How to Make Beautiful Paper Flower Card

in #myanmar8 years ago

Beautiful Flower Card

img1529462939038.jpg

post cardတစ်​ခုပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​တော့ကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ဖဲကြိုး၊ပန်းစက္ကူ၊​ပေတံ၊ခဲတံတို့လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​များကကတ်​ထူစက္ကူတစ်​ခုပြုလုပ်​မယ်​။ပန်းပွင့်​များပြုလုပ်​မယ်​။note bookတစ်​ခုပြုလုပ်​မယ်​။အပြင်​ဘက်​အလှဆင်​ရန်​ပန်းပွင့်​သုံးပွင့်​ပြုလုပ်​ပါ့မယ်​။

img1529463041270.jpg

ပထမဆုံးပြုလုပ်​မှာကကတ်​ထူကိုဖြတ်​ပါ့မယ်​။မိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားကိုဖြတ်​၍​ရောင်​စုံစက္ကူနှင့်​ထပ်​မံ​ကော်​ကပ်​မယ်​။ပြီး​တော့သုံး​ခေါက်​ချိုးလိုက်​ပါ့မယ်​။အတွင်းဘက်​မှာအလှဆင်​တာ​တွေဆက်​လက်​ပြုလုပ်​မယ်​။

IMG_20180614_161824.jpg

ပန်းပွင့်​​တွေပြုလုပ်​ချင်​တာ​ကြောင့်​အပြာ​ရောင်​အရွယ်​တူစာရွက်​7ရွက်​ဖြတ်​ပါ့မယ်​။အလျား၊အနံတူညီရမှာပါ။ပြီး​တော့စာရွက်​ကို​ထောင့်​စွန်း၊အလယ်​မှထက်​၀က်​​ခေါက်​ပါ့မယ်​။ခေါက်​နည်းကိုပုံမှာပြထားပါတယ်​။စက္ကူ​ခေါက်​မှာခဲတံနှင့်​ပုံစံဆွဲပြီးကတ်​​ကြေးနှင့်​ဖြတ်​ပါ့မယ်​။ဒီနည်းအတိုင်းစက္ကူ​ခေါက်​7ခုပြုလုပ်​လိုက်​မယ်​။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​တဲ့အခါပန်းပွင့်​ပုံစံ​ပေါ်လာမှာပါ။ပန်းပွင့်​ရဲ့အနားကွပ်​​တွေကို​ဆေး​ရောင်​ခြယ်​ခဲတံဖြင့်​ဆွဲ၍၊မလိုတဲ့စက္ကူအပိုင်းများဖြတ်​ပြီး၊ထပ်​မံ​ကော်​ကပ်​ကာပန်းပွင့်​ပုံစက္ကူ​ခေါက်​ငယ်​7ခုပြုလုပ်​လိုက်​မယ်​။

IMG_20180614_163255.jpg

IMG_20180614_165953.jpg

စက္ကူ​ခေါက်​7ခုကို​ကော်​ကပ်​ပါ့မယ်​။ကော်​ကပ်​နည်းကပုံမှာပြထားတဲ့အတိုင်းအနက်​​ရောင်​အစက်​ချထားတဲ့​နေရာမှာဘဲ​ကော်​သုတ်​လိမ်း၍ကပ်​မှာပါ။ဒီလိုနဲ့7ခုကို​ကော်​ကပ်​ပြီးတဲ့အခါပန်းပွင့်​စက္ကူ​ခေါက်​တစ်​ခုရမှာပါ။ဒီစက္ကူ​ခေါက်​ကိုခုနကပြုလုပ်​ထားတဲ့ကတ်​ထူရဲ့ဘယ်​ဘက်​​ခေါက်​ချိုးမှာ​နေရာချ၍​ကော်​ကပ်​ပါ့မယ်​။ဒါဆိုရင်​​ကတ်​ထူကို​ခေါက်​ချိုးလို့လည်းရပြီးပန်းပွင့်​ပုံစံလည်း​ပေါ်လာမှာပါ။

