How to Make Paper Photo Frame

in MSC4 years ago

ဒီတစ်ခုကတော့ပုံလေးတွေထည့်လို့ရတဲ့photo frameတစ်ခုပြုလုပ်ထားပြီး၊ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာအဝါရောင်စက္ကူခေါက်လေးခုခေါက်ပါတယ်။ခေါက်နည်းကိုပုံလေးတွေနဲ့ပြထားပါတယ်။သူ့ကိုတော့ပုံထည့်တဲ့အခါထောင့်လေးထောင့်မှာကော်ကပ်ရမှာပါ။စာရွက်ကိုအလျားအနံတူညီအောင်ဖြတ်ပြီးထောင့်ဖြတ်အတိုင်းခေါက်ချိုးကာ၊ဆက်လက်၍အလယ်အထိတစ်ဘက်စီမှခေါက်ပါတယ်။ပြီးနောက်စာရွက်ပြန်ဖြန့်ပြီးပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်လိုက်ပါတယ်။နောက်ဆုံးအဆင့်ရရင်ထိုစက္ကူခေါက်ရဲ့အရွယ်အစားအတိုင်းအပြာရောင်စာရွက်ကိုဖြတ်ပြီးကော်ကပ်ပါတယ်။ဆက်လက်ပြီးအဝါရောင်စက္ကူခေါက်နောက်တစ်မျိုးခေါက်ပါတယ်။ခေါက်နည်းကစာရွက်ကိုအပိုင်းငယ်များဖြတ်ပြီး၊အနားတစ်ဘက်ကနေခေါက်ချိုး၍ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ထိုစက္ကူခေါက်လိုမျိုးစုစုပေါင်း၁၂ခုလိုအပ်ပါတယ်။

ဒီအဆင့်မှာလေးထောင့်ပုံကတ်ထူတစ်ခုဖြတ်၍အပြာရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်စက္ကူအလိပ်လေးခုပြုလုပ်ပါတယ်။စာရွက်ကိုဖြတ်ပြီးစာရွက်ရဲ့အနားတစ်ဘက်မှာအခြားစာရွက်အပိုင်းငယ်တစ်ခုကော်ကပ်ပြီး၊စာရွက်ကိုတစ်ဘက်သို့လှည့်၍စက္ကူအလိပ်များခေါက်ပါတယ်။စက္ကူအလိပ်လေးခုကိုအပြာရောင်ကတ်ထူရဲ့အနားလေးဘက်မှာပုံအတိုင်းကော်ကပ်ပါတယ်။ပြီးနောက်အဝါရောင်စက္ကူခေါက်လေးတွေကိုနေရာချ၍ကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်နှစ်ပွင့်ပြုလုပ်ပါတယ်။လိမ္မော်ရောင်စာရွက်ကိုအပိုင်းငယ်ဖြတ်၍ခေါက်ချိုးပြီးကော်ကပ်ဖို့နေရာချန်ကာတစ်ဘက်မှာအပိုင်းအသေးလေးတွေထပ်မံဖြတ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်ပုံစံဖြစ်အောင်ခေါက်၍ပန်းပွင့်နှစ်ပွင့်ပြုလုပ်ပြီးဘောင်ပေါ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လက်မှုပညာလေးကြိုက်တယ်

ကျေးဇူးပါ....

Posted using Partiko Android

ကလီကမာလှချက်ကွယ်

ဟုတ်ကဲ့... ကျေးဇူးပါ
နောက်လည်းလှလှလေးတွေဆက်ကြိုးစားပါ့မယ်....

Posted using Partiko Android

လှနိုင်ပါပေ့ဗျာ စိတ်ကူးကလည်း ကောင်းမှကောင်းပဲ

ဆက်ကြိုးစားပါ့မယ်.... ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97