Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၈)

in #myanmar7 years ago (edited)

သိသလောက် ၇ တုန်းက Post တင်နည်းရေးခဲ့ပြီးပါပြီ.. နောက်နောင် Post တွေတင်ရင်လည်း ပြောခဲ့ပြီးတဲ့ စည်းကမ်းများနှင့်အတူ ထိုပုံစံနှင့်ပဲတင်ရမှာဖြစ်တယ်.. အခု Post တွေတင်ထားပြီးနောက် ၇ရက်မပြည့်သေးခင် ငွေထုတ်မပေးသေးခင်စပ်ကြား ဗဟုသုတလေးတွေဖြစ်အောင် ပြောပြပါဦးမယ်.. Steemit User အသစ်များဟာ အခုဆို Steemit နှင့် သိပ်စိမ်းတော့မည်မထင်ပါ.. သို့ပေမယ့် Steemit ဆိုက်အတွင်းက Preference လေးတွေကို နည်းနည်းပြောပြမယ်..

Steemit အတွင်းထဲဝင်လိုက်လျှင် အောက်ကပုံအတိုင်းမြင်ရမှာနော်..ကြည့်ပါ.. Steemit သည် ယခုအချိန်တွင် Beta Version သာဖြစ်နေသေးသောကြောင့် Facebook ထက်စာရင်တော့ အသုံးပြုရတာ နည်းနည်း ရှုပ်ထွေးစေမှာပါ.. ဒါပေမယ့် စာလုံး တစ်ခုချင်းစီသိထားရင် သုံးရတာ လွယ်ကူသွားမှာပါ..
Screenshot_1.png

steemit.com သို့ ၀င်ဝင်ချင်းမြင်ရမည့် စာမျက်နှာ ကို Home လို့ခေါ်ပါတယ်..** My Feed** ဆိုတာ တွေ့ရမှာဖြစ်တယ်..
My Feed ဆိုတဲ့နေရာမှာ ပေါ်တဲ့ Post တွေက မိမိ Post များနှင့် မိမိ Follow လုပ်ထားသူများတင်သည့် Post တွေကို မြင်ရမှာဖြစ်ပါတယ်..
နောက် အပေါ်မှာခေါင်းစဉ်လေးတွေနဲ့ trending , new , hot , promoted ဆိုတာတွေမြင်တွေ့ရမှာပါ..
trending ကိုနှိပ်လိုက်ရင် လက်တလေ ၇ရက်အတွင်းမှာ Voting အများဆုံး Voting Power များများဖြင့် Vote ခံထားရသော Postများကို မြင်တွေ့ရမှာဖြစ်တယ်..
new မှာတော့ new ဆိုတဲ့အတိုင်း တကမ္ဘာလုံးမှ Steemit User များတင်တဲ့ Post အသစ်များကို အချိန်နှင့် တပြေးညီတွေ့ရမှာဖြစ်ပါတယ်..
hot မှာ ပေါ်တဲ့ Post တွေကတော့ လတ်တလော ရေပန်းအစားဆုံး Popular အဖြစ်ဆုံး Post များကို ပြသပေးမှာဖြစ်တယ်..
Promoted ဆိုတဲ့ အောက်မှာ ရှိတဲ့Post တွေကတော့ Promote လုပ်ထားတဲ့ Post တွေကိုမြင်တွေ့ရမှာဖြစ်တယ်..

ဒီနေရာမှာ Promoted ဆိုတာလေးကို မသိသေးသူများအတွက် နည်းနည်းပြောပြပေးမယ်...
Facebook မှာ Page တွေရဲ့ Post တွေကို လူများမြင်အောင် Like များများရအောင် Promote (or) Boost လုပ်သလိုပါပဲ
ယခု Steemit မှာလည်းပဲ ကိုယ့် Post ကို အဲ့လို Vote များအောင် Promote လုပ်လို့ရပါတယ်.. အနည်းဆုံး 1SBD ပေးကာ Promoted လုပ်နိုင်ပါတယ်.. မိမိ Promote လုပ်ထားသော Post ကိုလည်းပဲ Promoted Tab အောက်မှာ ပြပေးမှာပါ..

