How to Make Beautiful Gift Box

in #myanmar7 years ago

Beautiful Gift Boximg1520322318110.jpgimg1520322356825.jpg
ဒီတစ်​ခါမှာ​တော့gift boxပုံစံတစ်​မျိုးပြုလုပ်​ထားပါတယ်​။ပုံမှန်​အ​နေအထားအတိုင်းမဟုတ်​ဘဲ၊ဘူးရဲ့အဖုံးကို​ထောင့်​စွန်း​နေရာမှဖြတ်​ထားတဲ့ပုံစံမျိုး၊နှစ်​ခုခွဲပြီးပြုလုပ်​ထားတာပါ။ဘူးအဖုံးပိတ်​တဲ့အခါတစ်​ခုချင်းစီ၊တစ်​ဘက်​စီအလယ်​မှာဆုံ​စေပြီးမှ၊ကြိုးနှင့်​စည်းရမှာပါ။ပြုလုပ်​ရန်​လိုအပ်​တာ​တွေက​ရောင်​စုံစက္ကူ၊ကတ်​ထူစက္ကူ၊ခဲတံ​၊​ပေတံ၊ကတ်​​ကြေး၊​ကော်​ဘူးစသဖြင့်​လိုအပ်​တာပါ။ပထမဆုံးဘူးခွံရဲ့အဖုံးကိုပြုလုပ်​ပါ့မယ်​။စာရွက်​တစ်​ခု​ပေါ်7.5cm,5cm,7.5cm၊​နောက်​တစ်​ဘက်​ကို​တော့7.5cm,5cmတိုင်းတာမှာပါ။ထိုအတိုင်းအတာအတိုင်းမျဉ်းဆွဲမှာပါ။7.5cmပတ်​လည်​ရှိတဲ့​ဘေးနှစ်​ဘက်​ကအကွက်​​ပေါ်မှာ​တော့ပုံမှာမြင်​ရတဲ့အတိုင်း​ထောင့်​ဖြတ်​မျဉ်းနှစ်​​ကြောင်းဆွဲမှာပါ။ပြီး​တော့အလယ်​မှာရှိတဲ့အကွက်​နှစ်​ကွက်​အနက်​၊5cmပတ်​လည်​ကို2/3ပိုင်းကာမျဉ်းဆွဲပြီး၊မလိုတဲ့အပိုင်းကိုခဲခြစ်​လိုက်​မှာပါ။ပြီးရင်​​တော့ကတ်​​ကြေးနှင့်​မလိုတဲ့အနား​တွေကိုဖြတ်​ပြီး၊ခုနကခဲခြစ်​ထားတဲ့အပိုင်းကိုလည်းဖြတ်​ထုတ်​လိုက်​မှာပါ။မျဉ်းဆွဲထားတဲ့​နေရာအားလုံးကိုလည်း​ခေါက်​ချိုးလိုက်​မှာပါ။IMG_20180303_195622.jpgIMG_20180303_195650.jpgIMG_20180303_103536.jpg
ဒီအဆင့်​မှာ​တော့ပုံမှာပြထားတဲ့အတိုင်းအလယ်​​မှ7.5cm,5cm​နေရာကိုကတ်​ထူစက္ကူကိုတိုင်းယူပြီး​ကော်​ကပ်​လိုက်​မယ်​။ဘေးနှစ်​ဘက်​ကမျဉ်းဆွဲထားတဲ့တြိဂံပုံနှစ်​ခုကိုလည်း​ခေါက်​ပြီး​ကော်​ကပ်​လိုက်​မှာပါ။ပြီး​နောက်​တြိဂံပုံစံဖြစ်​​အောင်​​ခေါက်​ကာ​ထောင့်​စွန်းနှင့်​အနားများကို​ကော်​ကပ်​လိုက်​မှာပါ။ထိုနည်းအတိုင်းအခြားအ​ရောင်​ဖြင့်​​နောက်​တစ်​ခုပြုလုပ်​မှာပါ။
IMG_20180303_195718.jpgIMG_20180303_195736.jpgIMG_20180303_195849.jpgIMG_20180303_105404.jpg
ပြီး​နောက်​စာရွက်​​ပေါ်မှာ4.8cm,7.2cm,4.8cmပတ်​လည်​အတိုင်းအတာတိုင်းပြီးမျဉ်းဆွဲမှာပါ။စုစု​ပေါင်းအကွက်​ကိုးကွက်​ရမှာပါ။ထို့​နောက်​မလိုတဲ့အနား​တွေကိုဖြတ်​ပြီး၊ကတ်​ထူအပါး​ပေါ်မှာ​ကော်​ကပ်​မှာပါ။အခြားတစ်​ဘက်​ကိုလည်းအ​ရောင်​ပါတဲ့စာရွက်​နှင့်​​ကော်​ကပ်​မှာပါ။ပြီး​တော့​ဘူးပုံစံပြုလုပ်​တဲ့အခါ​ထောင့်​စွန်းများကို​ကော်​ကပ်​ရန်​အတွက်​၊ခုနကဆွဲထားတဲ့အကွက်​ကိုးကွက်​အနက်​​ထောင့်​စွန်း​လေးကွက်​မှာပုံတွင်​ပြထားသည့်​အတိုင်းခဲခြယ်​လိုက်​ပါမယ်​။ခဲခြယ်​ထားတဲ့အပိုင်း​တွေကဖြတ်​ထုတ်​ရမှာပါ။ခဲခြယ်​အပိုင်း​တွေဖြတ်​ထုတ်​ပြီးရင်​​တော့မျဉ်းဆွဲထားတဲ့​နေရာအားလုံးကို​ခေါက်​ချိုးပြီးစက္ကူဘူးပုံစံဖြစ်​​အောင်​​ကော်​ကပ်​လိုက်​ပါ့မယ်​။IMG_20180306_094142.jpg
IMG_20180303_111911.jpgIMG_20180303_200005.jpgIMG_20180303_120232.jpgIMG_20180303_120259.jpg
ဒီအဆင့်​က​နောက်​ဆုံးပါ။စက္ကူဘူးတစ်​ခု၊အဖုံးပုံစံနှစ်​ခုပြုလုပ်​ပြီး၊ပုံမှာပြထားတဲ့အတိုင်းgift boxတစ်​ခုဖြစ်​​အောင်​တပ်​ဆင်​လိုက်​ပါ့မယ်​။အနီ​ရောင်​စာရွက်​ကိုအပိုင်းပိုင်းဖြတ်​ပြီး၊ပတ်​လည်​ကိုကြိုးကဲ့သို့ပတ်​ပြီး​ကော်​ကပ်​လိုက်​တယ်​။ခိုင်​ခံ့​အောင်​ပါ။အ​ပေါ်ဘက်​မှာအလှဆင်​ရန်​အတွက်​ပန်းတစ်​ပွင့်​ပြုလုပ်​ထားပါတယ်​။အ၀ါ​ရောင်​ပန်းပွင့်​ပုံနှစ်​ခုကိုညှပ်​မယ်​။ပေတံကိုအသုံးပြုပြီးအနားများကိုအတွင်းဘက်​သို့​ခေါက်​မယ်​။ပြီး​နောက်​​ကော်​ကပ်​မယ်​။အ​ရောင်​လက်​​နေတဲ့stickerတစ်​ခုထပ်​ကပ်​လိုက်​ပါ့မယ်​။ပြီး​နောက်​gift box​ပေါ်အလှဆင်​မှာပါ။
IMG_20180304_084040.jpgIMG_20180303_224759.jpgIMG_20180304_083921.jpg
Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ပြုလုပ်​ထားတာ​လေး​တွေ​ကောင်းပါ​ပေတယ်

