Operating System, Application ဆိုတာ
နည်းပညာ ပစ္စည်းစက်ပစ္စည်းတစ်ခုကို ကိုင်တွယ် အသုံးပြုနေသော မိတ်ဆွေတို့အတွက် သိသင့်မယ်ထင်တာလေးတွေကို ပြောပြချင်ပါတယ်။ နည်းပညာပစ္စည်းများတွင် Hardware နှင့် Software ဟူ၍ အပိုင်း၂ခုရှိရာမှာ Software ကို အရင်ရှင်းပြပေးပါမယ်။ ထို Software ဆိုတာကြီးကို ၂ပိုင်းထပ်ခွဲပါမယ်ဗျာ.. ဘာလဲ ဆိုတော့ Operating System Software နှင့် Application Software ဟူ၍ ၂ပိုင်းဖြစ်သည်။
ထို Software ဆိုတာကြီးကို ၂ပိုင်းထပ်ခွဲပါမယ်ဗျာ.. ဘာလဲ ဆိုတော့ Operating System Software နှင့် Application Software ဟူ၍ ၂ပိုင်းဖြစ်သည်။
Operating System Software ဆိုတာက စနစ်မှမောင်းနှင်ခြင်း ဆော့ဝဲလ်လို့ အဓိပ္ပာယ်ရပါတယ်..
ကျွန်တော်တို့ ပြင်ပလောကက စက်တပ်ယာဉ်တွေ ဥပမာ ကားလိုဟာမျိုးပေါ့ သူ့က လိုရာခရီးကိုရောက်အောင်ပို့နိုင်သွားနိုင်လာနိုင် ပေမယ့်လို သူ့ကိုမောင်းပေးမယ့်လူမရှိခဲ့ရင် ကားဟာ ရပ်ထားသော သက်မဲ့ အရာဝတ္ထုတစ်ခုအပြင်ဘာမှ မပိုပါဘူး ထူးခြားမှုလဲမရှိသလို အသုံးလဲ မ၀င်နိုင်ဘူးပေါ့.. ဒီလိုပဲ လယ်ထွန်စက် လမ်းကြိတ်စက် ထွေလာဂျီ စသည်ဖြင့် ယာဉ်တိုင်းမှာ သူ့ယာဉ်နှင့်သူ ကျွမ်းကျင်မှုရှိသည့် မောင်းနှင်သူမှ မောင်နှင်မှသာ ထိုစက်တပ်ယာဉ်များအလုပ်လုပ်မှာဖြစ်တယ်... Operate ၏ Meaning မှာ မောင်းနှင်းခြင်း၊ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်.. ဒီနေရာမှာ System ဖြစ်တဲ့အတွက် လူကမောင်းနှင်တာ မဟုတ်ဘဲ အဆင်သင့်ရေးဆွဲထားသော စနစ် ကမောင်းနှင်တာဖြစ်တယ်.. ထို့ကြောင်း Operating System Software ဟုခေါ်ခြင်းဖြစ်ပါတယ်.. Operate မောင်းနှင်သည်၊ System စနစ် ထို့ကြောင့် မောင်းနှင်ရန်ရေးဆွဲထားသော စနစ် ..
ကဲဘာတွေကိုမောင်းနှင်မှာလဲ?
သက်ဆိုင်ရာ ပစ္စည်းတွေကို မောင်းနှင်ပေးမှာပေါ့..
တီဗွီ ၊ ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း စသည်ဖြင့် သူနှင့်သက်ဆိုင်ရာတွေကို မောင်းနှင်ဖို့အတွက် သက်ဆိုင်ရာ Operating System Software တွေရှိပါတယ်..ကွန်ပျူတာ မှာဆိုရင် Microsoft Windows ဆိုတာကွန်ပျူတာနှင့်ထိတွေ့ဖူးသူတိုင်းသိပြီးဖြစ်မှာပါ..
အဲ့ဒီ Microsoft Windows ဆိုတာ Operating System ပါပဲ ..
ကွန်ပျူတာအတွက်ဆိုနောက်ထပ်အများကြီးရှိပါသေးတယ်.. Microsoft Windows, Linux , Apple ကသုံးတဲ့ Mas OS စသည်ဖြင့်ပေါ့ ဒီလို Operating System မှာမှ နောက်ထပ် Update တွေ ထပ်ထပ်ထွက်လာလို့သာ နာမည်လေးတွေပြောင်းကုန်တာပါပဲ
ဥပမာ Windows ဆိုရင် Dos, Window 95, Window 98, Window Me, Window XP SP1 SP2 SP3, Window 7, Window 8, Window 8.1, Window 10 စသည်ဖြင့် Version တစ်ခုပြီးတစ်ခု အဆင့်ဆင့်ပြောင်းလဲ မြှင့်တင်လာခဲ့တာပေါ့..