ဟုတ်ပြီနော် အာ့ဆို ဆက်ပြောပါမယ်..
Promoted ဆိုတဲ့ဘေးမှာ မှန်ဘီလူးပုံလေးနဲ့ Search ဆိုတဲ့အကွက်မှာ မိမိအလိုရှိသည်ကို ရှာဖွေနိုင်သေးတယ်..
ဥပမာ ကိုယ်က Steemit အတွင်းက Post တစ်ခုခုကို စာသားရိုက်ပြီးရှာမလား
ဒါမှမဟုတ် Steemit User တစ်ယောက်ယောက်ကိုရှာမလား ရှာလို့ရတယ်.. ဒါ့အပြင် Search Bar ဟာ Google Custom Search Engine ကို အသုံးပြုထားတဲ့အတွက် Steemit ပြင်ပမှ အခြားအကြောင်းအရာများကိုလည်း ရှာဖွေနိုင်ပါသေးတယ်.. သို့ပေမယ့် Database အချို့ပဲရမှာဖြစ်တဲ့အတွက် Google မှာရှာသလောက်တော့ ပြည့်စုံမှာမဟုတ်ဘူးပေါ့..

ဒီဘက်ဘေးကိုဆက်သွားလိုက်မယ်ဆိုရင် Post ဆိုတဲ့ Button ဒါကတော့သိပြီးသားပဲ Post တင်ဖို့အတွက်ပေါ့..
နောက် ကိုယ့်ရဲ့ Profile ပုံလေးကိုနှိပ်လိုက်ရင် အောက်ကလိုတွေ့ရဦးမယ်..
Screenshot_2.png

အပေါ်ဆုံးမှာ Feed တွေ့တယ်နော် အဲ့ဒါ အခုနပြောခဲ့တဲ့ Home ကိုရောက်သွားမှာပါပဲ..
နောက်ပြီးရင် Blog ဟုတ်တယ်နော်.. Blog ဆိုတာက Facebook မှာလိုပြောမယ်ဆိုရင် ကိုယ့် Wall လိုပဲပေါ့..
ကိုယ်တင်ထားတဲ့ Post တွေမြင်ရမယ် ကိုယ့်ရဲ့ Profile Image နဲ့ Cover Photo တို့ကိုမြင်ရမယ်...၀င်ကြည့်လိုက်ပါ အောက်ကပုံလိုပေါ်လိမ့်မယ်.
Screenshot_3.png
မိမိ နာမည်နောက်မှာ ကွင်းစ ကွင်းပိတ်လေးနဲ့ ဂဏန်းလေးတွေ့ရမှာပါ..အဲ့ နံပါတ်ကို Reputation လို့ခေါ်ပါတယ်.. မိမိကျော်ကြားမှု ဂုဏ်သတင်းပေါ့.. Member အသစ်ဖြစ်ဖြစ်ချင်း အဲ့ နံပါတ်က 25 ကနေစရပါလိမ့်မယ်.. နောက် ကိုယ်က Post တင်တာများ ကိုယ့်Post တွေမှာ Voting များ Comment တွေများလာတာနဲ့အမျှ နံပါတ်လေးက တက်တက်လာမှာပါ.. နာမည်အောက်မှာ မိမိကို Follow လုပ်ထားသူ Followers ဘယ်နယောက် ၊ မိမိက Follow လုပ်ထားသူ ဘယ်နယောက် ၊ မိမိတင်ထားသည့် Post နှင့် Comment နှင့် Reply စုစုပေါင်း အရေအတွက် နှင့် မိမိ Steemit မှာ Join ခဲ့သည့် Month , Year ကိုမြင်ရမှာပါ.. နာမည်အောက်က စာသားလေးကတော့ Setting မှာ ကြိုက်နှစ်သက်ရာသွားရေးထားလို့ရပါတယ်...အောက်က Setting Page အကြောင်းကျရှင်းပြပေးပါမယ်.