IMG_20180614_170436.jpg

IMG_20180614_170604.jpg

IMG_20180614_170757.jpg

IMG_20180614_171158.jpg

IMG_20180614_171245.jpg

IMG_20180614_171650.jpg

ပြီး​တော့​နောက်​ထပ်​ပန်းပွင့်​ပြုလုပ်​မှာကလွယ်​ကူပါတယ်​။စာရွက်​ကို​ခေါက်​ချိုး၍ပန်းပွင့်​ပုံစံဖြတ်​ကာ​ဆေး​ရောင်​ခြယ်​ခဲတံ​တွေနှင့်​အ​ရောင်​ခြယ်​လိုက်​မှာပါ။ဒီလိုပန်းပွင့်​​တွေလည်းအများကြီးပြုလုပ်​ပြီးကတ်​ထူစက္ကူရဲ့အတွင်းဘက်​မှာအလှဆင်​ရန်​ပါ။

IMG_20180615_105155.jpg

ဆက်​လက်​ပြီးစာအုပ်​ပုံစံစက္ကူ​ခေါက်​ပါ့မယ်​။စက္ကူ​ခေါက်​နည်းကိုပုံများနှင့်​​ဖော်​ပြပါ့မယ်​။

IMG_20180615_095404.jpg

IMG_20180615_095437.jpg

IMG_20180615_095540.jpg

အလျား၊အနံတူညီတဲ့စာရွက်​ကို​ထောင့်​စွန်းမျဉ်းနှစ်​ခု၊ထက်​၀က်​​ခေါက်​ချိုးမျဉ်းနှစ်​ခုယူပါ့မယ်​။

IMG_20180615_095621.jpg

အလယ်​မျဉ်းအထိတစ်​ဘက်​စီ​ခေါက်​မယ်​။

IMG_20180615_095804.jpg

IMG_20180615_100322.jpg

ပြီး​တော့​ထောင့်​​လေး​ထောင့်​ကိုပုံမှာပြထားတဲ့အတိုင်း​ခေါက်​ချိုး၍အတွင်းဘက်​သို့စု​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180615_100401.jpg

IMG_20180615_100429.jpg

ဆက်​လက်​ပြီးပုံပါအတိုင်း​ခေါက်​၍၊ဒီနည်းအတိုင်း​ကျောဘက်​ကိုလည်း​ခေါက်​မယ်​။ထိုအခါစက္ကူ​ခေါက်​တစ်​ခုရမှာပါ။

IMG_20180615_101410.jpg

အဖုံးအတွက်​ကို​တော့ပန်းစက္ကူကိုလိ​မ္မော်​​ရောင်​စာရွက်​​ခေါက်​အရွယ်​အစားနှင့်​တိုင်း၍ဖြတ်​ကာအပြာ​ရောင်​စာရွက်​နှင့်​အနားသတ်​​တွေကိုကွပ်​လိုက်​ပါ့မယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊လိ​မ္မော်​​ရောင်​စက္ကူ​ခေါက်​ငယ်​ကိုထည့်​၍​ကော်​ကပ်​ကာစာအုပ်​ပုံစံပြုလုပ်​လိုက်​မယ်​။ပြီး​တော့ဖဲကြိုးနှစ်​စကိုယူမယ်​။ကတ်​ထူရဲ့အလယ်​​ကော်​လံမှာ​နေရာချ၍ဖဲကြိုးစနှင့်​အတူ​ကော်​ကပ်​ပြီးကြိုးစကိုချည်​လိုက်​ပါ့မယ်​။

IMG_20180615_101545.jpg

IMG_20180615_101622.jpg

IMG_20180615_102338.jpg

IMG_20180617_111526.jpg

စာအုပ်​ပုံစံ၊ပန်းပွင့်​​တွေကိုအတွင်းဘက်​မှာဒီလို​လေးအလှဆင်​မှာပါ.....

IMG_20180615_111009.jpg

ကဒ်​ရဲ့အပြင်​ဘက်​ကို​တော့ညာဘက်​ကိုလိ​မ္မော်​​ရောင်​ထား၍ဘယ်​ဘက်​ခြမ်းကို​တော့အပြာ​ရောင်​ထားမှာပါ။ပြီး​တော့အပြာ​ရောင်​စက္ကူရဲ့အနားသတ်​​တွေကိုပုံစံ​ဖော်​၍ဖြတ်​မယ်​။ပြီး​နောက်​အပြာ​ရောင်​ခြမ်းမှာ​တော့လိ​မ္မော်​​ရောင်​ပန်းသုံးပွင့်​ပြုလုပ်​ကာအလှဆင်​မှာပါ။

