Beautiful Paper Box

in MSC4 years ago

ဒီတစ်ခုကတော့paper boxတစ်ခုပြုလုပ်ထားတာပါ။နှင်းဆီပွင့်အရွက်များနှင့်လှပစွာပုံဖော်ထားပါတယ်။ပထမအဆင့်မှာကတ်ထူဘူးခွံတစ်ခုကိုစာရွက်ဖြင့်တစ်ခုလုံးကော်ကပ်ပါတယ်။ဆက်လက်ပြီးကတ်ထူကိုခုနကပြုလုပ်တဲ့ဘူးခွံအရွယ်အတိုင်းလိုအပ်သလိုတိုင်း၍ဖြတ်လိုက်ပြီး၊အတွင်းအပြင်ရောင်စုံစာရွက်ကော်ကပ်ကာ၊ဘူးခွံနှင့်ဆက်လိုက်ပါတယ်။boxရဲ့အပြင်ဘက်
အဖုံးမှာလည်းအနီရောင်စာရွက်ကိုပုံစံဖော်၍ဖြတ်ပြီး၊ကော်ကပ်ပါတယ်။

img1583689437151.jpg

IMG_20200303_192431.jpg

IMG_20200304_135913.jpg

IMG_20200304_140500.jpg

ဒီအဆင့်မှာနှင်းဆီပွင့်များပြုလုပ်ပါတယ်။အဝါရောင်စာရွက်ကိုလေးခေါက်ခေါက်ချိုးပြီး၊ရှေ့ဘက်မျက်နှာပေါ်ပုံမှာတွေ့ရတဲ့အတိုင်းပုံစံဆွဲလိုက်ပါတယ်။ပြီးနောက်ဆွဲထားတဲ့အတိုင်းကတ်ကြေးဖြင့်ဖြတ်ပြီး၊ပန်းပွင့်ပုံဖြစ်အောင်ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။ထိုနည်းအတိုင်းအဝါရောင်နှင်းဆီပွင့်များပြုလုပ်ပါတယ်။ဆက်လက်ပြီးအစိမ်းရောင်အရွက်များဖြတ်မှာပါ။

IMG_20200303_213635.jpg

Uploading image #3...

IMG_20200304_135311.jpg

ပြုလုပ်နည်းကအစိမ်းရောင်စာရွက်ကိုပထမဆုံးအရွက်ပုံဖြတ်လိုက်ပါတယ်။အရွက်ရဲ့အနားတွေကိုပုံအတိုင်းပုံဖော်၍ဆွဲပြီး၊ဖြတ်ကာအစိမ်းရောင်အရွက်များပြုလုပ်ပါတယ်။boxရဲ့အတွင်းမှာကဒ်လေးတွေထည့်လို့
ရအောင်စက္ကူအိတ်တစ်လုံးပြုလုပ်မှာပါ။စာရွက်ကိုတိုင်း၍ဖြတ်ပြီး၊ဖြတ်တဲ့အခါနံဘေးမှာကော်ကပ်ရန်နေရာချန်၍ဖြတ်မှာပါ။ပြီးနောက်အနားသုံးဘက်ကိုပုံအတိုင်းခေါက်ချိုးပြီးအိတ်ပုံစံပြုလုပ်ပါတယ်။အိတ်ရဲ့ရှေ့ဘက်မှာလည်းအနားကွပ်လေးတွေကပ်လိုက်ပါတယ်။ပြီးတော့boxမှာကော်ကပ်
ပါတယ်။ပန်းပွင့်နှင့်အရွက်များကိုလည်းအပြင်ဘက်မှာအလှဆင်ကော်ကပ်ပါတယ်။

IMG_20200304_165443.jpg

IMG_20200304_140949.jpg

IMG_20200305_120604.jpg

IMG_20200305_120539.jpg

IMG_20200305_120515.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ပို့စ် အတင်ကျဲလာသလိုပဲ
🌹သိပ်လှတာပဲ

ဟုတ်တယ်.... ဒီထက်ပိုတင်နိုင်အောင်ကြိုးစားပါ့မယ်....ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97