နောက်ထပ် အောက်မှာ Comments Replies ဆိုတာ ထပ်လာမယ် အဲ့ဒါတွေက ကိုယ်က Comment လိုက်ပေး Reply လိုက်ပြန်ထားတာတွေကို တစ်စုတစ်စည်းတည်း ပြပေးမှာဖြစ်တယ်.. အောက်မှာ Wallet .. Wallet ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင် ပိုက်ဆံအိတ်ထင်တာပဲ.. ဟုတ်တယ် ဒိမှာလဲ ပိုက်ဆံအိတ်ဖြစ်တယ်.. မိမိပိုင်ဆိုင်သမျှ Steem, Steem Power, Steem Dollar တွေကို အဲ့ Wallet မှာ ပြပေးလိမ့်မယ် .. Wallet ရဲ့ Page ကိုတော့ တင်ထားတဲ့ Post အတွက် ပိုက်ဆံထုတ်တဲ့ အခန်းကျမှပဲ တစ်ခါတည်းရှင်းပြတော့မယ်ဗျ..
အရင် Post တွေမဖတ်ရသေးရင်လည်း ကျွန်တော့ရဲ့ Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၁) မှ စကာ ဖတ်ကြည်ပေ့းပါလို့ မေတ္တာရပ်ခံပါတယ်..

ကဲ ဟုတ်ပြီ အောက်မှာ ဆက်ကြည့်ဗျာ Toggel Night Mode ဆိုတာ.. သူ့ကို နှိပ်လိုက်ရင် ကိုယ့် Screen က ညပုံစံ အရောင်လေး အမှောင်ရောင် အနက်ရောင်ဖြစ်သွားမယ်ပေါ့ဗျာ.. စာတွေက အဖြူရောင်ဖြစ်သွားပြီး နောက်ခံ Background ကြီးက အနက်ရောင်ဖြစ်သွားမယ်...

Change Password ကတော့ သိတဲ့အတိုင်း Password သွားChange ရမယ့်နေရာ..
ဒီနေရာမှာ တစ်ခုပြောချင်တယ် Steemit မှာ ကိုယ်ကြိုက်တဲ့ Passwordပြောင်းလို့မရပါဘူး သူတို့ပေးထားတဲ့ Password ကိုသာ ယူရမှာပါ.. နောက်ထပ် ချိန်းရင်လည်း အခုရထားတဲ့ ပုံစံအတိုင်းစာအရှည်ကြီးနဲ့ မိမိတို့ မမှတ်သားနိုင်တဲ့ Password ကိုသာပြန်ရမှာပါ.. ဒါကြောင့်မလိုအပ်ရင် မChange ကြပါနဲ့.. မိမိ Password က သူများဆီရောက်သွားတာ သံသယရှိရင်တော့ တစ်မျိုးပေါ့.. ဥပမာ အစကတည်းက Password Save ချင်လို့ FB Messenger ကနေ သူငယ်ချင်းကို ပို့ခဲ့တဲ့အခါ သူငယ်ချင်းကလည်း Steemit ကိုသိရှိပြီးသုံးလာတယ်ဆိုရင်တော့ Change သင့်တာပေါ့... မလိုအပ်ပဲ သွားသွားတော့ မChange ကြပါနဲ့ ထပ်မံသတိပေးပါတယ်.. Change တာ ပြဿရှိလို့မဟုတ်ဘူးဗျ.. အရင် Password တွေ နောက် Password ရော ရောပြွန်းသပြွန်းဖြစ်ကုန်ပြီးမှားကုန်မှာစိုးလို့ပါ..Change ချင်သပဆိုလည်း Change လို့ရအောင် အောက်မှာပြပေးပါမယ်...
Screenshot_4.png
ပုံမှာမြင်ရမယ့်အတိုင်းပဲ Account Name နေရာမှာ သူ့ဟာသူ ကိုယ့်အကောင့်ကို အော်တိုဖြည့်ပေးထားပါလိမ့်မယ်..ဖြည့်မထားလည်း ကိုယ့်User Name ထည့်ပေးလိုက်ပေါ.. အောက်က CURRENT PASSWORD နေရာမှာ လက်ရှိ Passwrod ကိုထည့်ပေးပါ.. ပြီးရင် CLICK TO GENERATE PASSWORD ကိုနှိပ်လိုက်ရင် RE-ENTER GENERATED PASSWORD အကွက်မှာ အသစ်လာပေါ်ပါလိမ့်မယ် Change တော့မှာသေချာပြီဆိုရင် RE-ENTER GENERATED PASSWORD အကွက်ထဲက စာသားတွေကို Copy ကူးပြီး သေချာစွာ Save ပါ .. သေချာပြီ Save ပြီးပြီ Change တော့မယ်ဆိုရင် I UNDERSTAND THAT STEEMIT CANNOT RECOVER LOST PASSWORDS နဲ့
I HAVE SECURELY SAVED MY GENERATED PASSWORD နေရာတွေမှာ အမှန်ခြစ်လေးထည့်ပေးပြီး အောက်ဆုံးက Update Password နှိပ်လိုက်ရင် ပြောင်းပြီးဖြစ်သွားပါလိမ့်မယ်.. ထပ်ပြောပါမယ်.. မလိုအပ်ဘဲ မပြောင်းလဲသင့်ပါဘူး.. Password ပျောက်ဆုံးသွားခဲ့လျှင် မသိတော့လျှင် မည်သည့်နည်းနှင့်မျှ Recovery လုပ်လို့ရမှာမဟုတ်ကြောင်း ထပ်မံသတိပေးလိုက်ပါရစေခင်ဗျာ..

