How to Make Paper Flower Vase

in #myanmar4 years ago

ဒီတစ်ခုကတော့ပန်းအိုးလေးတစ်လုံးပြုလုပ်ထားတာပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်တွဲ၍ဖော်ပြထားပါတယ်။ပြုလုပ်နည်းကတော့အရွယ်တူကတ်ထူလေးခုကိုဖြတ်လိုက်ပါတယ်။ဖြတ်တဲ့အခါဘေးတစ်ဘက်မှာအပိုနေရာထား၍ဖြတ်ရမှာပါ။ကော်ကပ်ရန်အတွက်ပါ။ကတ်ထူလေးခုကိုအဝါရောင်စာရွက်ကော်ကပ်ထားပါတယ်။ပြီးနောက်ခေါက်ချိုး၍တစ်ခုနှင့်တစ်ခုဆက်ပြီးကော်ကပ်လိုက်ပါတယ်။ပြီးနောက်အရွက်တွေနဲ့ပန်းပွင့်ထားရာမှာနေရာတကျဖြစ်ဖို့အတွက်ကတ်ထူနှစ်ရွက်ကိုဖြတ်ပြီးပန်းအိုးမှာအကန့်လေးကန့်ဖြစ်အောင်ခွဲလိုက်ပါတယ်။

ထို့နောက်အရွက်များဖြတ်ပါတယ်။အစိမ်းရောင်စာရွက်ကိုခေါက်ပြီးအရွက်ရှည်ရှည်လေးတွေဖြတ်ရမှာပါ။ပြီးတော့အစိမ်းရောင်စာရွက်ကိုစက္ကူအလိပ်များခေါက်လိုက်ပါတယ်။ပန်းပွင့်ကိုတော့စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီးထောင့်စွန်းမှတစ်ဝက်ဖြတ်ကာဆက်လက်၍ဘေးဘက်အစွန်းနှစ်ဘက်ကိုအနည်းငယ်ဖြတ်ပြီး၊စက္ကူအလိပ်မှာပုံပြထားတဲ့အတိုင်းကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာဘိုးတစ်ပွင့်ပြုလုပ်မှာပါ။အနီရောင်စက္ကူကိုပုံမှာတွေ့ရတဲ့အတိုင်းပုံစံနှစ်မျိုးဖြတ်လိုက်ပါတယ်။ပြီးနောက်ခေါက်၍ကော်ကပ်ပြီးပန်းရောင်စာရွက်အပိုင်းငယ်တစ်ခုဖြင့်အလယ်မှာချည်၍ကော်ကပ်လိုက်ပါတယ်။ထို့နောက်အရွက်တွေနဲ့ပန်းပွင့်တွေကိုပန်းအိုးမှာထည့်ပြီး၊ဘိုးပွင့်ကိုတော့ပန်းအိုးမှာကော်ကပ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ချစ်စရာပန်းအိုးလေး ပို့ပေးပါလားကွယ်

ပို့လိုက်ပါ့မယ်😁

Posted using Partiko Android

အားပေးနေတယ်နော်

ဟုတ်ကဲ့... ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66