ပြီးအဆင့်ဆင့်ခေါက်လိုက်ပါတယ်။ထိုစက္ကူခေါက်တွေကိုအခြားစာရွက်ပေါ်ပန်းပွင့်ပုံကော်ကပ်လိုက်တယ်။ပြီးနောက်အဝါရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်၍ဖြတ်ကာပန်းပွင့်ပြုလုပ်ပြီးအပြာရောင်ပန်းပွင့်ပေါ်ကော်ကပ်ပါတယ်။ဆက်လက်ပြီးကတ်ထူတစ်ခုဖြတ်၍အနီရောင်စာရွက်ကော်ကပ်ပါတယ်။ပန်းသီးပုံမှာလည်းကတ်ထူကိုသုံးခေါက်ချိုး၍ကော်ကပ်ပြီး၊photo standပြုလုပ်၍ပန်းသီးပုံရဲ့ကျောဘက်မှာကော်ကပ်လိုက်ပါတယ်။ပြီးနောက်ခုနကပြုလုပ်ထားတဲ့ကတ်ထူပေါ်ဓာတ်ပုံဘောင်နဲ့ဘောက်စ်ကိုတင်၍ကော်ကပ်လိုက်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှတယ်ဆိုလို့ကျေးဇူးပါ

Posted using Partiko Android

တော်ချက် 😆

ပျောက်နေတယ်... 😁ကျေးဇူးပါ ဆက်ကြိုးစားပါ့မယ်

Posted using Partiko Android

မရိုးနိုင်အောင်တင်နေနိုင်ပါပေတယ်

Posted using Partiko Android

ဟုတ်ကဲ့ ကျေးဇူးပါ....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61122.11
ETH 2972.46
USDT 1.00
SBD 3.66