ဟု..​ကျေးဇူးပါ😊

တကယ်​​ပြောတာပါဗျာ။

လက်ဆောင်ပေးမို့ လုပ်ကြည့်အုံးမှပါ

လုပ်​ကြည့်​ပါ..အိုခီ😉👍

မြင်​​ယောင်​တယ်
နင်​တို့အိမ်​မှာ​ရောင်​စုံစက္ကူ​​တွေအမျာကြီး​နေမှာလို့ ခ်​ခ်

ဟုတယ်​...များကြီးဘဲ..ဟိ😁

လုပ်တတ်တယ်ဗျာ အနုပညာတစ်ခုပါပဲ။

ဟုတ်​ကဲ့...​ကျေးဇူးပါ😊

ချစ်​ စရာ​လေး

ဟု..thanks

လှတယ်လို့ဘဲ ပြောပါရစေ အစ်မရယ် Gift Box လုပ်ပြီး လက်ဆောင်ပေးမယ့်သူကိုတော့ မြန်မြန်ရှာမှ ဖြစ်တော့မယ်

ဟုတယ်​...ဟုတယ်​😁😁

ချစ်​စရာ​ချစ်​စရာ​လေး

ချစ်စရာလေး

ဟုတ်​ကဲ့ပါ😊

nice creation လိုက်လုပ်ကြည့်တာ စိတ်မရှည်တော့မရပါ

အင်း...စိတ်​​တော့နည်းနည်းရှည်​ရတယ်​...😊
Thanks par

အားပေးနေတယ်နော် မရိုးအောင်တင်နိုင်တာကိုချီးကျူးတယ်ဗျာ

အား​ပေးလို့​ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 68913.35
ETH 2517.82
USDT 1.00
SBD 2.53