ဖုန်းမှာဆိုလည်း Window, Android, iOS စသည်ဖြင့် အများကြီးရှိသေးတယ်ဗျာ ဒါတွေ အကုန်လုံးဟာ Operating System များဖြစ်ကြတယ်.. ဒါကြောင့် သူတို့လုပ်ငန်းတာဝန်က သူနဲ့ သက်ဆိုင်ရာ နည်းပညာ စက်ပစ္စည်းများကို မောင်နှင်ပေးရတယ် ..
ကွန်ပျူတာ တစ်လုံး Hardware အားလုံး အလုံးစုံ ကောင်းမွန်ကာ Power ပွင့်နေရုံနှင့် အသုံးပြုနိုင်မှာ မဟုတ်ဘဲ ထို ကွန်ပျူတာ Hardware များအားလုံးကို ဦးစီးပြီး ကျွမ်းကျင်စွာမောင်းနှင်နိုင်မယ့် Window Operating System ကြီးလိုအပ်တာပေါ့ .. ကွန်ပျူတာ အသုံးပြုသူတိုင်း ကွန်ပျူတာ တစ်လုံးကို စတင်ဖွင့်လိုက်ပြီဆိုတာနှင့် Window ဟူသော Logo ဖြင့် တက်လာသည်ကိုမြင်တွေ့ဖူးကြမှာပါ.. ဒါဟာ အဲ့ ကွန်ပျူတာကို စတင်မောင်းနှင်လိုက်တဲ့ Software ကြီးဖြစ်ပါတယ်... ထိုသို့ ချိုးယွင်းချက် မရှိကောင်းမွန်စွာ မောင်းနှင် လိုက်နိုင်မှသာလျှင် ကျွန်တော်တို့ လည်း ကောင်းမွန်စွာ အနှောက်အယှက်ကင်းကင်း အသုံပြုနိုင်မှာဖြစ်တာပေါ့ဗျာ..
Application Software ဆိုတာ အသုံးချ ဆော့ဝဲလ် တွေကိုပြောတာပါ..
အသုံးချတယ်ဆိုတာ ကိုယ်က သူတို့ကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ပြီးမြောက်အောင် လုပ်ငန်းလုပ်ဆောင်တာဖြစ်ပါတယ်..
ဥပမာ ကိုယ်က သီချင်းဖွင့်ချင်တာ Music လို သီချင်းဖွင့်ပေးနိုင်မယ့် Software မရှိဘဲနဲ့ Picture လိုပုံပဲကြည့်တဲ့ Software နဲ့ ဖွင့်နိုင်မှာမဟုတ်သလို စာရိုက်ချင်ရင်လည်း စာရိုက်တဲ့ Word တို့လို Notepad တို့လို Application တစ်ခုခု မရှိဘဲ Music Application ကြီးနဲ့ စာရိုက်နိုင်မှာ မဟုတ်တာတော့ အသေအချာပါပဲ... ဒါကြောင့် Applies လုပ်တယ်ဆိုတာ အသုံးချတယ်ဆိုရာကနေ Application Software ဖြစ်လာတာပါ..သူ့နေရာနဲ့ လိုအပ်သလို သူအသုံးချရတာပေါ့.. နားလည်လားတော့မသိဘူး ... ဥပမာ ပြင်ပလောက နဲ့ ပြောရရင် တူတစ်ချောင်းကိုင်ပြီး ထမင်းခပ်စားလို့မရသလိုပေါ့.. ထမင်းကိုဇွန်းနဲ့သာစားရမှာ တူက သံရိုက်မှ သုံးရမှာလေ.. အဲ့ဒီတော့ Software တွေမှာလည်းသူ့နေရာနဲ့ သူ အသုံးဝင်သလို အသုံးချရတာပါ.. အဓိကက အသုံးချရတဲ့ အတွက်ကြောင့် အသုံးချခံ Software မှန်သမျှကို Application Software လို့ခေါ်ပါတယ်...
Author : Arkar Phyo
@arkarphyo
11.2.2018 (Sunday)
MSC-214

good
ဟုတ်
You got a 0.97% upvote from @postpromoter courtesy of @arkarphyo!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
good