IMG_20180620_100451.jpg

IMG_20180620_100538.jpg

IMG_20180620_100619.jpg

လိ​မ္မော်​ရောင်​ပန်းပွင့်​သုံးပွင့်​ပြုလုပ်​လိုက်​ပါ့မယ်​။ပြုလုပ်​နည်းကအရွယ်​တူစက်​၀ိုင်းငယ်​များဖြတ်​မယ်​။စက်​၀ိုင်းကိုထက်​၀က်​​ခေါက်​ချိုးမယ်​။ပြီး​တော့​တစ်​ဘက်​ကိုအနည်းငယ်​​ခေါက်​ချိုးကာပုံမှာပြထားတဲ့အတိုင်းစက္ကူ​ခေါက်​ပုံစံဖန်​တီးလိုက်​မယ်​။ပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​​ခြောက်​ခုကိုဆက်​၍​ကော်​ကပ်​ရပါ့မယ်​။ဒီပြုလုပ်​နည်းအတိုင်းပန်းသုံးပွင့်​ပြုလုပ်​ပါတယ်​။

IMG_20180619_110345.jpg

ကဒ်​ရဲ့​ရှေ့ဘက်​မှာပန်းသုံးပွင့်​​ကော်​ကပ်​အလှဆင်​မှာပါ။
Beautiful paper flower card

img1529463116762.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အိုး တော်တော်လေး လှပပြီး သပ်ရပ်ပါတယ်။စိတ်ရှည်ပြီး စနစ်တကျ့ ဖန်တီးထားတဲ့ flower card လေးပါ။အရမ်းကြိုက်ပါတယ်။

ခုလိုအား​ပေးတာ​ကျေးဇူးပါ.. ..ဆက်​ပြီးလှလှ​လေး​တွေတင်​နိုင်​​အောင်​ကြိုးစားဦးမယ်​လို့.....

Flower card လုပ်ထားတာ
တစ်ကယ်လှတယ်ဗျာ

So beautiful

လိုအပ်​တာရှိလည်း​ပြောပြပါ...လှတယ်​ဆိုလို့thanks par....

ပန်း​လေး​တွေ သ​ဘောကျတယ်​ စိတ်​​တောင်​ဝင်​စားသွားပြီ

စိတ်​၀င်​စားရင်​ပုံနှင့်​စာတွဲပြီး​ပြောပြထားလို့လုပ်​ကြည့်​လို့ရပါတယ်​....

သတ်ရပ်လှပတဲ့ပညာတစ်ခုပါ

ဟုတ်​ကဲ့...အား​ပေးတာ​ကျေးဇူးပါ.. ...

ကျနော်က မင်္ဂလာဆောင် ဖိတ်​စာ ကို ပြေးမြင်မိတယ်

မြင်​မိတာလည်းမလွန်​ပါဘူး...😁😁
ပန်းပွင့်​​တွေ၊ဖြဲ​ကိုး​တွေနှင့်​....

Good တအားလှတယ်
ဒိုများအဲ့​လောက်​ကြီးစိတ်​မရှည်​ဘူး​နော်

စိတ်​ရှည်​ရင်​တော့​ပုံ​လေး​တွေ​သပ်​သပ်​ရပ်​ရပ်​ထွက်​တယ်​...😊အား​ပေးလို့​ကျေး​ဇူး​နော့....

သဘောကျတယ် ကိုယ်လုပ်ရင် အဲ့လောက်လက်ရာထွက်မယ်မထင်😁😁

စမ်းကြည့်​ပါ 😁ပို​ကောင်းတဲ့လက်​ရာထွက်​လာမှာပါ👍

အပြင်ကနေ ကြည့်လိုက်တယ် ပန်းကလေးတွေနဲ ချစ်စရာ ပုံစံလေး အတွင်းထဲ က ပပြင်အဆင်ကို မြင်လိုက်ရတဲ့ ခန Woo ပိုလို့တောင် ချစ်စရာကောင်းသွားတယ် ပန်းလေးတွေနဲ့ ပုံဖော်ထားတာ အာြးီကြီးလှတယ် 😊😊

ခုလိုအား​ပေးတာ​ကျေးဇူးပါ...flower cardဆို​တော့ပန်းပွင့်​​တွေများများသုံးလိုက်​တယ်​😁

အရမ်းကောင်းတဲ့ဖန်တီမှုလေးပါaster

ဆက်​ပြီးကြိုးစားပါ့ဦးမယ်​...အား​ပေးတဲ့အတွက်​​ကျေး​ဇူးပါ....

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64180.37
ETH 1908.22
USDT 1.00
SBD 0.38