မြန်မာစတီးမစ်ကွန်မြူနတီ၏ အလှူ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့တော့ အခြားစာတွေမရေးတော့ပါ... ရေးချိန်လည်းမရတော့ပါ... ဒါကြောင့် MSC အဖွဲ့သားများအားလုံး ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုစေနိုင်ကြရန်အတွက် ဒီနေ့(9-3-2018) မှာ ပြုလုပ်ခဲ့တဲ့ မြန်မာစတီးမစ်ကွန်မြူနတီရဲ့ အလှူမှ ဓာတ်ပုံလေးများသာ တင်ပေးလိုက်ပါတယ်... လှူဒါန်းမှု ပြုလုပ်တဲ့နေရာကတော့ မန္တလေးမြို့၊ စိတ်ကျန်းမာရေးဆေးရုံမှ လူနာများအား ဒံပေါက် အချိုရည်တို့အား ကျွေးမွေးလှူဒါန်းခြင်းပဲဖြစ်ပါတယ်... အပြည့်အစုံကိုတော့ အခြားသောသူများတင်ကြပါလိမ့်မယ်... ဓာတ်ပုံအနည်းငယ်သာတင်ပေးလိုက်ပါတယ်... MSC အတွက် ခြေလှမ်းအသစ်များကို စတင်နိုင်နေပြီဖြစ်ပါတယ်... အားတင်းကြိုးစားထားကြပါလို့လည်းတိုက်တွန်းချင်ပါတယ်... အဖွဲ့ကြီးရေရှည်တည်တံ့နိုင်ရေးနဲ့ အဖွဲ့သားများအကျိုးအတွက် ဆက်လက်ကြိုးစားနေကြပါတယ်ဆိုတဲ့အကြောင်းလည်း အသိပေးလိုပါတယ်ဗျာ....
MSC အား နိုင်ငံတော်ရဲ့အသိအမှတ်ပြု တရားဝင်အဖွဲ့အစည်းဖြစ်စေရန်လည်း ကြိုးပမ်းလျက်ရှိပါတယ်... အခုနှစ်အတွင်းမှာပင်လျင် ရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးစားလျက်ရှိပါတယ်... ဒီတော့ MSC အဖွဲ့သားများအနေဖြင့် မိမိတို့၏ MSC အဖွဲ့ဝင်ဖြစ်ရသည်ကို ဂုဏ်ယူကြစေချင်သလို မိမိတို့၏ MSC နံပါတ်လေးများအားလည်း နာမည်ပျက်စာရင်းဝင် ထုတ်ပယ်စာရင်းဝင်များ မဖြစ်ကြစေရန်အတွက် စည်းကမ်းလေးများအား လိုက်နာပေးခြင်းဖြင့် စောင့်ရှောက်ထိန်းသိမ်းကြစေလိုပါတယ်... နိုင်ငံတော်၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်ပြီးပါက အဖွဲ့သားများအတွက် ကောင်းကျိုးများ ပိုမိုတိုးတက်လာနိုင်မည်ဟုလည်း ယုံကြည်မိပါတယ်...
နောက်နောင်လည်း ဒီထက်မက ဆက်လက်လှူဒါန်းကြပါအုံးမယ်... အဖွဲ့သားများအားလုံး၏ သာရေး နာရေးများအတွက်လည်း တတ်နိုင်သမျှ အဖွဲ့မှ ထောက်ပံ့ပေးသွားနိုင်ရန် ကြိုးပမ်းနေကြပါတယ်... ၀ိုင်းဝန်းကြိုးပမ်းနိုင်ကြပါစေ... စည်းမျဉ်း စည်းကမ်းများအား လိုက်နာခြင်းဖြင့် အဖွဲ့တိုးတက်စေရန် နဲ့ မိမိတို့ ၀င်ငွေများတိုးတက်စေရန် ကြိုးပမ်းနိုင်ပါစေ...
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-Mar-2018 သောကြာနေ့(Friday)
သာဓုသာဓုသာဓု ဝမ်းသာလွန်လို့ မျက်ရည်များတောင်လည်ရှာတယ် တကယ်ပါဗျာ ကိုယ့်အတွက်ရော
အများအတွက်ပါ အကျိုးရှိစေတယ် msc
ယခုကောင်းမှုသည်လည်း အဖွဲ့သားအားလုံး၏ လုပ်အားများပါဝင်ပါတယ် ၀မ်းမြောက် ၀မ်းသာဖြစ်ပါဗျာ
သာဓု သာဓု သာဓု နောင်လည်းဒီထက်မကလှူဒါန်းနိုင်ပါစေ။ Steemit အဖွဲ့ကြီးလည်း အမြန်ဆုံး တရားဝင်ဖြစ်လာပြီး အခွင့်အရေးများ ဒီထက်မက ပွင့်လန်းလာပါစေ😁
အဖွဲ့သားအားလုံးအတွက်ပါ အဖွဲ့သားအားလုံးကြိုးစားကြပါလို့တိုက်တွန်းချင်ပါတယ်ဗျာ
ကွန့်မန့်ပြန်မရေးတက်ဘူး reply နဲ့အတူတူဘဲလား ဦးဇင်းဟိုနေ့က ဖုန်းဝယ်ရင်းမေးခဲ့တဲ့ဦးဇင်းပါ ဂရုထဲထည့်ထားပေးပါဦး စာတွေဆက်ရေးမှာပါ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
MSC ရဲ့ ရှေ့ဆက်ရမည့် ခရီးလမ်းတွင် ယခုကဲ့သို့ ပရဟိတ ဆောင်ရွက်ခြင်းများနှင့် စဥင်္ဆက်မပြတ် ရှိနေမည်ဖြစ်သလို MSC သည်လည်း ချမှတ်ထားသော လုပ်ငန်းစဉ် PLAN များဖြင့် တရှိန်ထိုး အရှိန်ယူတိုးတက်လျှက်။
စည်းကမ်းလေးတွေလိုက်နာပီး MSCMember အဖြစ်ဆက်လက်ရပ်တည်နေသင့်ပါတယ်ကွှီးရွှေရေ
သာဓုပါဗျာ
နောင်လည်းဒီထက်ပိုပီးလှူနိုင်ပါစေ
ဒီထက်လည်းအောင်မြင်ပါစေ
လှူနေကြမှာပါ အမှန်တကယ်လိုအပ်တဲ့နေရာတွေကို ရှာဖွေနေပါတယ်
လေးစားလျှက်ပါ MSC
ကျေးဇူးပါ
ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းသာရပါတယ်..။သာဓု သာဓု သာဓု။
ကောင်းပါလေ့ဗျာ အမျှယူနိုင်ကြပါစေ
နောင်များမှာပါဝင်ဆင်နွဲနိုင်အောင်ကြိုးစားလုပ်ဆောင်သွားပမယ်ဗျာ
အခုလည်းအဖွဲ့သားအားလုံးပါပါတယ်ဗျာ
Be Success MSC!
Try together.
This post has received gratitude of 3.60% from @appreciator courtesy of @ansoe!
အားလံုးကိုယ္စားဂုဏ္ယူမိတယ္ခမ်…
နောက်လည်း ဂုဏ်ယူနိုင်မှာပါဆာရှိန်း