How to Make Paper Box

in #myanmar4 years ago

ဒီတစ်ခုကတော့အစိမ်းရောင်boxတစ်ခုပါ။နှင်းဆီပွင့်များဖြင့်အလှဆင်ထားပြီး၊ပြုလုပ်နည်းကိုပုံစာတို့ဖြင့်တွဲ၍ဖော်ပြထားပါတယ်။ဘောက်စ်ပြုလုပ်ရန်ပထမအဆင့်မှာအရွယ်တူကတ်ထူ၇ခုလိုအပ်ပါတယ်။ထိုကတ်ထူများကိုပုံအတိုင်းဆက်၍ကော်ကပ်လိုက်ပြီး၊အကန့်သုံးကန့်ပါတဲ့ဘောက်စ်တစ်ခုပြုလုပ်ပါတယ်။ဘောက်စ်ရဲ့တစ်ဘက်ကိုအခြားကတ်ထူတစ်ခုဖြင့်ပိတ်လိုက်ပါတယ်။ဆက်လက်ပြီးဘောက်စ်ရဲ့အဖုံးတစ်ခုပြုလုပ်ရန်ဘောက်စ်ပုံစံအရွယ်အစားကိုယူ၍ဘေးပတ်လည်အတွက်အခြားကတ်ထူကိုတစ်လက်မခန့်ဖြင့်ကတ်ထူအပိုင်းတစ်ခုဖြတ်၍ဘေးပတ်လည်မှာကော်ကပ်လိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်ဖြင့်ကော်ကပ်လိုက်ပါတယ်။

img1585738813472.jpgimg1585813257332.jpgimg1585813203696.jpg

ဒီအဆင့်မှာနှင်းဆီပွင့်ပြုလုပ်ပါတယ်။ပြုလုပ်နည်းကအရွယ်တူစက်ဝိုင်းသုံးခုကိုဖြတ်ပြီး၊ပုံအတိုင်းအဆင့်ဆင့်ခေါက်၍ပန်းပွင့်ပုံပြုလုပ်ပါတယ်။ထိုပန်းပွင့်သုံးပွင့်မှပုံပြထားတဲ့အတိုင်းထပ်မံဖြတ်ပြီး၊အနားနှစ်ခုကော်ကပ်ကာစက္ကူခေါက်လေးတွေပြုလုပ်ပါတယ်။ထိုစက္ကူခေါက်လေးတွေကိုကော်ကပ်ဆက်ပြီးနှင်းဆီပန်းပွင့်ပြုလုပ်လိုက်ပါတယ်။ပန်းပွင့်နှစ်ပွင့်ပြုလုပ်ရမှာပါ။

IMG_20200402_134636.jpgIMG_20200402_121838.jpgIMG_20200402_122152.jpgIMG_20200402_122519.jpg

ပြီးနောက်အရွက်လေးတွေဖြတ်မှာပါ။ပထမဆုံးအရွက်ပုံဖြတ်၍အရွက်ရဲ့အနားတွေကိုအပိုင်းငယ်များထပ်မံဖြတ်လိုက်ပါတယ်။ပြီးနောက်အရွက်များ၊နှင်းဆီပွင့်များဖြင့်ဘောက်စ်မှာကော်ကပ်အလှဆင်လိုက်ပါတယ်။

img1585813146332.jpgimg1585813393374.jpgimg1585813359435.jpgIMG_20200402_135433.jpgIMG_20200402_135143.jpg

Written by @asterkame

By my photos & made by me

Sort:  

You seem to be using older or Legacy version of Esteem!
Please install newest version to get most out of Esteem, Install Android: https://android.esteem.app, iOS: https://ios.esteem.app mobile app or desktop app for Windows, Mac, Linux: https://desktop.esteem.app
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60625.76
ETH 2898.84
USDT 1.00
SBD 3.62