ကြယ်​​ကြွေ ည အလွမ်း

in #myanmar8 years ago (edited)

FB_IMG_1513141472764.jpg

( ကြယ်​​ကြွေည အလွမ်း)


မိုးသား​တွေ ကြည်​လင်​​နေတယ်
ကောင်းကင်းမှာ ကြယ်​​တွေ​ကြွေ​နေတယ်
မဟူရာညရဲ့ စိတ္တဇအ​တွေးတွေက
အခန်းကျဉ်း​ထဲမှာ ငို​နေတယ်​ ။
လူသူမသိတဲ့ ​ဝေဒနာအပိုင်းအစနဲ့
ပျောက်​ဆုံး​နေတဲ့ ပုံရိပ်​တချို့ကို
ကာရံမဲ့ နံရံ​ပေါ်မှာ ​ ရေးဆွဲထားခဲ့တယ်​ ။
တစ်​ခန်းရပ်​ ပြဇတ်​​တွေနဲ့
နှလုံးသားကို ​ပေးခဲ့တယ်
ဝိုးတဝါး အကြည့်​​တွေက
အငြိုးဓားသွားလို ရက်​စက်​ခဲ့ပြီ​လေ။
အမှတ်​တရ​ နေ့စွဲ​တွေ
အသက်​မက ထားခဲ့ပေမဲ့
တစ်​ရက်​ကျ ထားသွားမယ်​ဆိုတာ
မျှော်​လင့်​မထားခဲ့မိဘူး ။
အချစ်​ကို​ ​ ​ခြေ​တော်​တင်
ဘဝင်​မကျတဲ့ မျက်​​စောင်း​တွေနဲ့
အပြန်​တစ်​ရာမက​အောင်
နင်း​ချွေရက်​ပြီ​လေ ။
တစ်ညတာ ​အိမ်​မက်​​တွေက
ခဏတာ ပျော်​ရွှင်​ရသလို
တစ်​ဘဝစာ စိတ်​ကူး​တွေက
မကြာခဏမှာ ပျက်​သုန်းခဲ့ရပြီ ။
အတူတကွ ​လျှောက်​လှမ်းဖို့တွက်
ထာဝရပါ ခင်းတဲ့လမ်းကို
မညီမျှပါဆိုတဲ့စကားနဲ့
စည်းခြားလို့ တားရစ်​ခဲ့ပြီ ။
မနက်​လင်းတိုင်း
လွှင့်​ပျံ​နေတဲ့အာရုဏ်​​တွေက
သူရှိရာအရပ်​ကို လိုက်​ရှာမိတယ်​ ။
သူ​ပျော်​​နေမလား
ရင်​ခွင်​သစ်​ဆီမှာ
သူ​မျှော်​​နေမလား
ရင်​ခွင်​ဦးဆီကို​ပေါ်...။
ဂိမ္မာန်​​နွေ ​နွေ​လေမြူး
ဥသြတွန်​သံ ကြားရတဲ့အခါ
စိမ်းသရဖီး သူဆီသို့
စေတမန်​အလွမ်း ပို့သ​မိတယ်​ ။
@arkarsoe
Photo .google

Sort:  

This post has received a 1.61 % upvote from @boomerang thanks to: @arkarsoe

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 59760.45
ETH 1568.67
USDT 1.00
SBD 0.42