ကဲဆက်ပြောတာပေါ့ အောက်မှာSetting ကို တစ်ခါတည်းသာဝင်လိုက်ဗျာ အောက်ကပုံအတိုင်းတွေ့ရမယ်..
Screenshot_5.png
Choose Language ကြိုက်ရာLanguage ရွေးပေါ့ ကျန်တာတွေကိုယ်မှနားမလည်တာ English မှတော်သေး English ပဲထားလိုက်..
PROFILE PICTURE URL နဲ့ COVER IMAGE URL က ကျွန်တော်တို့ အစကတည်းက ပုံတင်ထားတဲ့ Link ကိုချထားပေးတာ မှတ်မိတယ်မလား DISPLAY NAME က Profile မှာပေါ်ချင်တဲ့ Name ကိုရေး ABOUT မှာ ကတော့ ကိုယ့်နာမည်အောက်က စာလေး ကြိုက်ရာရေး ဒါပါပဲ..

နောက်ဆုံး Logout ကတော့ အကောင့်ထဲကနေ Logout ထွက်မယ်ပေါ့ဗျာ..
မသိသေးတာရှိရင်လည်း ယခင် Post များကို ကျွန်တော့ Blog မှာ ၀င်ရောက်ဖတ်ကြပါခင်ဗျာ..

ကျေးဇူးတင်ပါတယ်.. မြန်မာနိုင်ငံသားများ Steemit ဖြင့် တိုးတက်ကြီးပွားကြပါစေ..

Author : Arkar Phyo

2.1.2018
MSC-214

Sort:  

ကောင်းပါတယ်

ဟုတ်ကျေးဇူးပါခင်ဗျ

အရမ်းကောင်းပါတယ်
ခုလိုရေးပေးတာကျေးဇူးတင်ပါတယ်

ဟုတ်အကို အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Newbie ​​တွေဖတ်​သင့်​တဲ့post ပါ

ဟုတ်ပါတယ်အကို ကျွန်တော် Newbie တွေ အတွက်ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ် အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ် အကို

Congratulations @arkarphyo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Hello!! Steemitboard.. Thanks You

ကောင်းတယ်ဗျာ ဘဒိုရေ

ဟုတ်ကဲ့ အကို အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးပါ

ဟုတ်ကဲ့ Boost တာ 10SBD ပါသွားတာ ငိုချင်နာပါ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58470.49
ETH 2617.16
USDT 1.00
SBD 2.39